
ခင်မင်လေးစားရပါသော ဆရာ/ဆရာမ များနှင့် သူငယ်ချင်းများ
ပြီးခဲ့တဲ့ November လအတွက် Balance Sheet ဖြစ်ပါတယ်။ ဖွင့်ကြည့်စေချင်ပါတယ်။ အမှားအယွင်း ရှိပါက ပြန်လည်ပြောကြားပေးစေ ချင်ပါတယ်။
(November balance sheet download)
ဟိုးအရင်Octoberလမှာကျွန်တော်တို့Meetingမလုပ်ဖြစ်ခဲ့ပါဘူး။ Gathering လုပ်တဲ့နေ့မှာပဲ အဲဒီ October လအတွက် ကျောင်းအုပ်ဆရာကြီးများကို ကန်တော့ခံရွေးချယ်ပြီး ပေးပို့ကန်တော့ပြီးပါပြီ။ ဆရာကြီးဦးဝင်းမော်ထွန်းထံမှ စာကိုလည်းအားလုံးကို ကျွန်တော် Forward လုပ်ထားပါတယ်။
October မှာMeeting မရှိတဲ့အတွက် အဲဒီလအတွက် ပုံမှန်အတိုင်း ကောက်ခံရရှိငွေ စာရင်းပေါင်းကို မဖော်ပြဖြစ်ပါဘူး။ ဒီလမှ ပေါင်းပြီး ရှင်းထားတာလေးကို နားလည်ပေးစေချင်ပါတယ်။ အဲဒါကြောင့်လည်း ကိုယ်ကိုယ်တိုင် ပဲဖြစ်ဖြစ် တစ်ဆင့်ခံ နဲ့ဖြစ်ဖြစ် ထည့်သွင်းလှူဒါန်း ထားတဲ့ Amount ကို စစ်ကြည့်ပေးစေချင်ပါတယ်။
နောက်ပြီး November 15 ရက်နေ့ မဇာဇာထွန်း အိမ်မှာပြုလုပ်ခဲ့တဲ့ လစဉ်တွေ့ဆုံနေကြ အစည်းအဝေးမှာ အားလုံးရဲ့ သဘောတူညီချက်နဲ့ ရန်ကုန်အဖွဲ့ ရဲ့နှစ်စဉ် December မှာပြုလုပ်နေ တဲ့ MON-GTI အာစရိယ ပူဇော်ပွဲအတွက် ကျွန်တော်တို့အဖွဲ့မှ မနှစ်ကလိုပဲ မြန်မာငွေကျပ် 2 သိန်း ကို 22 Nov 2009 မှာ ရန်ကုန်မှာ ရှိတဲ့ မကေသီထွန်း ထံသို့ လွှဲထားပါတယ်၊ မကေသီထွန်း မှတစ်ဆင့် ပေးပို့လှူဒါန်းသွားမှာပါ။
အဲဒီငွေလွှဲနဲ့ အတူ November လအတွက် ကန်တော့ခံ ဆရာ/ဆရာမ များ ဖြစ်တဲ့
1. ဒေါ်မာမာစိန် ( Civil )
2. ဒေါ်သင်းသင်းအေး ( Acd )
3. ဦးကျော်တင့်ဆန်း ( EP )
4. ဦးစောဖောအောင် ( MP )
5. ဦးအောင်ခင် ( MT ) တို့ထံသို့လဲ ကန်တော့ငွေ 1သိန်း စီကို ဆရာမ ဒေါ်ဥမ္မာသူ မှတစ်ဆင့် ပေးပို့သွားမှာပါ။ ဒီလအတွက် အားလုံးစုစုပေါင်း ( S$ 987.2= ငွေကျပ် 7 သိန်း တိတိပါ )
6.ဒေါ်အေးအေးမော် ( EC ) ကိုတော့ ဒီလစာရင်းထဲပါပေမယ့် အဆက်သွယ်မရသေးလို့ ပေးပို့ ကန်တော့ခွင့် မရသေးပါဘူး။
နောက်တစ်ခု အနေနဲ့ ကျွန်တော့်ဆီမှာ ရှိနေတဲ့၊ အသစ်ရတိုင်း Update လုပ်နေတဲ့ သူငယ်ချင်းများ၊ ဆရာ/ဆရာမ များရဲ့ email address list ထဲမှာ အချို့လိပ်စာတွေ မှားနေပါတယ်။ ပို့လိုက်တိုင်း ကျွန်တော့်ဆီ Bounce back လုပ်လာပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် နီးစပ်ရာ ကျွန်တော်တို့သူငယ်ချင်းများ၊ ဆရာ/ဆရာမ များရဲ့ email address လေးတွေကို Update ထပ်လုပ်ပေးကြပါလားဗျာ။ ကျွန်တော် အောက်မှာ Attached လုပ်ထားတဲ့ Excel sheet ထဲမှာ ၀င်ပြင်ပေးပြီး ပြန်ပို့ပေးစေချင်ပါတယ်။ သူငယ်ချင်းတွေများများ တိုးလာလေလေ အလှူငွေပိုရလေလေပါ။ အဲဒီလိုပဲ ဆရာ/ဆရာမတွေတိုးလာလေလေ ဆရာ/ဆရာမတွေ ရဲ့ ပီတိတွေနဲ့ မေတ္တာ တွေဟာ ကျွန်တော်တို့အတွက် ပိုအားဖြစ်စေပါတယ်။
ကျွန်တော်တို့ အခုလုပ်နေတာ အောင်မြင်နေပါပြီလို့ ပြောလို့ရပါတယ်။ ဘယ်အလုပ်မဆို ဖြစ်အောင်လုပ်ရတာလွယ်ပါတယ်။ ဖြစ်အောင်လုပ်ရတာထက်၊ ဖြစ်နေတာကို ရေရှေတည်တန့်အောင်လုပ်ရတာ ခက်ခဲပါတယ်။
အစပျိုးခဲ့တဲ့ ကိုစောအောင်ထွန်းဦး၊ မအေးနန္ဒာဝင်းမောင်၊ ကိုကျော်လွင်ဝင်း၊ မအိအိခိုင်၊ ကိုမင်းသူ၊ မဝေေ၀နွယ်၊ ကိုအောင်ခိုင်လင်း၊ မကြေးမုံဝင်း၊ မနွယ်ဇင်နှင်း၊ ကိုဝင်းသန့်၊ ကိုနိုင်ဝင်း၊ မပပရွှေ၊ ကိုစောမောင်မောင်ချို၊ မခင်ထိပ်တင်၊ မဇာဇာထွန်း၊ ကိုကျော်ကျော်အောင်၊ ကိုသန်းကျော်ဦး၊ မစုမာဝင်း၊ ကိုဝင်းကိုကို၊ မရည်မွန်သောင်း၊ တို့အပြင် နောက်ပိုင်းမှာ ၀င်ရောက်ပူးပေါင်း ကူညီလာတဲ့ နောင်တော်ကြီးများဖြစ်တဲ့ ကိုအေးမင်းစိုး၊ ကိုလမင်း၊ ကိုဝင်းကျော်မိုး တို့နဲ့ ကျန်သော သူငယ်ချင်းများအားလုံး စိတ်တူကိုယ်တူ ကြိုးစားကြလို့ပါ။
ဆရာ/ဆရာမ တွေရဲ့ Feeling ကိုတော့ ကျွန်တော်မပြောပြတက်ပါဘူး။ ကျွန်တော်တို့ကျောင်းသား/သူ တွေဘက်ကတော့ ပီတိတွေနဲ့ အပျော်တွေ အများကြီးပါ။ ဘယ်သူလဲမသိတော့ဘူး ကိုကျော်လွင်ဝင်းလား ကိုမင်းသူ လားမသိဘူး ပြောဖူးတယ်။ အရင်တုန်းက ဖားအောက် GTI မှာ ဆရာလုပ်ခဲ့မိကောင်းသားတဲ့။
အားလုံးရဲ့ တူညီသောစိတ်ဓာတ် ကောင်းမြတ်သောစိတ်ထားတွေနဲ့ မြဲမြံစွာ လက်တွဲနေကြသော MON-GTI သူငယ်ချင်းများအားလုံးကို အားလုံးရဲ့ ကိုယ်စားကျေးဇူးတင်ပါတယ် လို့ပြောပါရစေ။
လေးစားစွာဖြင့်
သောင်းဆွေဝင်း ( 95 MP )
No comments:
Post a Comment