
ငါတို့ တောက်ပတော့မယ့် မနက်ဖြန်တွေအတွက်
မင်းရင်ခုန်နေလား။
အိမ်မက်တွေ အစီအရီ စိုက်ပျိုးခွင့်
ငါတို့  ရခဲ့ရင်…. ပေါ့။
မင်းငိုကြွေးခဲ့တဲ့ နေ့ ရက်တွေ
စွန့် ပစ်ထား လိုက်တော့။
သမိုင်းအသစ်ကို ငါတို့  တူးဖော်ကြမယ်။
ဒီကမ္ဘာပေါ်မှာ ရှိသမျှသီချင်းတွေ ငါတို့  ရွတ်ဆိုကြမယ်။
ဒီနေ့ တည့်တည့်ကို ငါတို့  မျက်နှာမူပြီး ရှေ့ဆက်သွားမယ်။
မကြောက်နဲ့ 
မင်းအနောက်မှာ ဘယ်သူမှ မရှိတော့ ရင်တောင်
လုံးဝ မကြောက်နဲ့ 
ဒါဟာ လောကရဲ့  လှည့်ဖျားခြင်း
သောကရဲ့  ရလဒ်တစ်ခု ဖြစ်တယ်။
ကဝေဆန်တဲ့ စိတ်ရဲ့ သားကောင် အဖြစ်မခံနဲ့ ။
မင်းဟာ အနာဂတ်ရဲ့  အလင်း
ငါတို့ ခင်းကျင်းချင်သော နတ်မင်း ဖြစ်တယ်။
ဒီစိတ်နဲ့  ငါတို့ နံနက်ခင်းကို ဖြတ်ကျော်ကြမယ်။
ဘဝရဲ့  ကိုယ်ပွား ထုဆစ်ဖို့  ငါတို့  မအားခင်
အလင်းရောင်တစ်ခု ဖန်ဆင်းကြစို့ ။
မင်းဟာ ငါတို့ ရဲ့  ဆောင်းဦးနံနက်ခင်း ဖြစ်တယ်။
ငါတို့  စိုက်ပျိုးချင်သော
မျှော်လင့်ခြင်း သစ်တစ်ပင်လည်း ဖြစ်တယ်။
တိမ်တွေ နီဆွေးသောတစ်နေ့  မှာ
ငါတို့  ပြန်လည်ဆုံတွေ့ ကြစို့ ….
ညီလေးရေ….
ကောင်းတယ်ဗျာ....
ReplyDeleteမျှော်လင့်ခြင်းသစ်ပင်အတွက်
ဘ၀ ဆိုတဲ့ မြေသြဇာနဲ့ စိုက်ပျိုးကြရအောင်..