Wednesday, 10 March 2010

စင်္ကာပူရောက် Mon GTI/GTC/GTU ကျောင်းသူကျောင်းသားများအဖွဲ့နှစ်ပတ်လည်အစည်းအဝေးဖိတ်ကြားခြင်း

စင်္ကာပူရောက် Mon GTI/GTC/GTU ကျောင်းသူကျောင်းသားများခင်ဗျား....

ယခုနှစ်တွင် ကျရောက်မည်ဖြစ်သော စင်္ကာပူရောက် Mon GTI/GTC/GTU ကျောင်းသူကျောင်းသားများအဖွဲ့  နှစ်နှစ်ပြည့် နှစ်ပတ်လည် အစည်းအဝေးကို အောက်ပါ အစီအစဉ်အတိုင်း ပြုလုပ်မည်ဖြစ်ပါ၍ အားလုံးမပျက်မကွက် တက်ရောက်ပေးကြပါရန် ခင်မင်ရင်းနှီးစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

နေ့ ရက်။  ။ ၁၃-၃-၂၀၁၀ (စနေနေ့ )
အချိန်  ။   ။ ညနေ ၇း၀၀
နေရာ  ။   ။  BLK-409, #10-327, Choa Chu Kan Ave 3, 680409
(ဓါတ်လှေကား B မှ တက်ရောက်ပါရန်)

အစီစဉ်အကျဉ်းချုပ်

(၁) ငွေစာရင်းရှင်းတမ်း (၂၀၀၉-၂၀၁၀) တင်ပြခြင်း
(၂) လစဉ်လိုက် လှုဒါန်းခဲ့သော ဆရာဆရာမများစာရင်းနှင့်လှုဒါန်းငွေတင်ပြခြင်း
(၃) လာမည့်နှစ်အတွက် ကြိုတင်ညှိုနှိုင်းဆွေးနွေးတင်ပြမှုများ
- ဆရာဆရာမများစာရင်း
- တစ်နှစ်တာ လှုပ်ရှားမှုများ
(၄) တက်ရောက်လာသောအဖွဲ့ ဝင်များထံမှ ဆွေးနွေးတင်ပြမှုများ
(၅) ညနေစာစားသောက်ခြင်း (အလှုရှင် ကိုထွေးစိုးဟန်နှင့် မဇာဇာထွန်းမှ တာဝန်ယူထားပါသည်။)

သို့ ပါ၍ သူငယ်ချင်း၊ ညီအစ်ကိုမောင်နှမများအားလုံး မိမိတို့ ၏ စိတ်ကူးများ၊ အကြံဥာဏ်များ ကိုယ်စီယူဆောင်လာကြကာ ပျော်ပျော်ပါးပါး တက်ရောက်ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လေးစားစွာဖြင့်.....

(အဖွဲ့ ကိုယ်စား)

--
Min Thu

Electrical Power (1999)

ရက်စွဲ။ ။ ၉-၃-၂၀၁၀
စာကြွင်း။  ။ မိတ္တူကို မိမိတို့ လက်လှမ်းမှီသမျှ သူငယ်ချင်းများအားလုံးထံဖြန့် ဝေပေးပါရန်။

No comments:

Post a Comment