Monday, 1 February 2010

ဇန်နဝါရီလငွေစာရင်းရှင်းတမ်း

ခင်မင်လေးစားရပါသော ဆရာ/ဆရာမများနှင့် သူငယ်ချင်းများ



ပထမဆုံးအနေနဲ့ အားလုံးကို ကျွန်တော်တောင်းပန်ချင်တာ တစ်ခုရှိပါတယ်။ ကျွန်တော် ရှင်းပြပါ့မယ်။ ကျွန်တော်တို့ အခုလိုမျိုး လစဉ်လစဉ် ဆရာ/ဆရာမ တွေကို ထောက်ပံ့ကန်တော့ နေတာ ကျွန်တော်တို့ လက်ရှိ ပါဝင်လုပ်ကိုင်နေတဲ့ လူတစ်စု တည်းမဟုတ်ပါဘူး။ အားလုံး အားလုံးသော MON-GTI ကျောင်းသားများ ပေါင်းစုပြီး တစ်ယောက်တစ်အား S$ 10,20,25,30 စသည်ဖြင့် ပူးပေါင်းထည့်ဝင် လှူဒါန်းပေးနေလို့ ဒီလို လုပ်လို့ ကိုင်လို့ လှူဒါန်းလို့ ဖြစ်နေတာပါ။


ဒါပေမယ့် ခုနတုန်းကပြောခဲ့တဲ့ လူတစ်စု ကတော့ ရှားပါလှတဲ့ Singapore Life ရဲ့ Personal အချိန်တွေကို တက်နိုင်သလောက် ထုတ်ပြီးသုံးပေး နေကြတာပါ။ အဲဒီလိုမျိုး အချိန် ရှားပါးလှတဲ့အတွက် လစဉ်လုပ်နေကြ Meeting တွေ၊ ကန်တော့်ခံ ဆရာ ဆရာမရွေးချယ်တာတွေ၊ ငွေလွှဲ တာတွေ အားလုံးကို အစဉ်ပြေသလို အဆင်သင့် သလို လုပ်ကြရပါတယ်။ ဘယ်နေ့ ဘယ်ရက်မှာ ဘာလုပ်ကြမယ်ဆိုပြီး Schedule တွေဆွဲထားပေမယ့် Follow လုပ်နိုင်တာ နည်းပါတယ်။ တစ်ယောက်မအားရင် နောက်တစ်ယောက်က ၀င်လုပ်သွား တာမျိုးပါ။



အဲဒီ ထဲကမှ ငွေစာရင်းတာဝန်ခံဖြစ်တဲ့  မဝေေ၀နွယ် ကပိုတာဝန်ကြီးပါတယ်။ သူ့မှာ  စာရင်းဇယား အမှားမရှိရအောင် အပျောက်အရှမရှိအောင် လုပ်ရတာ တော်တော်လေး အလုပ်များပါတယ်။ ဘယ်သူ့ ဆီကနေ- ဘယ်လအတွက်- ဘယ်လောက်လွှဲလိုက်တယ်၊ တစ်ယောက်ချင်းစီ စာရင်းသွင်းရ စာရင်းချုပ်ရပါတယ်။ MON-GTI bank account သီးသန့်ရှိထားပေမယ့် အကြောင်းကြောင်းကြောင့် နီးစပ်ရာ သူငယ်ချင်းတွေ ဆီကနေတစ်ဆင့် ၀င်လာတဲ့ အလှူငွေ တွေလဲရှိပါတယ်။ အဲလိုနဲ့  စာရင်းရောက်လာပြီး ငွေမရောက်ပဲ ပျောက်သွားတဲ့ ငွေ Amount အချို့ အတွက်လဲ ရှင်းရဖူးတာတွေ ရှိခဲ့ပါတယ်။ ဖြစ်တတ်ပါတယ်။

အဲတာကြောင့် သူငယ်ချင်းတို့အနေ နဲ့ ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော့် ရဲ့

  • POSB SAVING ( 401-34820-4 ) ~~~~~သောင်းဆွေဝင်း PH 93382887

  • MON-GTI  ရဲ့ POSB SAVING ( 171-53138-1 )~~~~~~ဝေေ၀နွယ် PH 90227357


တို့ဆီကို လွှဲပြီးတာနဲ့ အမည်-Major-Amount ကိုလှမ်းပြီး Message လုပ်ပေးစေချင်ပါတယ်။

ဖြစ်သင့်တာကတော့ MON-GTI account ဆီကိုပါ။ ဒါပေမယ့် မဝေေ၀နွယ် စိတ်ပျက်ပြီး ထွက်ပြေးသွားမှာစိုးလို့ ကျွန်တော့် Acct ပါထည့်ထားတာပါ။ ငွေပျောက် ဖူးတဲ့ သူငယ်ချင်းတွေအတွက်ပါ။ ကျန်တဲ့ သူငယ်ချင်းတွေ ကတော့ လွှဲနေကြ ပုံမှန်လူကနေပဲ လှူပေးကြပါ။ ကျွန်တော် Balance Sheet ကို Attached လုပ်ထားပါတယ်။

(ဒီနေရာမှာ download လုပ်နိုင်ပါတယ်။)

ကိုယ့်လှူငွေကိုယ် စစ်ပေးကြပါ၊မှားနေရင် ကျွန်တော့်ဆီကို ဒါမှမဟုတ် ကျန်တဲ့ ကိုယ်ငွေလှူထားတဲ့ ငွေကောက်ပေးတဲ့ တာဝန်ခံတွေကို အသိပေးပါ။ ပြီးတော့မှ ကျွန်တော်တို့ အမှန်ရှာပြင်နိုင်မှာပါ။ ကျွန်တော်တောင်းပန်ချင်တာ အဲဒါပါ။ လှူလည်းလှူ ရသေးတယ် အလုပ်ရှုပ်လိုက်တာ လို့မတွေးမိစေချင်ပါဘူး။

ကျွန်တော်တို့လုပ်နေကြတာ ကိုယ်ရေးကိုယ်တာအကျိုးအတွက် တစ်ခုမှ မပါ ပါဘူး။နိုင်သလောက်လေး ကုသိုလ်လုပ်နေကြတာပါ။ မှားတာတွေရှိကောင်း ရှိပါမယ်။ စေတနာ အမှားပါ။ ခွင့်လွှတ် ပေးကြပါ။ ကျွန်တော်တို့မှာ အဖွဲ့ Meeting လုပ်တိုင်း ဆရာ ဆရာမတွေ ငွေလှူတဲ့ ခေါင်းစဉ် အောက်မှာကိုဘဲ ငြင်းကြ ခုန်ကြ စကားများကြ ရန်ဖြစ်ကြ နဲ့ ဖြစ်ကြပါတယ်။ နောက်ဆုံး ဒီလ ငွေလွှဲပြီးသွား ပြီဆိုမှ ဆရာ ဆရာမတွေဆီ ပြန်စာ လေးတွေရပြီးမှ အမောပြေပြီး နောက်တစ်လအတွက် ငြင်းကြ ခုန်ကြ စကားများကြ ရန်ဖြစ်ကြ နဲ့  ဆက်လုပ်ကြရပြန်ပါတယ်။ နားလည်ပေးကြပါဗျာ။

နောက်ဆုံး အနေနဲ့ အခု January လအတွက် အောက်ပါ ဆရာ ဆရာမ များကို (မော်လမြိုင်မှာရှိတဲ့ ဆရာမ ဒေါ်ဥမ္မာသူ ထံမှတစ်ဆင့် တစ်ဦးကို တစ်သိန်းစီ ပေးပို့လှူဒါန်းဖြစ်ပါတယ်။)

၁။ ဒေါ်ကျင်လွမ် ( Acd )
၂။ဦးကျော်ဝင်းသိန်း( Acd )
၃။ဒေါ်ဥမ္မာသူ ( Civil )
၎။ဒေါ်လွင်လွင်ဟန် ( EP )
၅။ဦးရည်ဟိန် ( MP )
၆။ဒေါ်ထွေးသန်း ( MP )
၇။ဦးစောအုန်းအုန်း ( MT )တို့ဖြစ်ပါတယ်။

လေးစားစွာဖြင့်
သောင်းဆွေဝင်း (95 MP)


2 comments:

  1. တကယ်အားရတယ်၊ အားကျတယ်၊ ကိုယ်မလုပ်နိုင်တာကိုလုပ်နေတာ ကျောင်းသားဟောင်းတစ်ယောက်အနေနဲ့ မကူညီနိုင်တော့ အားငယ်တယ်လေ ဂုဏ်ယူပါတယ်

    ReplyDelete
  2. (မကူညီနိုင်တော့ အားငယ်တယ်)---လို့ဆိုပြီး မပြောပါနဲ့ဗျာ
    (တကယ်အားရတယ်၊ အားကျတယ်)----လို့ပြောတာကိုက
    ကျွန်တော်တို့ အဖွဲ့ အတွက် အင်အားတစ်ခု တိုးလာစေပါတယ်။
    အဲဒါတစ်ဖက်တစ်လမ်းက ကူညီပေးတာပဲပေါ့။

    ReplyDelete