Saturday, 15 May 2010

ကျွန်တော်နှင့် ထွေရာလေးပါး

သူငယ်ချင်းများအားလုံးပဲ မင်္ဂလာပါ။

ကျွန်တော်တို့ တတွေစာမရေးဖြစ်တာ တော်တော်တောင်ကြာသွားပါပြီ။ ဘာဖြစ်နေလို့ ၊ မအားလို့ ဘာလို့ ၊ ဘာညာကွိကွနဲ့  အပိုတွေလည်း မပြောချင်တော့ပါဘူး။ အဓိကကတော့ ကိုယ်ကိုတိုင်စာရေးချင်စိတ် ပျောက်နေလို့ ။ ပြီးတော့ အရင်တုန်းက ဝိုင်းဝန်းရေးသားပေးကြတဲ့ သူတွေလည်း လက်တွေတွန့် ကုန်လို့ ပါပဲ။



အင်းစင်္ကာပူလူနေမှုစရိုက်နဲ့ နေ့ တဓူဝ ဖြတ်သန်းမှုတွေကလည်း လူတွေကို အနုပညာဖန်တီးချင်စိတ်တွေ၊ ခံစားချင်စိတ်တွေ၊ လေ့လာလိုစိတ်တွေ လျော့နည်းလာအောင် လုပ်နေသလားအောက်မေ့ရတယ်။ အားလပ်ချိန်တွေကို စိတ်အပန်းပြေဖို့ ပဲ အားစိုက်နေနေရတော့ ကျွန်တော်တို့ တွေမှာ အချိန်ပေးလုပ်ရမယ့် ကိစ္စတွေကို မလုပ်ဖြစ်ကြတော့တာ တကယ်တော့ မဆန်းတော့ပါဘူး။

ဒါပေမယ့် အိုအေစစ်လို့ ပဲပြောပြော၊ ခင်ရာဆွေမျိုးတွေလို့ ပဲဆိုဆို၊ ဒီစင်္ကာပူရောက် ဂျီတီအိုင်ကျောင်းသူကျောင်းသားဟောင်းများအဖွဲ့ လို့  ဖြစ်တည်လာကတည်းက စိတ်ပိုင်းဆိုင်ရာ ဖြည့်ဆည်းနိုင်မှုတစ်စုံတစ်ရာ ရရှိခဲ့ကြပါတယ်။ ဒါတွေက ပုံမှန်ပြုလုပ်နေကြ ဆရာကန်တော့ပွဲ အစည်းဝေးပွဲတွေ၊ ပြီးတော့ ကထိန်အလှု၊ သင်္ကြန်အလှု၊ Gathering အစရှိတဲ့ လှုရှားမှုတွေနဲ့  စုစည်းမှုကို ပိုမိုခိုင်မာလာစေတဲ့အပြင် တစ်ဦးနှင့်တစ်ဦး ပိုမိုနွေးထွေးရင်းနှီးစွာ ဆက်ဆံလာဖြစ်ကြပါတယ်။ ဒါကိုတော့ အားလုံကတစ်ညီတစ်ညွတ်တည်း လက်ခံကြလိမ့်မယ်လို့                မျှော်လင့်ပါတယ်။ ဒါနဲ့ စကားဦးသန်းတာတောင် တော်တော်ရှည်သွားပြီ။ တကယ်တော့ အခု ကျွန်တော်အဓိက ပြောချင်တဲ့ အချက်က သုံးချက်ရှိပါတယ်။

ပထမဦးဆုံးကတော့ လာမယ့် စနေနေ့ (၁၅-၅-၂၀၁၀) ညနေ ၆:00 မှာ မနန္ဒာရဲ့  အိမ်ဖြစ်တဲ့ Blk 409, 10#327 , Choa Chu Kang Ave 3 မှာ မေလအတွက် ဆရာကန်တော့ပွဲ ညှိုနှိုင်းအစည်းအဝေးပွဲကို ပြုလုပ်မှာဖြစ်ကြောင်း အသိပေးလိုခြင်းဖြစ်ပါတယ်။ ဖုန်း sms နဲ့ လည်း ဖိတ်ထားပြီးပါပြီ။ ကျန်ခဲ့သောသူများအတွက် အခုလိုအသိပေးခြင်းဖြစ်ပါတယ်။

ဒုတိယအချက်ကတော့ ပြီးခဲ့တဲ့လအတွက် အလှုငွေကို ကိုယ်တိုင်ပြန်ပြီးပေးလှုပေးခဲ့သော ကျွန်တော်တို့ ရဲ့ ဇတ်လိုက်ကျော် ကင်မရာမင်း ကိုကျော်လွင်ဝင်းက ဓါတ်ပုံတွေနဲ့  ဆရာဆရာမတွေဆီမှစာတွေကို ကျွန်တော့ကိုလွှဲပေးပါတယ်။ ဒီပုံတွေကို website ရဲ့ Album ထဲမှာတော့တင်ပြီးပါပြီ။ ဒါပေမယ့် သူငယ်ချင်းတွေမအားလို့ မကြည့်နိုင်မှာစိုးပြီး တစ်ချို့ ပုံတွေကတော့ တွဲပေးလိုက်ပါတယ်။


(ဆရာ ဦးဂျွန်)



(ဆရာမ ဒေါ်အုန်းပိုင် မိသားစုနှင့် အတူ)


(ကင်မရာမင်းကတော့ သူ့ ကင်မရာအကောင်းစားနဲ့ ရိုက်ပြီး ကျွန်တော့်ကွန်ပျူတာထည့် ရော့အင့်ဆို drive နဲ့ ထည့်ပေးလိုက်တာပဲ။ ဓါတ်ပုံတစ်ပုံကို 4MB လောက်ရှိတော့ မနည်းကြီးတင်လိုက်ရတယ်။ ဓါတ်ပုံဆိုဒ်ကိုလည်း အကြံအဖန်လုပ်ပြီး သေးအောင်လုပ်လိုက်တယ်။ ဤကား စကားချပ်။  ။ )


နောက်ဆုံးတစ်ခုကတော့ ကျွန်တော်တို့ ရဲ့ www.mongti.ning.com ဆိုတဲ့ဆုံဆည်းရာဆိုဒ်အကြောင်းပါပဲ။ အားလုံးသိပြီးကြတဲ့အတိုင်း ကျွန်တော်လက်အား၍ လက်ဆော့ထားသော website များဟာ တစ်ခုမဟုတ်တစ်ခု အမြဲတမ်းပြသာနာပေါ်နေတာပါပဲ။ အခုလည်း ဒီဆုံဆည်းရာ (ning) ဆိုဒ်ဟာ အလကားမပေးတော့ဘူးဆိုတဲ့ ကိစ္စပေါ်လာပါတယ်။ တကယ်တော့ ပြသာနာကြီးကြီးကျယ်ကျယ်မဟုတ်ပါဘူး။ အလကားမရတော့လည်း မလုပ်ရုံပဲပေါ့။ ကျွန်တော်တို့ အတွက်တော့ အင်တာနက်လောကမှာ နေရာတစ်နေရာမဟုတ်တစ်နေရာတော့ အလကားရနိုင်သေးပါတယ်လို့ တွက်ထားလိုက်ပါတယ်။ ဒီလိုနဲ့ လျှောက်ကလိလိုက်တာ အောက်ပါအတိုင်း ဟိုနေရာ၊ ဒီနေရာဆိုတဲ့ မျက်စိနောက်စရာတွေ ဖြစ်လာပါတော့တယ်။


www.mongti.ning.com (မကြာမှီ ရပ်နားတော့မည်ဖြစ်ပါသည်။)


www.mongti.co.cc


(အသစ်ပြောင်းရွေ့ ထားသောနေရာဖြစ်ပါသည်။ မင်ဘာများကိုပါတစ်ပါတည်းပြောင်းထားပါတယ်။ ကိုယ့်ရဲ့ မေးလ်များမှာ password များ သေချာရှာပြီးဝင်ရောက်နိုင်ပါတယ်။ တစ်ချို့ တွေကတော့ ပြောင်းတဲ့အထဲမှာ မပါဝင်သွားပါဘူး။ ကျွန်တော်လည်း ဘာကြောင့်မှန်းမသိဘူး။ ဒီလိုဖြစ်ခဲ့ရင် account အသစ်သာလျှောက်ထားလိုက်ပါ။)


Mon GTI/GTC/GTU Group (On Facebook) (ဒီနေရာကတော့ ခေတ်ရေစီးအတိုင်းလိုက်တယ်လို့ ပဲပြောပြော Facebook မှာ Group တစ်ခုဖန်တီးထားတာပါ။)


ကျွန်တော်ကတော့ user တွေဘာကိုပိုအဆင်ပြေသလဲ၊ ဘာကိုပိုကြိုက်သလဲအပေါ်မှာ ကြည့်လုပ်သွားမှာပါ။ ဒါကြောင့် မိမိကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ တစ်စုံတစ်ခု feedback များ ပေးကြပါလို့ တိုက်တွန်းအပ်ပါတယ်။


ဒါနဲ့ စကားမစပ် အခုရေးနေတဲ့ ပို့ စ်ဟာ www.mongti.com မှာ တင်ထားမှာဖြစ်တဲ့အတွက် ကျွန်တော်တို့ ရဲ့ မိခင်ကျောင်း website ဒီနေရာ ကိုလည်း လာရောက်ဖတ်ရှုပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။


ခင်မင်ရင်းနှီးစွာဖြင့်........

No comments:

Post a Comment