Monday, 17 May 2010

သင်သေသွားသော်

သင်သေသွားသော်

ဆရာဇော်ဂျီ


သြော် . . .လူ့ပြည်လောက၊ လူ့ဘ၀ကား
အိုရနာရ၊ သေရဦးမည် မှန်ပေသည်တည့်။


သို့တပြီးကား၊ သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။



သင်၏အမျိုးသား၊ စာစကားလည်း
ကြီးပွားတက်မြင့်၊ ကျန်ကောင်းသင့်၏။


သင်ဦးချ၍ အမျှဝေရာ
စေတီသာနှင့်၊ သစ္စာအရောင်
ဉာဏ်တစ်ဆောင်လည်း
ပြောင်လျက်ဝင်းလျက်ကျန်စေသတည်း။


ဇော်ဂျီ
၁၉၃၅ ခုနှစ်၊ ဒီဇင်ဘာလ၊ အိုးဝေ မဂ္ဂဇင်း

1 comment:

  1. ရင်ထဲမှာ စိမ့်ဝင်နေအောင် ခံစားရပါတယ်။

    လေးနက်တဲ့ အသိတစ်ခုကို စွဲမြဲစေပါတယ်။

    အဆင့်မနိမ့်ကျတဲ့ စိတ်ဓါတ်ကိုရစေပါတယ်။

    ReplyDelete