Thursday, 3 June 2010

တို့ ကွန်းခိုရာ...ကျောင်းတော်ရာ

နွေအစ....
ရွက်မကြွေဘူး
ခက်တွေဝေအောင် ပြုပျိုးထောင်လို့ 
နုပျိုစိမ်းလမ်း ရွက်သစ်ပန်းတို့ 
ပွင့်လန်းဝေသည်
မမြင်သာလည်း လွမ်းလည်းဝမ်းသာ
တို့ ကွန်းခိုရာ ကျောင်းတော်ရာ။ ။
နွေအလယ်.....
ရနံ့ တွေဝေဖူး ဆွတ်လေဖြူးလို့ 
ပြန့် နေမြင်ရာ ထိုလမ်းမှာတို့ 
ပြုံးပျော်ရွှင်စွာ လျှောက်ခဲ့ဖူးသည်
ရေတမာလည်း ဝေဆာဆဲမို့ 
မမြင်သာလည်း လွမ်းမောဆဲပါ
တို့ ကွန်းခိုရာ ကျောင်းတော်ရာ။ ။
နွေအဆုံး.....
ညီညာစီကုံး တူစွာပြုံးလို့ 
လက်ချင်းတွဲကာ နွှဲခဲ့ဖူးသည်
တောင်ပေါ်ဘုရား လှုဖွယ်များနဲ့ 
သဒ္ဒါတရား ရင့်ထက်သန်စွာ
လုပ်အားဒါန ဒါ အလှပဲ
လွန်စွာလွမ်းမော တမ်းတမိသည်
တို့ ကွန်းခိုရာ ကျောင်းတော်ရာသို့ ...။    ။

1 comment:

  1. လွမ်းလိုက်တာ ဓါတ်ပုံထဲကနေရာကို

    ReplyDelete