ဒီကြားထဲရတဲ့ အချိန်ကလေးနဲ့  သန့် ရှင်းတဲ့ သဒ္ဒါတရားပေါင်းစပ်ပြီး ကျေးဇူးရှင်ဆရာ ဆရာမတွေကို ကျေးဇူးဆပ်ခွင့်ရအောင် လစဉ်ဖန်တီးနေကြတာဟာ လွန်စွာ ကျေနပ်အားရစရာကောင်းလှပါတယ်။
အဲဒါကြောင့် အခုလို စုစည်းညီညွတ်မှုလေးကို ပိုမိုခိုင်မာစေရန်လည်းကောင်း၊ တစ်နေ့ ထက်တစ်နေ့ ပိုမိုတိုးပွားနေတဲ့ ဖိအားတွေကို လျှော့ချဖို့ ရန်လည်းကောင်း အစီစဉ်လေးတစ်ခုလုပ်ထားပါတယ်။
အဲဒါကတော့ ၈-၈-၁၀ နေ့ ကြရင် နေလည်စာစားရင်း အတူတကွပျော်ရွှင်ရဖို့ စီမံထားတဲ့ အစီအစဉ်လေးပါပဲ။ ဒီအစီအစဉ် ဖြစ်မြောက်ရေးအတွက် မအားလပ်တဲ့ကြားထဲက အားလုံးပဲ တတ်နိုင်သမျှ ကြိုးစားနေကြပါတယ်။ စင်္ကာပူနိုင်ငံမှာ ဘာပဲလုပ်လုပ် ငွေရေးကြေးရေးက အနည်းအကျဉ်းသက်ရောက်မှုတော့ ရှိတယ်လို့ ဝန်ခံပါတယ်။
သို့ ပေမယ့် လူတိုင်းလာစေဖို့ ရည်ရွယ်ထားတဲ့အတွက် ဘယ်ရွေ့ ဘယ်မျှတော့မဟုတ်ပါဘူး။ တတ်နိုင်သလောက်တော့ ထည့်ဝင်ခြင်းဖြင့်ကူညီပေးစေလိုပါတယ်။
နေရာကို မနှစ်ကအတိုင်း 8 Degree Restaurant မှာပဲ ပြုလုပ်ဖို့  စဉ်းစားထားကာ ကြိုတင်ငွေပေးပြီး ရက်ကိုအတည်ပြုထားပြီးပါပြီ။ အချိန်ကတော့ နေ့ လည် ၁၂ နာရီ မှ ညနေ ၅ နာရီအထိဖြစ်ပါတယ်။ အစားအစာ ဘူးဖေး မှာထားပါတယ်။ ထို့ အပြင် ဂစ်တာရှိုးနဲ့ ကစားပွဲများပါထည့်သွင်းဖို့ အစီစဉ်ရှိပါတယ်။
ဖိတ်စာနှင့်အစီစဉ်အသေးစိတ်ကိုတော့ မကြာမှီ ဖြန့် ဝေပေးသွားပါမည်။ ရန်ပုံငွေကောက်ခံသူနှင့် စာရင်းများကိုလည်း အဆက်မပြတ်တင်ပြသွားပါမည်။
ထို့ ကြောင့် ဟောင်းသောသူငယ်ချင်း၊ ကောင်းသောသူငယ်ချင်း၊ သစ်သောသူငယ်ချင်း၊ ချစ်သောသူငယ်ချင်းများ ထဲက မည်သည့်အမျိုးစားကိုမဆို ပြန်လည်ဆုံတွေ့ ဖို့  မျှော်လင့်ပါတယ်။ (မိသားစုရှိသူများလည်း သက်ဆိုင်သူများကို ခေါ်လာနိုင်ပါတယ်။)
အဖွဲ့ ကိုယ်စား
လေးစားစွာဖြင့်....
No comments:
Post a Comment