
ကျွန်တော်တို့ ရဲ့ စင်္ကာပူရောက် မော်လမြိုင် GTI/GTC ကျောင်းသူကျောင်းသားဟောင်းများ ဒုတိယအကြိမ် မိတ်ဆုံစားပွဲဖိတ်စာကို ထပ်မံဖြန့်ဝေလိုက်ပါတယ်ခင်ဗျာ။
မိခင်ကျောင်းတော်ကြီးရင်ခွင်ထဲ ခိုလှုံဖူးခဲ့သော သူငယ်ချင်း၊မိတ်ဆွေ၊ညီအစ်ကိုမောင်နှမများ အားလုံးတက်ရောက်ဖို့ ဖိတ်ကြားလိုပါတယ်။
နေရာကတော့ မနှစ်ကအတိုင်း 8 Degree Restaurant မှာပဲဖြစ်ပြီး အချိန်ကတော့ နေ့ လည် ၁၂ နာရီ မှ ညနေ ၅ နာရီအထိဖြစ်ပါတယ်။ အစားအစာ ဘူးဖေး မှာထားပါတယ်။ ထို့ အပြင် ဂစ်တာရှိုးနဲ့ (ကျောင်းတုန်းကလို အဆောင်ရှေ့ ဂစ်တာတီးခဲ့ကြတဲ့ ခံစားမှုမျိုးပြန်လည် ဖော်ထုတ်ရန်သာဖြစ်ပါတယ်)၊ ကစားပွဲအစီအစဉ်များနဲ့ စီစဉ်ထားပါတယ်။
ထို့ ကြောင့် ဟောင်းသောသူငယ်ချင်း၊ ကောင်းသောသူငယ်ချင်း၊ သစ်သောသူငယ်ချင်း၊ ချစ်သောသူငယ်ချင်းများ အားလုံးကို ပြန်လည်ဆုံတွေ့ ဖို့  မျှော်လင့်ပါတယ်။
ဖိတ်စာ ယူရန်
မြေပုံ ကြည့်ရန်
လမ်းညွန် ကြည့်ရန်
No comments:
Post a Comment