Monday, 2 August 2010

မိတ်ဆုံစားပွဲဖိတ်စာ

သူငယ်ချင်းများ အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော်တို့ ရဲ့  စင်္ကာပူရောက် မော်လမြိုင် GTI/GTC   ကျောင်းသူကျောင်းသားဟောင်းများ ဒုတိယအကြိမ် မိတ်ဆုံစားပွဲဖိတ်စာကို ဖြန့် ဝေလိုက်ပါတယ်ခင်ဗျာ။ မိခင်ကျောင်းတော်ကြီးရင်ခွင်ထဲခိုလှုံဖူးခဲ့သော သူငယ်ချင်း၊မိတ်ဆွေ၊ညီအစ်ကိုမောင်နှမများ အားလုံးတက်ရောက်ဖို့ ဖိတ်ကြားလိုပါတယ်။
(ဤနေရာတွင် မိမိတို့ ၏ မိသားစုဝင်များ  နှင့်တကွ   အောက်ဖော်ပြပါ မိတ်ဆွေသူငယ်ချင်းများအားလုံးကို ဆိုလိုပါသည်။)


(၁) ရိုးရိုး(သို့ ) ဆန်းဆန်း သူငယ်ချင်းများ
(၂) ဖြစ်ပြီးသော(သို့ ) ဖြစ်ရန်ရှိသော ချစ်သူများ
(၃) ရည်ရွယ်ထားသော(သို့ ) ရည်ရွယ်နှင့်ပြီးသော အလောင်းအလျာများ
(၄) ထို့ အတူ မွေးဖွားပြီးသော(သို့ ) မွေးဖွားလတ္တံ့ သော သားသမီးများ အားလုံး အားလုံးကို ခေါ်လာနိုင်ပါတယ်။

ပါဝင်မည့်အစီအစဉ်များကိုတော့ ယခုလာမည့် ၂၄ ရက်နေ့ အစည်းအဝေးတွင် အသေးစိတ်ညှိုနှိုင်းကာ ဆက်လက်ထုတ်ပြန်သွားပါမည်။ အကြမ်းအားဖြင့် ပြပွဲ (ဆရာဆရာမများ၏ပြန်စာများ)၊ ကစားပွဲများနှင့် ဟော်လိုဂစ်တာရှိုးများ ပါဝင်မည်ဖြစ်ပါသည်။ သို့ ဖြစ်ပါ၍ သီချင်းဆိုချင်သူများနှင့် ဂစ်တာတီးနိုင်သူများ ကိုမင်းသူ(EP) ဖုန်း-၉၁၀၉၄၆၅၇ သို့ ဆက်သွယ်နိုင်ကြပါတယ်။
(ကျောင်းတုန်းကလို အဆောင်ရှေ့ ဂစ်တာတီးခဲ့ကြတဲ့ ခံစားမှုမျိုးပြန်လည် ဖော်ထုတ်ရန်သာဖြစ်ပါတယ်။)

နောက်ပြီး ဒီပွဲဖြစ်မြောက်ရေးအတွက်ရန်ပုံငွေဆိုင်ရာ စီစဉ်မှုများနဲ့ ရည်ရွယ်ချက်အနည်းငယ်ကို ပြောပြချင်ပါတယ်။
အားလုံးပဲသိကြပြီးဖြစ်တဲ့အတိုင်း ဒီအဖွဲ့ လေးဟာဖြင့် ဆရာဆရာမများကို လစဉ်ကန်တော့ရန်ဆိုတဲ့ တူညီတဲ့ရည်ရွယ်ချက်အောက်မှာ ဆုံဖြစ်ကြပြီး အတူတကွကြိုးပမ်းလာခဲ့တာ အခုဆိုရင် အတော်လေးခရီးရောက်နေပြီဖြစ်ပါတယ်။
ဒီနေရာမှာ လစဉ်ကောက်ခံနေသော ရန်ပုံငွေကို ဆရာဆရာမများအတွက်သာ သီးသန့် အသုံးပြုခြင်းဖြစ်ပြီး ကျွန်တော်တို့ ပြုလုပ်ဖြစ်သော အခြားကထိန်အလှု၊ သင်္ကြန်အလှုနှင့် မိတ်ဆုံစားပွဲများကိုတော့ ရန်ပုံငွေသီးသန့် ထပ်မံထည့်ဝင်ခြင်းဖြင့် အကောင်အထည်ဖော်ခဲ့ကြပါတယ်။
အဲဒါကြောင့် အခုအစီစဉ်မှာလည်း မိမိတို့ တတ်နိုင်သလောက်သော ငွေအင်အားဖြင့် စုစည်းပြီး အကောင်ထည်ဖော်ပါမယ်။ လက်ရှိကောက်ခံရရှိပြီးသော ငွေမှာ စင်္ကာပူဒေါ်လာ ၁၂၄၅ ဖြစ်ပြီး ထပ်မံ၍ ပါဝင်လိုလျှင် အောက်ပါတာဝန်ခံများထံသို့  ထည့်ဝင်နိုင်ကြပါတယ်။
(၁) ကိုသောင်းဆွေဝင်း (ဖုန်း- ၉၀၂၉၀၄၂၉)
(၂) ကိုစောအောင်ထွန်းဦး (ဖုန်း- ၉၀၉၈၇၈၆၄)
(၃) ကိုကျော်လွင်ဝင်း (ဖုန်း- ၉၃၈၃၇၃၂၄)
(၄) မအေးနန္ဒာဝင်းမောင် (ဖုန်း-၉၁၄၄၇၄၄၇)
(၅) မအိအိခိုင် (ဖုန်း- ၉၆၄၇၈၂၃၇)
(၆) မဇာဇာထွန်း (ဖုန်း ၉၈၅၈၁၁၀၄)
နှင့် အခြားသောနီးစပ်ရာ တာဝန်ခံများထပ်သို့ ထည့်ဝင်နိုင်ပါတယ်။

ထို့ အတူ ပြုလုပ်ဖြစ်ခဲ့သော အစီအစဉ်တိုင်းမှာလည်း ကျွန်တော်တို့ ရဲ့ ရည်ရွယ်ချက်တွေရှိခဲ့ပါတယ်။ ကျွန်တော်တို့ ဟာမြန်မာလူမျိုးများပီပီ ရာသီချိန်နှင့်သက်ဆိုင်သော ဘာသာရေး၊ လူမှုရေးပွဲတော်များကို မမေ့မပျောက်စေရန် ကြိုးစားရင်း ပိုမိုရင်းနှီးခိုင်မာသော အဝန်းအဝိုင်းလေးတစ်ခုဖြစ်လာစေရန် အားထုတ်ကြည့်ခြင်းဖြစ်ပါတယ်။ အားလုံးသောရည်ရွယ်ချက်များဟာ ကုသိုလ်ရေးပထမဖြစ်ပြီး လူမှုရေးဒုတိယဖြစ်ပါတယ်။ အဲဒီနောက်မှ ပျော်ရွှင်မှုလိုက်ပါတယ်။
ဒီလိုနည်းနဲ့ ကျွန်တော်တို့ အဖွဲ့ ရဲ့ မူလ ရည်ရွယ်ချက် မပျောက်ပျက်အောင်နှင့် ရေရှည်လက်တွဲအလုပ်လုပ်သွားနိုင်စေရန် အထူးရည်ရွယ်ပါတယ်။

အားလုံးကိုလေးစားစွာဖြင့်.....

အဖွဲ့ ကိုယ်စား

မင်းသူ (EP 99)

No comments:

Post a Comment