ပြီးခဲ့သော နိုဝင်ဘာ ၁၇ ရက် ဗုဒ္ဓဟူးနေ့၊ မနန္ဒာ၏နေအိမ်တွင် ပြုလုပ်ခဲ့သော လပတ်အစည်းအဝေး ဆုံးဖြတ်ချက်အရ နိုဝင်ဘာလအတွက် ကျောင်းအုပ်ဆရာကြီး (၇) ဦးကို ကန်တော့ရန် ရွေးချယ်ဖြစ်ခဲ့ပါသည်။ ထိုသို့ ရွေးချယ်ခဲ့သော ကျောင်းအုပ်ဆရာကြီးများမှာ အောက်ပါအတိုင်း ဖြစ်ပြီး မြန်မာနိုင်ငံသို့အလည်ပြန်ရန်အစီစဉ်ရှိသော ကိုစောအောင်ထွန်းဦးမှနေ၍ ကိုယ်တိုင်သွားရောက် ကန်တော့ငွေပေးအပ်မည်ဖြစ်ပါသည်။
(၁) ဦးကျော်ဝင်းသန်း
(၂) ဦးဝင်းမော်ထွန်း
(၃) ဦးအောင်းမိုး
(၄) ဦးမြင့်ဌေး
(၅) ဦးဌေးဝင်း
(၆) ဦးမျိုးလွင်
(၇) ဦးသန်းဆွေ
အခုလာမည့် ဒီဇင်ဘာလ(၁၂) ရက်နေ့၊ ရန်ကုန်မြို့ရွှေတိဂုံဘုရားတောင်ဖက်မုဂ်တွင် ကျင်းပပြုလုပ်မည်ဖြစ်သော ပဥ္စမအကြိမ်မြောက် ဆရာကန်တော့ပွဲသို့ စင်္ကာပူရောက်ကျောင်းသား/သူဟောင်းများအဖွဲ့မှနေ၍ မြန်မာငွေနှစ်သိန်းတိတိကို ပေးလှူသွားရန် ဆုံးဖြတ်ထားပါသည်။
ထို့အပြင် ဒီဇင်ဘာလအတွက် ဆရာဆရာမများကိုလည်း တစ်ပါတည်း အောက်ပါအတိုင်းရွေးချယ်ဖြစ်ခဲ့ပြီး ဒီဇင်ဘာလ လပတ်အစည်းဝေးကိုမူ ပြုလုပ်ရန်မလိုဟု ဆုံးဖြတ်ခဲ့ကြပါသည်။
(၁) ဒေါ်ကျင်လွမ် (Academic)
(၂) ဒေါ်သင်းသင်းအေး (Academic)
(၃) ဦးမင်းသိန်းကြွယ် (Civil)
(၄) ဒေါ်လွင်လွင်ဟန် (EP)
(၅) ဒေါ်ရွှေစင်ဝင်း (EC)
(၆) ဦးထင်အောင် (MT)
(၇) ဦးစောအုန်းအုန်း (MT)
ထို ့ကြောင့် ယခုလအတွက်စုစုပေါင်း ငွေလွှဲပမာဏ မြန်မာကျပ်ငွေ ၁၆ သိန်းတိတိကို စင်္ကာပူ ပင်နီဇွဲလားပလာဇာရှိ ရွှေရတနာငွေလွှဲဌာနမှတဆင့် ၂၅ ရက်နေ့တွင် လွှဲပြောင်းပြီးဖြစ်ပါသည်။ ၂၅ ရက်နေ့ငွေလွှဲပေါက်ဈေးမှာ ၆၉၀ ဖြစ်ပါသည်။
ယခုတစ်ကြိမ် ကိုစောအောင်ထွန်းဦး မြန်မာနိုင်ငံပြန်၍ ဆရာဆရာမများထံ ကိုယ်တိုင်သွားရောက်ရာတွင် အဖွဲ့မှရေးသားဖြန့်ဝေထားသော လက်ကမ်းစာစောင်နှင့် စင်္ကာပူအဖွဲ့ရဲ့လှုပ်ရှားမှုမှတ်တမ်းပုံရိပ်များ ဗွီဒီယိုကိုပါ ဆရာဆရာမများလက်ထံ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိပါသည်။
မှတ်ချက်။ ။ နိုဝင်ဘာ Balance Sheet ကိုမကြာမှီ ဖြန့်ဝေပေးသွားပါမည်။
No comments:
Post a Comment