ဇန်နဝါရီလအတွက် ဆရာဆရာမထံကန်တော့ငွေကို မြန်မာနိုင်ငံအလည်ပြန်ခဲ့သော ကိုမင်းသူနှင့် မကြေးမုံဝင်းတို့မှ သွားရောက်ပေးပို့လှူဒါန်းခဲ့ပါသည်။ ဆရာမဒေါ်ဥမ္မာသူ စီစဉ်မှုဖြင့် နေအိမ်တွင်ပင် ဆရာဆရာမအား တစ်ပါတည်း ပေးလှူကန်တော့ဖြစ်ခဲ့ကြောင်းသိရှိရပါသည်။
ဆရာဆရာမထံမှ အမှတ်တရစာများရေးပေးပြီး စင်္ကာပူရောက် ကျောင်းသားဟောင်းများအဖွဲ့ လှုပ်ရှားမှုများအား ကြားသိရသည်မှာ ဝမ်းသာကြောင်းနှင့် ပိုမိုအောင်မြင်စေဖို့ ဆုမွန်ကောင်း တောင်းပေးခဲ့ကြပါသည်။
ဆရာဦးကျော်ဝင်းသိန်းကိုယ်တိုင် ကျွန်တော်တို့ရဲ့Mon GTI/GTC ဆုံဆည်းရာဆိုဒ်တွင် member ဝင်ထားပြီး ကျောင်းသားကျောင်းသူများနဲ့ အဆက်မပြတ်ထိတွေ့ဖို့ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။ (ဆရာ့တပည့်များ ဒီနေရာမှ ဝင်ရောက်နှုတ်ဆက်နိုင်ပါတယ်)
ဆရာဆရာမများထံမှစာများကို အောက်ပါ Scribd reader တွင် ဖတ်ရှုနိုင်ပါသည်။
[scribd id=50794216 key=key-19aumlebs5jozd72b0ac mode=list]
No comments:
Post a Comment