
ဖေဖော်ဝါရီလ အစည်းအဝေးကိုတော့ဖြင့် မြန်မာနိုင်ငံအလည်ပြန်သူများခြင်း၊ လူမစုံခြင်း စသည့် အကြောင်း အမျိုးမျိုးကြောင့် မပြုလုပ်ဖြစ်ခဲ့ပဲ လက်ကျန် ဆရာဆရာမ စာရင်းထဲမှ ရန်ကုန်နယ်ကို ဦးစားပေး ရွေးပြီး ရန်ကုန်ရှိ မကေသီထွန်းထံသို့ ကန်တော့ငွေ လွှဲပြောင်းပေးပို့ဖြစ်ခဲ့ပါသည်။
ထို့နောက် ရန်ကုန်သို့ အကြောင်းကြားရာတွင် ငွေမလွှဲဖြစ်တာကြာပြီဖြစ်သောကြောင့် မကေသီထွန်းမှ အံ့အားသင့်သွားပြီး " စင်္ကာပူအဖွဲ့လှုပ်ရှားမှုများ ရပ်တန့်သွားပြီဟု ထင်မှတ်ခဲ့ကြောင်း" မေးမြန်း၍ ပြီးခဲ့သော နိုဝင်ဘာလမှ ဇန်နဝါရီလအထိ မြန်မာနိုင်ငံလူကြုံ ရှိ၍ သူမထံ ငွေမလွှဲဖြစ်ခဲ့ကြောင်း ပြန်လည် ရှင်းပြခဲ့ပါသည်။
ငွေလွှဲချလံတွင် တွေ့မြင်ကြရသည့်အတိုင်း ဖေဖော်ဝါရီလအတွက် ကန်တော့ခံ ဆရာ၊ ဆရာမများမှာ-
၁။ ဦးစောဖောအောင် (Academic)
၂။ ဒေါ်အေးအေးကြည် (Academic)
၃။ ဦးပေါ်ထွန်း (Civil)
၄။ ဒေါ်သစ်သစ်စိုး (Civil)
၅။ ဦးမောင်မောင်လူသန့်(EC)
၆။ ဒေါ်မိမိစန်း (MP)
၇။ ဦးခင်မောင်လတ် (MT)
(မှတ်ချက်။ ။ ငွေလွှဲချလံထဲတွင် ဦးမောင်မောင်သန်းအဖြစ် မှားယွင်းရေးသားမိပါကြောင်း အသိပေးအပ်ပါသည်။)
No comments:
Post a Comment