မတ်လ လပတ်အစည်းအဝေးကို ၁၉-၀၃-၂၀၀၁၁ နေ့ရက် ညနေပိုင်း၊ ကိုထွေးစိုးဟန်၊ မဇာဇာထွန်း၏ နေအိမ်တွင် ပြုလုပ်ဖြစ်ခဲ့ပါသည်။ အိမ်ရှင် ကိုထွေးစိုးဟန်နှင့် မဇာဇာထွန်းတို့အပြင် ပူပူနွေးနွေး သတို့သား ကိုနိုင်ဝင်း(EC)ရဲ့ တာဝန်ယူ ဧည့်ခံကျွေးမွေးမှုနဲ့အတူ အစည်းအဝေးကို ညနေခင်းတွင် ပျော်ရွှင်စွာဖြင့် ကျင်းပဖြစ်ခဲ့ပါသည်။
ပုံမှန်အစီအစဉ်အတိုင်း ကန်တော့ခံ ဆရာ၊ဆရာမများရွေးချယ်ခြင်း၊ လစဉ်ကန်တော့ငွေများ၊ ငွေစာရင်းများ စုဆောင်းတင်ပြခြင်းတို့အပြင် သင်္ကြန်မုန့်လုံးရေပေါ်အစီအစဉ်နှင့် တူညီဝတ်စုံများအတွက် တိုင်ပင်ဆွေးနွေးခဲ့ကြပါသည်။
မတ်လအတွက် ကန်တော့ခံဆရာ၊ဆရာမများကို အောက်ပါအတိုင်း ရွေးချယ်ဖြစ်ခဲ့ပါသည်။
၁။ ဒေါ်ခင်လေးပိုင် (Academic)
၂။ ဒေါ်ဥမ္မာသူ (Civil)
၃။ ဦးခင်မောင် (EP)
၄။ ဦးကျော်တင်ဆန်း (EP)
၅။ ဒေါ်မြင့်မြင့်ကြူ (MP)
၆။ ဦးမင်းဖုန်းအောင် (MP)
၇။ ဦးအေးကျော် (MT)
ငွေလွှဲတာဝန်ခံအဖြစ် ကိုနိုင်ဝင်းနှင့် ကိုစောအောင်ထွန်းဦးတို့က တာဝန်ယူခဲ့ပြီး မြန်မာကျပ်ငွေ (၇)သိန်းတိတိကို မော်လမြိုင်ရှိ ဒေါ်ဥမ္မာသူထံသို့ လွှဲပြောင်းပေးပို့ပေးခဲ့ပါသည်။
အထက်ပါ ဆရာ၊ဆရာမများအထဲမှ ဦးအေးကျော်မှာ လက်ရှိ နေပြည်တော်တွင် တာဝန်ထမ်းဆောင်လျှက်ရှိသော MT ဌာနမှ ဆရာတစ်ဥိးဖြစ်ပါသည်။ နောက်ထပ်တစ်ဦးဖြစ်သော EP ဌာနမှ ဆရာဦးကျော်တင်ဆန်းအား လုပ်သက်ပြန်လည်အတည်ပြုရန် လိုအပ်နေကြောင်း သိရှိရပါသော်လည်း ငွေလွှဲစာရင်းတွင်ပါဝင်ပြီး ဖြစ်သဖြင့် အများသဘောတူညီချက်ဖြင့် ကန်တော့ငွေပေးဖြစ်ခဲ့ပါသည်။ သို့ရာတွင် လာမည်နှစ်တွင် ကန်တော့ခံစာရင်းပါရန်၊ မပါရန်မှာမူ လုပ်သက်အတည်ပြုပြီးမှ ပြန်လည်ဆုံးဖြတ်မည် ဖြစ်ပါသည်။
မတ်လအတွက်ငွေစာရင်းရှင်းတမ်းကိုဖြန့်ဝေပြီးဖြစ်ပြီး မရရှိသေးသူများ ဒီနေရာမှ ဒေါင်းလုပ်ရယူနိုင်ပါသည်။
No comments:
Post a Comment