
မြန်မာသက္ကရာဇ် ၁၃၇၃ ခုနှစ်၊ တန်ခူးလဆန်း(၁)ရက်နေ့
မြန်မာလူမျိုးများ၏ နှစ်သစ်တစ်ခုကို ကူးပြောင်း ရောက်ရှိလာချိန်နှင့်အတူ သူငယ်ချင်းများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြီးပြည့်စုံကြပြီး ကြံတိုင်းအောင် ဆောင်တိုင်းမြောက်နိုင်ကြပါစေ စိတ္တသုခ ကာယသုခနှစ်ဖြာ ပြည့်စုံကြပါစေလို့ ဦးစွာပထမ ဆုတောင်းပေးလိုက်ပါတယ်...
Toa Payoah မြန်မာဘုန်းတော်ကြီးကျောင်းတွင် ကျင်းပဆင်နွှဲမည့် ၁၃၇၂-၇၃ မြန်မာနှစ်သစ်ကူးပွဲတော်တွင် MON GTI Familyမှ မုန့်လုံးရေပေါ် စတုဒီသာဖြင့် ဧည့်ခံကျွေးမွေး လှူဒါန်းပါမည်ဖြစ်ပါသဖြင့် MON GTI ကျောင်းတော်ကြီးတွင် ခိုလှုံခဲ့ဖူးသော ညီအစ်ကို မောင်နှမ သူငယ်ချင်းများအားလုံး ပါဝင်ဆင်နွှဲဖို့ ခင်မင်ရင်းနှီးစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
နေရာ။ ။ Toa Payoah မြန်မာဘုန်းတော်ကြီးကျောင်း
နေ့ရက်။ ။ 10 April 2011 (Sunday)
အချိန်။ ။ 8:00 to noon
No comments:
Post a Comment