တို့ကျောင်းလမ်း
ရီသံတွေကင်းမဲ့ မာယာမရှိ
တိတ်ဆိတ်ခြင်းအတိ အထီးကျန်ပေမယ့်
သူ့မှာ....လှပတဲ့ နေဝင်ချိန်ရှိတယ်။
အတ္တတွေ ကင်းမဲ့ အချစ်မရှိ
အေးမြခြင်းအတိ ဆိတ်ငြိမ်ပေမယ့်
သူ့မှာ... သံစဉ်ဆိုတဲ့ သစ်ရွက်တွေရှိတယ်။
စကားလုံးတွေကင်းမဲ့ ဟန်ဆောင်မှူမရှိ
နူးညံ့ခြင်းအတိ မှောင်မိုက်ပေမယ့်
သူ့မှာ....ဒဏ္ဍာရီဆန်တဲ့ မိုးဖွဲလေးတွေရှိတယ်။
ရင်ခုန်သံကင်းမဲ့ အမုန်းမရှိ
ဆွေးမြေ့ပေမယ့်
သူ့မှာ.....သိမ်မွေ့တဲ့ လေးညှင်းတွေရှိတယ်။
ဒါ တို့ကျောင်းလမ်း။ ။
ကိုဇင် (IT)
မှတ်ချက်။ ။ ညီလေး ကိုဇင် ရေးလက်စ ကဗျာလေးကို Draft ထဲမှတွေ့လို့တင်ပေးလိုက်တယ်။
ကဗျာဆရာရေ.. မပြီးသေးလို့ထပ်ရေးချင်တယ်ဆိုရင် account activate ပြန်လုပ်လိုက်ပါ။
No comments:
Post a Comment