Sunday, 11 September 2011
စတုတ္ထအကြိမ်မြောက် ကထိန်သင်္ကန်းကပ်လှုပွဲ ဖြစ်မြောက်ရေး အစည်းအဝေးမှတ်တမ်း
စင်္ကာပူရောက် မော်လမြိုင် ဂျီတီအိုင်အဖွဲ့ရဲ့စတုတ္ထအကြိမ်မြောက် ကထိန်သင်္ကန်းကပ်လှုပွဲ ဖြစ်မြောက်ရေး အစည်းအဝေးမှတ်တမ်း(အကျဉ်း)
(ကထိန်သီးသန့်အလှုငွေ စတင်ကောက်ခံနေပါပြီ။ မိမိတို့နှင့် နီးစပ်ရာသူငယ်ချင်းများအား ဝိုင်းဝန်းအသိပေးကြပါ။ ပိုလျှံအလှုငွေများကို ပဒေဿပင်တွင် ထည့်ဝင်လှုဒါန်းပါမည်။ ရသုံးငွေစာရင်းအသေးစိတ်ကို ထုတ်ပြန်ကြေငြာပါမည်။ အကြောင်းအမျိုးမျိုးကြောင့် အစည်းအဝေးမတက်ရောက်လာနိုင်သော သူငယ်ချင်းများရဲ့အကြံဉာဏ်၊ အလှုငွေ၊ လုပ်အားဒါန များအား ကြိုဆိုဖိတ်ခေါ်အပ်ပါသည်။)
အစည်းအဝေးရက်စွဲ။ ။ ၃ ရက် စက်တင်ဘာလ ၂၀၁၁ ခုနှစ်
တက်ရောက်လူဦးရေ။ ။ ၁၅ ဦးခန့်
နေရာ။ ။ မနန္ဒာ နေအိမ် - Blk 409 # 10-327 Choa Chu Kang Ave 3
အကြောင်းအရာ။ ။ စတုတ္ထအကြိမ်မြောက် ကထိန်သင်္ကန်းကပ်လှုပွဲ ဖြစ်မြောက်ရေး
၁။ ကထိန်သင်္ကန်းအလှုရက် - ရ ရက်နေ့ နိုဝင်ဘာလ ၂၀၁၁ ခုနှစ် အတည်ပြု ပြီးစီး
၂။ ဘုန်းကြီးကျောင်းရွေး - ဖားအောက်ကျောင်း(သို့)ဆမ်ဘာဝမ်းကျောင်း အဆိုပြု
- ကိုဇင်(IT) မှ ဖားအောက်ဘုန်းကြီးကျောင်း ကပ္ပိယကို ဆက်သွယ်၊ အတည်ပြုပြီးစီး
၃။ ဆွမ်း - နေ ့ဆွမ်း (ဗမာဘူဖေး (သို့) တရုတ်ဘူဖေး) - စျေးနှုန်းစုံစမ်းရန်ကျန်ရှိ၊ အတည်ပြုရန်ကျန်ရှိ
၄။ ခန့်မှန်းခြေကုန်ကျစရိတ်- စင်္ကာပူဒေါ်လာ ၂၀၀၀ ခန့်
၅။ ပဒေဿပင်ပြုလုပ်ရေး - ကိုသောင်းဆွေဝင်းမှ တာဝန်ယူပြုလုပ်၊ ခန့်မှန်းခြေပြီးစီးရက်- အောက်တိုဘာလ နောက်ဆုံးပတ်
၆။ အစီစဉ်အသေးစိတ်ရေးစွဲရန် - လာမည့် အောက်တိုဘာ ဒုတိယအပတ်(သို့)တတိယအပတ် အစည်းအဝေးတွင် အစီအစဉ်အသးစိပ်ထပ်မံညှိုနှိုင်းဆွေးနွေးရန်လျာထား၊ ကောက်ခံရရှိသော အလှုငွေများ လက်ခံစုဆောင်းရန်လျာထား
၇။ ဖိတ်စာ - ဘူးဖေးအတည်ပြုပြီးလျှင် အမြန်ဆုံးဖြန့်ဝေရန် - ကိုမင်းသူ(EP)၊ ကိုဇင်(IT)၊ ကိုနိုင်ဝင်း(EC) တို့ မှပူးပေါင်းတာဝန်ယူထား
နောက်ဆက်တွဲ (ကန်တော့ခံဆရာဆရာမများစာရင်းနှင့် ငွေလွှဲဖြတ်ပိုင်း)
၈။ ဩဂုတ်လ ကန်တော့ခံဆရာဆရာမများစာရင်း
ဒေါ်တင်မြအေး (Acd)
ဒေါ်ညွန် ့ညွန် ့ရီ (Civil)
ဒေါ်အေးအေးမော် (EC)
ဦးသန်းနိုင် (MP)
ဦးမောင်မောင်သန်း (MT)
ဦးကြည်စိုး (IT)
ပို့ငွေစုစုပေါင်း - မြန်မာငွေ ကျပ် ၆သိန်း ၊ စင်္ကာပူ ၉၉၁.၇၄ဒေါ်လာ ရန်ကုန် မကေသီထွန်း မှတဆင့် ပေးပို့
(ငွေလွှဲဖြတ်ပိုင်း- ပူးတွဲတွင်ကြည့်)
၉။ စက်တင်ဘာလ ကန်တော့ခံဆရာ ဆရာမများစာရင်း
ဒေါ်ခင်နန်းမြင့် (Acd)
ဦးမင်းသိန်းကြွယ် (Civil)
ဦးလှရွှေ (EP)
ဦးသန်းဦး (MP)
ဦးမင်းကြည်လွင် (MT)
ပို့ငွေစုစုပေါင်း - မြန်မာငွေ ကျပ် ၅သိန်း ၊ စင်္ကာပူ ၈၂၆.၄၅ ဒေါ်လာ၊ မော်လမြိုင် ဒေါ်ဥမ္မာသူထံမှတဆင့်ပေးပို့
ဘဏ်လွှဲ ဝန်ဆောင်ခ စင်္ကာပူ ၃ ဒေါ်လာ
(ငွေလွှဲဖြတ်ပိုင်း- ပူးတွဲတွင်ကြည့်)
လေးစားစွာဖြင့်
-- ------
Min Thu (EP,99)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment