
ခင်မင်လေးစားရပါသော ဆရာ-ဆရာမများနှင့် သူငယ်ချင်းများ
ပြီးခဲ့တဲ့လ July အတွက်လှူဖြစ်တဲ့ ဆရာ ဆရာမ များထံမှ ပြန်စာများကို ပို့ပေးလိုက်ပါတယ်။
ကိုယ့်ကိုယ်ကိုသာ အသက်တွေကြီးလာတာ သတိမထားမိတာ၊ ဆရာ ဆရာမ တွေရဲ့ လက်ရှိပုံံတွေ မြင်ရတဲ့အချိန်မှာ အရင်တုန်းက ဆရာဆရာမတွေရဲ့ ကျွန်တော်တို့မြင်ခဲ့တွေ့ခဲ့တဲ့ အရွယ်တွေနဲ့ အလှမ်းကွာနေတော့တာ သတိထားမိပါတယ်။

လူ့ဘဝဆိုတာ မသိလိုက်မသိဘာသာနဲ့ အချိန်တွေ ကုန်မှန်းမသိ ကုန်သွားနေတာပါပဲ။ သက်ရှိထင်ရှားရှိနေတုန်းလေးမှာ၊ ကျွန်တော်တို့ မကောင်းတဲ့အမှားတွေ(သိစိတ်နဲ့ရော-မသိစိတ်နဲ့ရော) ဘယ်လောက် လုပ်ဖြစ်ခဲ့ပြီလဲ။ ကောင်းတဲ့အလုပ်တွေ (သိစိတ်နဲ့ရော-မသိစိတ်နဲ့ရော )ဘယ်လောက်လုပ်ခဲ့ပြီးပြီလဲ။

ကျွန်တော်တို့ MON-GTI မိသားစုကျောင်းသူကျောင်းသားဟောင်းများအနေနဲ့ကတော့ (သိစိတ်နဲ့ရော-မသိစိတ်နဲ့ရော )လစဉ်လတိုင်း ကုသိုလ်ရေးတစ်ခုမှာ ပါ၀င်နေရင်းနဲ့ ကောင်းတဲ့ အလုပ်တစ်ခုကို ထပ်ခါထပ်ခါလုပ်ဖြစ်နေပါတယ်။ အားလုံး အားလုံးသော သူငယ်ချင်းများကို အဖွဲ့ကိုယ်စားကျေးဇူးတင်ကြောင်းပြောပါရစေ။

အလှူဒါနဆိုတာ မလှူခင်မှာရှိနေတဲ့ လှူဒါန်းချင်တဲ့စိတ်၊ လှူနေရင်းတန်းလန်းနဲ့ပျော်ရွှင်နေတဲ့စိတ်၊ လှူဒါန်းပြီးသွားတဲ့နောက် ပြီးခဲ့တဲ့ ကုသိုလ်ဒါနကိုပြန်စဉ်းစားရင်း ကျေနပ်ပီတိဖြစ်နေတဲ့စိတ်၊အဲဒီစိတ် သုံးခုလုံးပြည့်အောင် ထားတက်ရင် ပိုပြီးမြတ်ပါတယ်။ ကျွန်တော်တို့သူငယ်ချင်းများ အားလုံးအတွက် အဲဒီသုံးမျိုးလုံးက ပြောစရာမလိုအောင်ပြည့်စုံနေပါပြီ။

နောက်ထပ် နောက်ထပ် လှူဒါန်းသွားမယ့်အကြိမ်တွေအတွက်( မလှူခင်မှာရှိနေတဲ့ လှူဒါန်းချင်တဲ့စိတ် ရှိနေသူများအတွက် )
လှူနေရင်းတန်းလန်းနဲ့ပျော်ရွှင်နေတဲ့စိတ် ဖြစ်ခဲ့တဲ့-ဖြစ်နေချင်တဲ့သူငယ်ချင်းများအားလုံးအတွက်၊ လှူဒါန်းပြီးသွားတဲ့နောက် ပြီးခဲ့တဲ့ ကုသိုလ်ဒါနကိုပြန်စဉ်းစားရင်း ကျေနပ်ပီတိဖြစ်ရအောင်လို့ ချစ်သော သူငယ်ချင်းများအားလုံးအတွက် ----အောက်မှာ
ဆက်လက် ဖက်ကြည့်ပေးပါဗျာ။ ( စာလုံးအရွယ်သေးသွားတာ ဖက်မရဖြစ်နေရင်
ခွင့်လွှတ်ပေးပါ၊ ဓါတ်ပုံအရွယ်အစားနဲ့တူအောင်ညှိထားရလို့ပါ)

နောက်ထပ် နောက်ထပ် လှူဒါန်းသွားမယ့်အကြိမ်တွေအတွက်( မလှူခင်မှာရှိနေတဲ့ လှူဒါန်းချင်တဲ့စိတ် ရှိနေသူများအတွက် )လှူနေရင်းတန်းလန်းနဲ့ပျော်ရွှင်နေတဲ့စိတ် ဖြစ်ခဲ့တဲ့၊ ဖြစ်နေချင်တဲ့သူငယ်ချင်းများအားလုံးအတွက်၊ လှူဒါန်းပြီးသွားတဲ့နောက် ပြီးခဲ့တဲ့ ကုသိုလ်ဒါနကိုပြန်စဉ်းစားရင်း ကျေနပ်ပီတိဖြစ်ရအောင်လို့ ချစ်သော သူငယ်ချင်းများအားလုံးအတွက် အောက်မှာ ဆက်လက် ဖက်ကြည့်ပေးပါဗျာ။
လေးစားစွာဖြင့်
သောင်းဆွေဝင်း ( 95 MP )
No comments:
Post a Comment