Saturday, 13 October 2012

အောက်တိုဘာလ အစည်းအဝေးမှတ်တမ်းနှင့် ကထိန်အစီအစဉ်


အောက်တိုဘာလ ၆ ရက်နေ့
အစည်းအဝေးမြင်ကွင်းတစ်ခုပုံ
ပြီးခဲ့သော စနေနေ့ အောက်တိုဘာလ ၆ ရက်နေ့ လပတ်အစည်းအဝေးမှာ ဆွေးနွေးဖြစ်ခဲ့တဲ့ အကြောင်းအရာ အကျဉ်းကို မှတ်တမ်းအနေနဲ့ မျှဝေပါတယ်။

အစည်းအဝေးမစခင် စင်္ကာပူ ခေတ္တခဏ အလည်အပတ် ရောက်နေသော ဆရာမ ဒေါ်ညွန့်ရီ (မြို့ပြ) နှင့် မြို့ပြမေဂျာ ကျောင်းသူ ကျောင်းသားဟောင်းများ ဆုံတွေ့ရန်ရောက်ရှိလာသဖြင့် သိုက်သိုက်ဝန်းဝန်းနှင့် ပျော်ရွင်စွာကောင်းသော ညနေခင်း တစ်ခုဖြစ်ခဲ့ပါတယ်။ အတန်းကြီးသမားတွေနဲ့ အတန်းငယ်သမားတွေ အပြန်အလှန် မိတ်ဆက် ဆုံတွေ့ခွင့်ရရှိခဲ့တဲ့အပြင်၊ ဆရာမအား ကျွန်တော်တို့ အဖွဲ့ရဲ့လုပ်ငန်းဆောင်တာ၊ ရည်ရွယ်ချက်၊ ကန်တော့ခံ ဆရာဆရာမ ရွေးချယ်ပုံများအား အသေးစိတ် ရှင့်လင်းတင်ပြခဲ့ပြီး ကန်တော့ခွင့် ရရှိခဲ့ကြပါတယ်။

ထို့နောက် ထုံးစံအတိုင်း အစည်းအဝေးကို ဆက်လက်ပြုလုပ်ခဲ့ကြပြီး အဓိက အကြောင်းအရာ (Agenda) သုံးမျိုးဆွေးနွေးဖြစ်ခဲ့ပါတယ်။


ပထမအကြောင်းအရာအနေနဲ့ လစဉ်အလှုငွေကောက်ခံခဲ့ပြီး အောက်တိုဘာလအတွက် ကန်တော့ခံဆရာဆရာမများကို ရွေးချယ်ခဲ့ကြပါတယ်။
၁။ ဒေါ်ခင်လေးနွယ် (စာပေဌာန)
၂။ ဒေါ်မာလာစိုး (စာပေဌာန)
၃။ ဒေါ်ရီရီမြင့် (မြို ့ပြ)
၄။ ဒေါ်အေးအေးမြင့် (မြို့ပြ)
၅။ ဒေါ်မီမီစန်း (စက်မှုစွမ်းအား)
၆။ ဦးခင်မောင်လတ် (စက်မှုပုံစံပြု)
ကန်တော့ငွေ မြန်မာကျပ် ၆ သိန်းတိတိအား ရန်ကုန်မှတဆင့် ယခုလအတွင်း လွှဲပြောင်းပေးပို့ သွားပါမယ်။ ထို့အတူ ယခုနှစ် မော်လမြိုင်တွင်ကျင်းပပြုလုပ်မည်ဖြစ်သော မွန်ဂျီတီအိုင် ဆရာကန်တော့ပွဲအား အဖွဲရန်ပုံငွေမှ မြန်မာကျပ်ငွေ (၂) သိန်းတိတိအား လွှဲပြောင်းလှုဒါန်းပေးသွားမည်ဖြစ်ပါတယ်။

သူငယ်ချင်းများနှင့်ပျော်ရွင်စွာဖြင့်
ဒုတိယအကြောင်းအရာအနေနဲ့ ကျွန်တော်တို့စင်္ကာပူရောက် မွန်ဂျီတီအိုင်အဖွဲ့ရဲ့ ပဥ္စမအကြိမြောက် ကထိန်သင်္ကန်း ကပ်လှူပူဇော်ပွဲကို ထုံးစံမပျက်ကျင်းပဖို့ဆွေးနွေးတိုင်ပင်ဖြစ်ခဲ့ပါတယ်။ဘုန်းကြီးကျောင်းများအား လိုက်လံစုံစမ်းရာ ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့တဲ့ ဖားအောက်တောရကျောင်း ကထိန်ရက်က(၃)ရက် စနေနေ့ဖြစ်နေ၍ အားလုံးအဆင်ပြေစေရန် နို၀င်ဘာ ၄ ရက် နေ့ လုပ်ခွင့်ပေးနိုင်တဲ့ တိုပါးရိုးဘုန်းကြီကျောင်း (စင်္ကာပူ) မှာပြုလုပ်ဖို့ဆုံးဖြတ်ဖြစ်ခဲ့ပါတယ်။

နေ့ရက်။  ။ နိုင်ဝင်ဘာ ၄ ရက်နေ့အတည်ဖြစ်ပြီး အကျွေးအမွေးနဲ့အလုပ်အကိုင် အစီစဉ်ကို ထပ်မံညှိနှို်င်းတိုင်ပင်ဆွေးနွေးကြဖို့ရှိပါတယ်။ သူငယ်ချင်းများဆီက အကူအညီ (သို့) အကြံအဉာဏ်(သို့) အလှုငွေများ ပါဝင်လှုဒါန်းကုသိုလ်ယူကြဖို့လည်း ဖိတ်ခေါ်ပါတယ်။

ကထိန်အလှူအတွက် ပါ၀င်ကုသိုလ်ယူမယ့်သူများအနေနဲ့ အောက်ပါ အဖွဲ့ဝင်များထံကိုလည်း ဆက်သွယ်လှူဒါန်းနိုင်ကြကြောင်းလည်း အသိပေးပါတယ်။

၁။ သောင်းဆွေဝင်း(၉၅-စက်မှုစွမ်းအား) - ၉၀၂၉ ၀၄၂၉
၂။ စောအောင်ထွန်းဦး (မဝေနွယ်)(၉၇-စက်မှုပုံစံပြု) - ၉၀၉၈ ရ၈၆၄
၃။ ကျော်လွင်ဝင်း (၉၆-စက်မှုစွမ်းအား) - ၉၃၈၃ ရ၃၂၄
၄။ ထွေးစိုးဟန် (လျှပ်စစ်စွမ်းအား) - ၉၈၅၁ ရ၁၂၇
၅။ နိုင်ဝင်း (၉၈-လျှပ်စစ်ဆက်သွယ်) - ၉၄၅၅ ၆၄၄၁
၆။ ဇင်မင်းအောင်(သတင်းနှင့်နည်းပညာ) - ၈၂၉၉ ၈၂၁၀
၇။ အိအိခိုင်(၉၈-လျှပ်စစ်စွမ်းအား) - ၉၆၄၇ ၈၂၃၇
၈။ ကြေးမုံဝင်း(၉၉-လျှပ်စစ်စွမ်းအား) - ၉၇၂၆ ၂၄၅၇
၉။ အေးနန္ဒာဝင်းမောင်(၉၈-မြို့ပြ) - ၉၁၄၄ ရ၄၄၇

တစ်ချို့တွေက ဒီလိုစားသောက်ခဲ့ကြ
နောက်ဆုံးတစ်ခုကတော့ ကျွန်တော်တို့နှစ်နှစ်ဆက်တိုက်မပြုလုပ်ဖြစ်ခဲ့သော gathering အစီအစဉ်ကို ပျော်ရွှင်စေရန်နှင့် အဖွဲ့ရန်ပုံငွေရစေရန် ပုံစံတစ်မျိုးပြောင်းပြီး  စျေးရောင်းပွဲအဖြစ်ပြုလုပ်ဖို့ စဉ်းစားထားပါတယ်။ အဖွဲ့ရန်ပုံငွေဆိုတာက ယခုလိုလစဉ် ဆရာဆရာမများ ကန်တော့ဖို့စုထားတဲ့ ရန်ပုံငွေကို ဆိုလိုခြင်းဖြစ်ပါကြောင်းနှင့်၊ နေရာ၊ နေ့ရက်နှင့် အစီအစဉ်အသေးစိတ်ကို ဆက်လက်တိုင်ပင်ဆွေးနွေးသွားဖို့ရှိပါကြေင်း အသိပေးအပ်ပါတယ်ခင်ဗျာ။

လေးစားစွာဖြင့်
မွန်ဂျီတီအိုင်အဖွဲ့ (စင်္ကာပူ) ကိုယ်စား

Admin Mon GTI
www.mongti.com
www.facebook.com/mongtigtcgtu

No comments:

Post a Comment