Sunday, 14 October 2012

စက်တင်ဘာလ ကန်တော့ခံ ဆရာဆရာများရဲ့ပြန်စာများ


ပြီးခဲ့တဲ့ အောက်တိုဘာလ (၉) ရက်နေ့မှာ ဆရာဆရာအချို့ရဲ့ အလှုငွေလက်ခံရရှိကြောင်းနှင့် ဆုမွန်ကောင်းတောင်း ပြန်စာများ လက်ခံရရှိခဲ့ပါတယ်။
ပြန်စာရေးသားပေးသော ဆရာ၊ ဆရာမများကတော့ စက်တင်ဘာလ ကန့်တော့ခံ စာရင်းမှ
၁။ ဒေါ်ခင်နန်းမြင့် (စာပေဌာန)
၂။ ဦးလှရွှေ (လျပ်စစ်စွမ်းအား ဌာန)
၃။ ဦးမင်းကြည်လွင်(စက်မှုစွမ်းအားဌာန) ကိုယ်စား ဇနီးဒေါ်မော်မော်နိုင်
၄။ ဦးမင်းသိန်းကြွယ် (မြို့ပြဌာန)
၅။ ဦးသိန်းဦး (စက်မှုစွမ်းအားဌာန)


ဆရာမ ဒေါ်ခင်နန်းမြင့်က ကျေးဇူးတင်ကြောင်းပြောသွားခဲ့သလို၊ ဆရာဦးလှရွှေက ဝမ်းမြောက်ကြောင်းနှင့် ကျန်းမာကြောင်း၊ ဆရာဦးမင်းသိန်းကြွယ်၊ ဆရာဦးမင်းကြည်လွင်၏ဇနီးနှင့် ဆရာဦးသန်းဦးတို့မှ ယခုလိုလှုဒါန်းသော Mon GTI ကျောင်းသူကျောင်းသားဟောင်းများ ကျန်းမာချမ်းသာကြဖို့ ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။



ကျွန်တော်ခံစားမိတာကတော့ လက်ရှိအချိန်အထိ ကျွန်တော်တို့ရဲ့ စေတနာ၊သဒ္ဒါတရားဟာ ကျေးဇူးရှင်ဆရာဆရာများအတွက် အသုံးဝင်နေဆဲ၊ အကျိူးရှိနေဆဲဖြစ်ပြီး ဆရာတပည့် သံယောဇဉ် ရောင်ပြန်သန်းနေဆဲလို့လို့ ထင်မြင်ယူဆမိပါတယ်။ အထူးသဖြင့် ဆရာဦးသိန်းဦး ဆုတောင်းပေးတဲ့ " လူမှုရေး၊ စီးပွားရေး၊ ဘာသာရေးတို့တွင် အတိုင်းထက်အလွန် အကျိုးများစွာ အောင်မြင်ပြီး" ဆိုတာကို သတိထားမိပါတယ်။



တကယ်တော့ ဆရာ၊ဆရာမတွေဟာ ကျွန်တော်တို့ကို ဘဝရပ်တည်ဖို့ ပညာသင်ပေးယုံတင်မကဘူး ဘဝအတွက် အရေးပါတဲ့ တစ်ခြားကဏ္ဍတွေမှာလည်း အောင်မြင်စေဖို့ စေတနာ၊ ဆန္ဒရှိနေခဲ့တာပါလားလို့ပြန်လည် အမှတ်ရမိပါတယ်။ ကျွန်တော်တို့ငယ်ရွယ်တုန်းက လစ်လျူရှုထားခဲ့တဲ့ တစ်ချို့ အချက်အလက်တွေ အဆုံးအမတွေကို အနည်းအကျဉ်းပဲဖြစ်ဖြစ် လက်ခံ လိုက်နာကြဖို့ လိုအပ်နေပြီလို့လည်း ယူဆမိပါတယ်။

အားလုံးသော သူငယ်ချင်းများလည်း ပူးတွဲပါစာများကို ဖတ်ရှုကြည့်ကြပြီး ဘယ်လို ထင်မြင် ခံစားရသလဲ ဆိုတာကို ပြန်လည်ဝေမျှပေးဖို့ ဆန္ဒပြုလိုက်ပါတယ်။

လေးစားစွာဖြင့်

မွန်ဂျီတီအိုင်(စင်္ကာပူ) အဖွဲ့ကိုယ်စား

No comments:

Post a Comment