နိုင်ငံခြားသားအလုပ်သမားများအတွက်လမ်းညွှန်
အပိုင်း(၁)
စင်င်္ကာပူမှ ကြိုဆိုနှုတ်ခွန်းဆက်လွှာ
ယဉ်ကျေးမှုများစွာ ရောယှက်နေပြီး မတူညီသောအရာများနှင့် စုံလင်လှသောအရောက်အသွေးများတို့ ဖြင့် ဖွဲ့ စည်းထားသော မြို့ တော်စင်င်္ကာပူမှ ကြိုဆိုနှုတ်ခွန်းဆက်အပ်ပါသည်။ သင်သည် စင်္ကာပူသို့ ပထမဆုံးအကြိမ်ရောက်ရှိလာသူဖြစ်ခဲ့လျှင် ယဉ်ကျေးမှုနှင့် ဘာသာစကားတို့  ကွဲပြားခြားနားနေသောကြောင့် စိုးရိမ်ပူပန်နေရန် မလိုကြောင်း ပြောလိုပါသည်။ ဤလမ်းညွှန်သည် စင်္ကပူတွင်ရှင်သန်ရမည့် သင်၏ ဘဝအသစ်နှင့် လုပ်ငန်းခွင်တို့ တွင် မည်သို့ မည်ပုံ ပျော်ရွှင်စွာဖြတ်သန်းရမည်ဆိုသော အချက်အလက်များအား ဖော်ပြပေးသွားပါမည်။
စင်္ကာပူတွင် အလုပ်လုပ်ခြင်း
လုပ်ငန်းခွင်တာဝန်များနှင့် ခံစားခွင့်များ
လုပ်ငန်းနှင့်ပတ်သတ်သော သင်၏တာဝန်ဝတ္တရားများကို နားလည်သဘောပေါက်ခြင်းသည် သင်၏လုပ်ငန်းဆောင်ရွက်မှုကို ပိုမိုကောင်းမွန် အဆင်ပြေလာစေပါလိမ့်မည်။ သင်၏ အလုပ်ရှင်အား တွေ့ ဆုံ၍ မည်သို့ သော လုပ်ငန်းဆောင်တာများကို သင့်အနေဖြင့်ဆောင်ရွက်ရမည်ဆိုသည့် အကြောင်း သိရှိနားလည်အောင် လုပ်ဆောင်ထားရမည် ဖြစ်ပြီး သံသယဖြစ်ဖွယ်ရာများရှိပါကလည်း ကြိုတင်မေးမြန်း ရှင်းလင်းထားရရပါမည်။
သင်၏ တာဝန်ဝတ္တရားများနှင့် ခံစားခွင့်များအကြောင်း ရေးသားဖော်ပြထားသော အလုပ်ကန်ထရိုက်စာတစ်စောင် သင့်ထံတွင် ရှိနေသင့်ပါသည်။ ယင်းစာထဲတွင် သင်ခံစားရမည့် လစာနှင့် ပတ်သတ်သော အချက်အလက်များ၊ အလုပ်အားလပ်ရက်များ၊ တာဝန်ယူရမည့်ကဏ္ဍများ၊ ကျန်းမာရေးနှင့်ပတ်သတ်သော ခံစားခွင့်များနှင့် အလုပ်မှ ဖယ်ရှားခံနိုင်ရမည့် အကြောင်းအရာများလည်း ပါဝင်ရပါမည်။
ပျော်ရွှင်စွာနေထိုင်နိုင်ရေး
သင်၏ မိခင်နိုင်ငံမှ လုပ်သားများစွာတို့  စင်္ကာပူတွင် အလုပ်လုပ်ကိုင်နေလျှက်ရှိကြပြီး သင့်အနေဖြင့် စင်္ကာပူတွင် လျင်လျင်မြန်မြန် အခြေတကျဖြစ်စေရန် ထိုသူတို့  က အကူအညီပေးနိုင်ကြပါလိမ့်မည်။
လုပ်ငန်းအားလပ်ရက်များတွင် ယင်းမိတ်ဆွေများနှင့် တွေ့ ဆုံခြင်း သို့ မဟုတ် အခြားသောလှုပ်ရှားမှုတစ်ခုခုတွင် ပါဝင်ဆောင်ရွက်ခြင်းအားဖြင့် သင်၏ နေ့  စဉ်ဘဝသည် ပိုပြီးပျော်ရွှင်ဖွယ်ကောင်းလာပါလိမ့်မည်။ ပြဿနာ တစ်စုံတစ်ရာ နှင့် ကြုံတွေ့ လာပါကလည်း ထိုမိတ်ဆွေများက ကူညီဖြေရှင်းပေးနိုင်လိမ့်မည်။
(ဆက်လက်ဖော်ပြပါမည်)
No comments:
Post a Comment