Sunday, 19 April 2009

Mon GTI/GTC/GTU ဆုံဆည်းရာနှင့်ပတ်သတ်၍

Mon GTI/GTC/GTU ဆုံဆည်းရာ နှင့်ပတ်သတ်၍ ကျွန်တော်ပြောစရာလေးတစ်ခုရှိပါတယ်။
ယခုအချိန်ထိ ကျွန်တော်တို့ ဆီကို member registration လုပ်တာ 142 ဦးရှိပါပြီ။ စိတ်ပါဝင်စားကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ထပ်မံလည်း ခေါ်ဖိတ်အပ်ပါတယ်။ ဒါပေမယ့် အခုတလော ကျွန်တော့စိတ်ထဲမှာ သံသယဖြစ်နေတာ တစ်ခုက တစ်ချို့ မင်ဘာတွေဟာ ကျွန်တော်တို့  ကျောင်းကမဟုတ်ဘူးလို့  ခံစားမိတယ်။
အစကတော့ အားလုံးအဆင်ပြေအောင် စည်းကမ်းချက်တွေ မလုပ်တော့ဘူးလို့  စဉ်းစားထားပေမယ့် နောက်ပိုင်းမလိုအပ်သော ပြဿာနာတွေ မဖြစ်လာအောင် တစ်နည်းနည်းနဲ့ လုပ်ကြည့်ဖို့ စဉ်းစားမိပါတယ်။ ကျွန်တော်တို့ ကျောင်းက ကျောင်းသားဟောင်း၊ ကျောင်းသားအသစ်များမှလွဲရင် တခြားသူတွေကို ပယ်ဖျက်လိုက်ပါမယ်။ ထို့ ကြောင့် အချက်အလက်တစ်ချို့ ကို ကျွန်တော့ဆီ (သို့ ) မိမိ ကိုယ်ပိုင်စာမျက်နှာများတွင် ရေးသားတင်ပြပေးကြပါလို့  မေတ္တာရပ်ခံပါတယ်။

၁။ နာမည်ကို မူရင်း(သို့ ) တစ်ခြားပေးနိုင်ပါတယ်။ မူရင်းဖြစ်ရင်ပိုကောင်းပေမယ့် သင့်တော်သော Nick name များကိုလည် အဆင်ပြေသလို ပေးနိုင်ပါတယ်။ (သူငယ်ချင်းများမှတ်မိရန် ရည်ရွယ်၍)

၂။ မိမိရဲ့ မေဂျာ၊ ကျောင်းပြီးတဲ့ခုနှစ်(သို့ ) လက်ရှိကျောင်းတက်နေဆဲ စသည်ဖြင့် ဖော်ပြပေးလိုပါတယ်။

၃။ မွေးနေ့ သက္ကရာဇ်များကိုတော့ Register လုပ်ရင် အမှန်ဖြည့်ပေးပါ။ အသက်မဖော်ပြချင်ရင်လည်းရပါတယ်။ Show my birthday ကိုတော့ Click လုပ်ထားစေချင်ပါတယ်။ ဒါမှ သူငယ်ချင်းတွေ မွေးနေ့ ဆုတောင်းပေးပို့ နိုင်ပါလိမ့်မယ်။

၎။ ဓါတ်ပုံများကိုတော့ profile တွင် မိမိပုံတင်စေလိုပါတယ်။ Photo Album ထဲမှာတော့ မိမိနှင့်သက်ဆိုင်သော၊ ကျောင်းသားဘဝ၊ လက်ရှိဘဝ၊ (သို့ ) မိမိဒေသ၊ ကျောင်းနှင့်သက်ဆိုင်သော ပုံများကိုသာ တင်စေလိုပါတယ်။ မလိုအပ်၊မသင့်တော်သော ပုံများကို ပယ်ဖျက်ရပါလိမ့်မယ်။

၅။ ယနေ့ မှစ၍ ကျွန်တော်သံသယဖြစ်သော Member များကို Pravite Message ပေးပို့ ၍ အသိပေးအကြောင်းကြားသွားပါမည်။ တစ်လအတွင်း ကျွန်တော်ထံသို့  နာမည်ရင်း၊ မေဂျာ၊ ကျောင်းတက်ခုနှစ်များကို ပြန်လည် မဖြေကြားပေးနိုင်သော Member များအား စာရင်းမှ ပယ်ဖျက်ရပါလိမ့်မည်။

နှစ်သစ်မှာ သူငယ်ချင်းများအားလုံး ပျော်ရွှင်နိုင်ပါစေ။
မိမိတို့ ၏ စိတ်ကူး၊ အကြံဥာဏ်များလည်း ဆွေးနွေးပြောဆိုနိုင်ကြပါစေ ခင်ဗျာ။

3 comments:

  1. ဦးဇော်မင်းထွေး23 September 2009 at 14:16

    ကျောင်းသားတွေကိုပဲဝင်ခွင့်ပြုမှာလား ဆရာတွေကိုရောဝင်ခွင့်မပေးဘူးလား. ဆရာက နည်းပညာကောလိပ်မော်လမြိုင်ကပါ.အီးပီဌာနကပါ.အခုတော့ပြည်ပနိုင်ငံတစ်ခုမှာပါ

    ReplyDelete
  2. သို့ 
    ဆရာ ဦးဇော်မင်းထွေးခင်ဗျာ။
    ဒီကော်မန့် ကို အခုမှတွေ့ မိလို့ reply လုပ်တာနောက်ကျသွားတာ ခွင့်လွတ်ပါ။
    တကယ်တော့ အားလုံးအတွက် ဖန်တီးထားတာပါ။ ဆရာ၊ဆရာမ၊ကျောင်းသူကျောင်းသားမရွေးဝင်ခွင့်ရှိပါတယ်။ ကျောင်းနဲ့ ပတ်သတ်မှုမရှိတဲ့သူတွေကိုပဲ filter လုပ်ချင်တာပါ။
    ပြီးခဲ့တဲ့နှစ်ကတောင် ဆရာကြီးဦးဌေးအောင် member ဝင်သေးတယ်။ ကျွန်တော်တို့ အတွက် ပိုမိုပျော်ရွှင်ကျေနပ်မိပါတယ်။
    လေးစားစွာဖြင့်....

    ReplyDelete
  3. ကိုမင်းသူ
    ကျမက EP နဲ့ 1997မှာကျောင်းပြီတာလေ
    အခု နည်းပညာမှာ ဆရာမလုပ်နေတဃ်

    ReplyDelete