လူငယ်မှန်ရင် စွန့် စားရဲရမယ်လို့ တော့ ငယ်ငယ်လေးကတည်းက နားလည်ထားတာပါပဲ။ ဒါပေမယ့် ဆရာဖွင့်ဆို ပြသွားတဲ့ စွန့်  တယ်ဆိုတာ စားရဖို့ လို့ တော့ စိတ်ထဲသိပ်မရှိပါဘူး။ အများအားဖြင့် နားလည်ထားတဲ့ ပုံစံကတော့ လောင်းကစားလုပ်သလို ကိုယ့်ရှိတာ ထိုးပြီး အမြတ်လိုချင်တယ် ဆိုတာပါပဲ။ အနည်းဆုံးတော့ အရင်းပြန်ရဖို့  မျှော်လင့်ကြတယ်။ ဒီလိုနဲ့ ပဲ ကျွန်တော်လည်း မိဘရဲ့ ရှိစုမဲ့စု အိမ်ခြံပေါင်ပြီး ဘဝကို လောင်းကစားလုပ်ခဲ့တယ် ဆိုပါစို့ ။ အရင်းအနှီး ကတော့ ဆရာပြောတဲ့ အမျိုးအစားတွေ အပြင် ကိုယ့်အတ္တ မာန အားလုံးကို ပေးဆပ်လိုက် ရတယ်။ အလုပ်တစ်ခုရဖို့  ပင်ပန်းရခြင်း၊ ဒီအလုပ်မှာ အဆင်ပြေဖို့  ရုန်းကန်ရခြင်း၊ အလုပ်ရှင် ပြောသမျှ ဆိုသမျှ ခေါင်းငုံ့ ခံ နေရခြင်း စသည်ဖြင့် ကျွန်တော်တို့ နဲ့  အံဝင်အောင် ကိုယ်ကိုကိုယ် အားလုံးပြောင်းလဲ ပစ်ပေါ့။ လူတစ်ချို့ တော့ အဆင်ပြေကြပါတယ်။ တစ်ချို့ ကတော့ လိမ်ဖယ် လိမ်ဖယ် နဲ့ ပေါ့။ ကျွန်တော့ အတွက်တော့ ဘဝဆိုတာ ရုန်းကန်ခြင်း လို့ နားလည်ထားတော့ သိပ်မထူးဆန်းတော့ပါဘူး။
ဒါပေမယ့် ကျွန်တော် ပြန်လည်စမ်းစစ်ကြည့်မိတော့ နိုင်ငံခြားထွက်တဲ့သူတွေဟာ အလွှာပေါင်းစုံ အမျိုးအစား ပေါင်းစုံ တွေ့ နေရတယ်။ ပညာတတ်၊ အလယ်အလတ်ကအစ၊ ရရာကြုံရာလုပ်မယ် ဆိုတဲ့သူတွေအထိ တွေ့  ရတယ်။ ငယ်ငယ်တုန်းက ဆရာခင်မောင်းသန်းတို့ ထုတ်တဲ့ ‘သင့်ဘဝ အောင်မြင်ရေး’ မဂ္ဂဇင်းကို ပြန်သတိရမိတယ်။ စာရေးဆရာမ ဂျူး၊ ဆရာဖေမြင့်တို့ ရဲ့ အင်တာဗျူး၊ နားမလည်ပေမယ့် စိတ်ဝင်စားခဲ့တဲ့ ဦးနှောက်ယိုစီးမှု ပြဿာနာ၊ စသည့် ဆောင်းပါတွေနဲ့ အတူ အောင်မြင်ရေး ဆောင်းပါတွေပါတဲ့ မဂ္ဂဇင်းကို လတိုင်းဝယ်ဖတ်ပြီး နားလည်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် ဥာဏ်မမှီတော့ ကျွန်တော်တို့ ဟာ စနစ်တစ်ခုရဲ့  သားကောင်ဆိုတာကို နားမလည်ခဲ့ပါဘူး။ လူတွေ migration လုပ်တာဘာကြောင့်လဲဆိုတဲ့ အဖြေကို ကျွန်တော်မထုတ်နိုင်ခဲ့ဘူး။
ဒီနေရာမှာ မှန်တယ်မှားတယ်ဆိုတာထက် အကျိုးအမြတ်ကိုပဲ ကျွန်တော် အမြဲလိုလို တွေးနေမိတယ်။ စောစောကပြောတဲ့ အထဲက ပညာတတ်လူတမ်းစားကတော့ အတိုင်းအတာတစ်ခုထိ အဆင်ပြေနေလိမ့်မယ်။ ဒါပေမယ့် သေချာတာက အလယ်အလတ်နဲ့  အောက်ခြေအနေနဲ့ တော့ ရင်းနှီးပေးဆပ်လိုက်ရတာနဲ့  ပြန်ရတာ ဘယ်လိုမှ ကာမိမှာမဟုတ်ဘူးဆိုတာ သေချာပါတယ်။ ဘာဖြစ်လို့  လဲဆိုတော့ နိုင်ငံခြားတိုင်းပြည်ဆိုတာ ပညာတတ်တွေကိုပဲ ရေရှည်လိုချင်တာ။ ကျန်တဲ့သူတွေကို အချိန်အတိုင်းတာတစ်ခုအထိ အသုံးချပြီးရင် စွန့်  ပစ်လိုက်မှာပဲ။ ပညာတတ်တွေကတော့ အခွင့်အရေးတွေနဲ့ ခံစားခွင့်တွေအတွက် အမြဲတမ်းနေထိုင်ခွင့်လျှောက်၊ နိုင်ငံသားပြောင်း စသည်ဖြင့် တစ်ခုပြီးတစ်ခု ပြောင်းလဲရင်းနဲ့  နောက်ဆုံးတော့ ကိုယ့်နိုင်ငံနဲ့ ဘာမှ မသတ်ဆိုင်တော့တဲ့ သူတွေဖြစ်သွားကြတယ်။ သူတို့  တွေအတွက်တော့ အဆင်ပြေပါတယ်။ ဒါပေမယ့် နိုင်ငံအတွက်တော့……
ဒီလိုပဲ ကျွန်တော်တို့ လို အလယ်အလတ်နဲ့ အောက်ခြေသမားတွေအတွက်ကတော့ တော်တော်လေးကို လိမ္မာပါးနပ်မှလို့  ကျွန်တော်နားလည်ရပါတယ်။ တစ်နေ့ တစ်ချိန်ကျရင် ကိုယ့်အိမ်ကိုယ်ပြန်ပြီး ထိုင်စားရရုံလေး အတွက်နဲ့ တော့ စွန့် စားရတာ သိပ်မတန်ပါဘူးဗျာ။ ကျွန်တော်တို့  အတွက်ဘာတွေ သယ်ဆောင်သွားနိုင်မလဲ ဆိုတာ အရမ်းအရေးကြီးပါတယ်။
လေးစားစွာဖြင့် …….
Min Thu(EP,99)
No comments:
Post a Comment