Sensors အမျိုးအစား များစွာ ရှိသည့်အနက်မှ ကျွန်တော်အသုံးပြုခဲ့သော Optical Slot Sensor အကြောင်းကိုရေးမယ်လို့စိတ်ကူးရပါတယ်။ တချို့က Optical Slot Switch လို့လည်းခေါ်ပါတယ်။ အင်တာနက်မှာရှာချင်ရင်တော့ optical slot switch လို့ ရိုက်ထည့်မှ တွေ့ရမှာဖြစ်ပါတယ်။ တကယ်တမ်းကျတေှာ့Senors ခေါင်းစဉ် အောက်မှာကိုပဲ့ အမျိုးအစားနဲ့ အသုံးချမည့်နေရာပေါ်မူတည်ပြီး စုံလင်လှပါတယ်။ Mechanical နဲ့ဆိုင်တဲ့ Motion speed sensors ၊ Pneumatic valve များတွင်သုံးတဲ့ Pneumatic Sensors ၊ Fiber Optic Sensor အစရှိသော အမျိုးအစားစုံလင်လှတာကို တွေ့ရပါမယ်။ တကယ်တမ်းကျတော့ Sensors ရဲ့ အလုပ်လုပ်ပုံကတော့အရာဝတ္ထုတစ်ခုကို အာရုံခံပြီး Control လုပ်မယ့် Input Program ထဲ့သို့ Input Signal တစ်ခုပေးခြင်းပဲ့ဖြစ်ပါတယ်။ Sensor များအကြောင်းကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါတယ်။
ထိန်းချုပ်စနစ်ကတော့ မိမိရဲ့ထိန်းချုပ်လိုတဲ့ စနစ်တစ်ခုရဲ့အလုပ်လုပ်ပုံ Logic Flow ပေါ်မှာမူတည်ပြီး ဘယ်နေရာမှာ တပ်ဆင်မလဲဆိုတာက အသုံးပြုမယ့်သူရဲ့ Machine Design အပေါ်မှာမူတည်ပါတယ်။
ကျွန်တော်နဲ့ Slot Sensors
Slot Senors ဆိုတာ အလင်းအမှောင် ကိုအာရုံခံပြီး Switch အဖွင့်၊အပိတ်အနေဖြင့် ထိန်းချုပ်ပေး တဲ့ Device တစ်ခုဖြစ်ပါတယ်။
၎င်း Slot Sensors များကတော့ ကျွန်တော့တို့အလုပ်ထဲမှာ အသုံးများတဲ့ Optical အလင်း ကို အသုံးပြုပြီး အဖွင့်အပိတ် ထိန်းချုပ်ပေးတဲ့ Switch sensors ပဲ့ဖြစ်ပါတယ်။
ကျွန်တော်အလုပ်ခွင်ထဲစရောက်ကာစမှာတော့ ဒီ Sensors ကိုဘယ်လိုသုံးရမယ် ဆိုတာမသိပါဘူး။ Sensors ဆိုတဲ့ဟာကို ကြားဖူးတာပဲရှိခဲ့တာပေါ့ မမြင်းဖူးဘူး။ PLC သင်တန်းသွားတက်တော့ Proximatry Sensor ကိုစမြင်ဘူးပါတယ်။ ဒါပေမယ့် မသုံးရလိုက်ပါဘူး။ ဘယ်လိုနေရာမှာသုံးရတယ်ဆိုတာကို စပြီးလေ့လာဖြစ်ခဲ့တယ်။
အဲဒါနဲ့ ဒီကိုရောက်လာပြီး အလုပ်ခွင်ထဲ စရောက်တော့ Sensors တွေနဲ့ စပြီးထိတွေ့ အသုံချခွင့်ရလာပါတယ်။ ကိုယ်ကိုတိုင် Wiring connection လုပ်၊ ပြီးတော့ Automation Machine ပေါ်မှာ နေရာချ။ အဲဒါနဲ့ပဲ ဘယ်နေရာမှာနဲ့ ဘယ်လိုအသုံးချရမလဲဆိုတာကိုသိလာပါတယ်။ Engineering Field ထဲမှာ Device တစ်ခုကို ဘယ်လိုအသုံးချရမလဲဆိုတာလည်း အရမ်းအရေးကြီးပါတယ်။
Slot Sensor ပုံစံများကတော့ U-shape, L-shape, T-shape ပုံစံများရှိကြပြီး၊ မိမိအသုံပြုလိုသည့် နေရာကိုလိုက်ပြီး ရွေးချယ်ရပါတယ်။ Sensor များတွင် NPN type နှင့် PNP type ဆိုပြီး ၂မျိုး ရှိသည်ဟုလည်း သိထားရပါမည်။ အထက်ပါပုံတွင်ပြထားသော Sensor များသည် Omron မှထုတ်သော Slot Sensor များဖြစ်ပါသည်။
ကျွန်တော်အသုံးပြုခဲ့ဘူးတဲ့ Machine ကတော့ အပေါ်မှာပြထားတဲ့ Sample လိုပါပဲ့ Product သို့မဟုတ် Mechanical Teeth Plate ပေါ်မှာမူတည်ပြီး Slot sensor device ကနေ Output Signal ကိုရယူခြင်းပါ။
ဒီနေရာမှာ Teeth Pate ဆိုတာက Steel Plate တစ်ခုပေါ်မှာ မိမိရဲ့ Machine design နှင့် Application ပေါ်မူတည်ပြီး Distance အကွာအဝေးတစ်ခုတိုင်းမှာ Marking တစ်ခု သို့မဟုတ် အလင်းဖြတ်နိုင်စေရန် slot ပြုလုပ်ထားခြင်းပါပဲ။ ဒါနဲ့ Sensor ဟာ သူ့ရဲ့ Slot ထဲကနေ ဖြတ်သွားမယ့် Label သို့မဟုတ် Teeth Plate ရဲ့ Marking (Time and Distance) ပေါ်မူတည်ပြီး Sensor output wire မှ Signal ကိုရရှိမှာ ဖြစ်ပါတယ်။ ၄င်း Signal ကို မိမိအသုံးချလိုသော System (PLC module ရဲ့ Input, Control လုပ်လိုသော Servo Motor Control Unit Input, Triggering လုပ်လိုသော Device) များနဲ့ ဆက်သွယ်ပြီး မိမိ System ရဲ့ Program Flow ကိုရေးနိုင်ပြီဖြစ်ပါတယ်။
Connection Wiring လုပ်ပုံ
သာမန်အားဖြင့် Slot Sensors များတွင် Wire လေးပင် နှင့် သုးံပင် ဆိုပြီးတွေ့ရလေ့ရှိပါတယ်။ ကျွန်တော်အသုံးပြုဖူးသော Sensor ကိုအောက်တွင်ပြထားပါတယ်။ အမျိုးအစားကတော့ OPB841W55Z ဖြစ်ပါတယ်။
ပထမဆုံးအနေဖြင့် ၄င်း Sensors Device များရဲ့ Color Code များကိုလည်း သိထားဖို့လိုအပ်ပါသေးတယ်။
တစ်ချို့သော Sensor များတွင် အသုံးပြုပုံ Manual Spec များနဲ့တွဲပါပါတယ်။ တစ်ချို့ Sensor များတွင်ပါလေ့မရှိပါ။ မိမိကိုယ်တိုင် Soldering Connector တွင် Wiring လုပ်ရမှာဖြစ်ပါတယ်။ အခြေခံအားဖြင့်သိထားသင့်တာကတော့ အောက်ပါပုံအရ
Red Color .. + (5 ~24V), Black .. -0V, Green.. Com (-0V), White … Output Signal ဖြစ်ပါတယ်။
Other Sensors’ Pin Wire Color Code
1) Brown… positive, Blue… negative, Black or White… Output Signal
2) Red…positive, Black… negative, White… Output Signal
Manual မပါဘဲ မိမိကိုယ်တိုင် Solder Wiring လုပ်ရတော့မည်ဆိုလျှင် အထက်ပါ Standard Color Code များကိုသိထားသင့်ပါတယ်။
အထက်ပါ Slot Sensor ရဲ့ Pin Spec ကိုကြည့်ပါ။ Pin 1 and Pin 2 သည် အလင်းထုတ်မည့် Diode ရဲ့ Cathode and Anode Pin များဖြစ်ပြီး ၄င်း Pin 1 ကို 0V နဲ့ဆက်ထားပြီး Pin2 ကို (+5~24V)ဆက်ထားရမည်။ ပြီးနေက် Pin 4 Green ကိုလည်း Common အနေဖြင့် Pin1 နဲ့ထပ်တူဖြစ်သော 0V နဲ့ဆက်ထားရပါမည်။ အရာဝတ္ထု တစ်ခုကို ၄င်း Slot Sensor အတွင်းသို့ဖြတ်သွားသောအခါ Pin3 White color ဖြစ်တဲ့ Wire မှ output signal ထွက်လာပါလိမ့်မည်။
၎င်း Output Signal သည် 0V negative signal ဟုခေါ်ပြီး တစ်ခြားအမည်အနေဖြင့် (NPN signal) ဟုလည်းခေါ်ပါသည်။ ၄င်း Signal ကို မိမိအသုံးချမည့် System Input သို့ဆက်သွယ်ထားရပါမည်။
သို့မဟုတ် Magnet Relay တစ်ခု၏ Input သို့ ဆက်သွယ်ပြီးလည်း Output ကိုစမ်းသပ်နိုင်ပါတယ်။
ကျွန်တော်အထက်တွင်ပြောခဲ့သည့်အတိုင်း Slot Sensor တွင် NPN နှင့် PNP ဆိုပြီး ၂ မျိုး ရှိသည့်အတွက် NPN သည် 0V Signal ကိုထုတ်ပြီး၊ PNP သည် positive ဖြစ်တဲ့ (+5~24V) Signal ကိုထုတ်ပေးပါသည်။
0V signal (NPN) ဟုဘာကြောင့်ခေါ်လည်းဆိုတော့ Connection အနေဖြင့်ကြည့်လျှင် Output Side ဖြစ်သော Pin 4 Emitter Green color pin ကို Common အနေဖြင့် 0V နဲ့ဆက်ထားခြင်းဖြစ်သော ကြောင့် Sensor active ဖြစ်သောအချိန်တွင် Pin 3 နှင့် Pin 4 ဆက်သွယ်ပါသည်။ ဒါကြောင့် Sensor ဆိုတာ Switch Function အတိုင်း ON OFF လုပ်ပေးသော Device တစ်ခုဖြစ်ကြောင်း နားလည်သဘောပေါက်မည်ဖြစ်ပါတယ်။
မိမိအနေဖြင့် NPN Slot Sensor ကိုအသုံးချမိသောအခါ Wire ဆက်ပြီးနေက် ၄င်း Pin 4 ကို 0V common ဆက်ထားခြင်းရှိမရှိကိုစစ်ဆေးနိုင်ပါတယ်။
PNP Slot Sensor အသုံးပြုသောအခါ Pin 1, 2 သည် Supply အနေဖြင့် (0-24V) ပေးရပြီး၊ Pin 4 Emitter Pin ကို Common (+5~24V) နဲ့ ဆက်ရပါမည်။ ထို့အတွက်ကြောင့် Pin 3 Output wire မှ PNP signal ဖြစ်သော (+5~24V) ကိုရရှိမည်ဖြစ်ပါသည်။
Wire ၃ ပင် တည်းလာသော Sensor များသည် Common လုပ်ရမည့် Pin Wire မပါဘဲ ၄င်း Common Pin ကို Device အထဲတွင်ပင် NPN နှင့် PNP type တွင်မူတည်ပြီး ဆက်ထားပြီးဖြစ်ပါသည်။
အောက်ပါ Diagram တွင် Sensor ၏ Internal Connection ကိုလေ့လာနိုင်ပါသည်။
NPN Output Sensor Circuit
Transistor ၏ Emitter pin ဖြစ်သော Blue color pin ကို Common 0V နဲ့ဆက်ထားသည့်အတွက် Collector ဖြစ်သော Black color pin မှ output signal 0V (NPN signal) ကိုထုတ်ပေးပါသည်။
PNP Output Sensor Circuit
Transistor ၏ Emitter pin ဖြစ်သော Brown color pin ကို Common 5~24V နဲ့ဆက်ထားသည့်အတွက် Collector ဖြစ်သော Black color pin မှ output signal (5~24V PNP signal) ကိုထုတ်ပေးပါသည်။
ဒါကြောင့် Device တစ်ခုကို ဘယ်လို Application လုပ်ရမလဲ၊ Troubleshooting လုပ်ရမလဲဆိုတဲ့အပိုင်းသည် Engineer, Technician များဖြစ်လာမည့် ညီနောင်များအတွက် လေ့လာသင့်ပါကြောင်း။
ကြိုးစားပါအုံးမည်။
ကိုမြိတ်
ကိုမြိတ်ရေ
ReplyDeleteကျွန်တော်လုပ်ချင်နေပြီး မလုပ်နိုင်သေးတာမျိုး
ုခင်ဗျား လုပ်နေတဲ့အတွက် အားလုံးကိုယ်စား
ကျေးဇူး အထူးတင်ရှိပါကြောင်း