ဝိုးတိုးဝါးတားနဲ့ နိုးထလာတဲ့
ငါ၏ နံနက်ခင်း ဘယ်သူပိုင်သနည်း?
ငါ၏ နံနက်ခင်း ငါမပိုင်
ငါ၏ ၀ိ ဥာဉ် ငါမဆိုင်
ဖြစ်ချင်တာဖြစ်တဲ့ ငါ့ဘဝ
ဘယ်တော့မှ လှမှာလဲ....၊၊
ဆုံးခမ်းမတိုင်သေးတဲ့
နံရံကြားက ငါ့မျက်ရည်ကိုလည်း
ဘယ်ပန်းချီဆရာက
စိတ်ရှည်လက်ရှည် ထိုင်ဆွဲနေမှာလဲ....၊၊
ဗလာနက်ထိ အဓိပ္ပယ်မရှိတဲ့
ကံကြမ္မာရဲ့ ထိုးနက်မှုကိုလည်း
ငါ့နှလုံးသားကနေ ဘယ်အချိန်ထိ
ဆက်ပြီး တွယ်ကပ်နေမှာလဲ.....၊၊
အကယ်၍
ဘ၀ဆိုတဲ့ ကဗျာ
ငါရေးဖွြဲ့ပီးရင်
ငါ၏ နံနက်ခင်း ငါပိုင်ချင်တယ်
ငါ၏ ၀ိဥာဉ် ငါဆိုင်ချင်တယ်....
ကိုဇင် (IT)
No comments:
Post a Comment