ကျွန်တော်တို့ ဘ၀မှာ အရေးပါတဲ့ စကားလုံး၂လုံးရှိတယ် အဲဒါကတော့ ဆုံးဖြတ်ချက်ချခြင်းနဲ့ ပြတ်သားခြင်းပဲ ဖြစ်ပါတယ်။
ဘာလို့လဲဆိုတော့ ကျွန်တော်တို့ နေ့စဉ်နဲ့ အမျှ ကြုံနေရတဲ့ ပြသာနာ အထွေထွေတွေကို အဆင်ပြေအောင် ဖြေရှင်းဖို့က ဒီနှစ်ချက်ပဲရှိတယ်
ဘ၀မှာ မပြတ်သားခဲ့လို့ နောင်တရတဲ့ သူတွေရှိသလို ဆုံးဖြတ်ချက်ချမှားတဲ့ သူတွေရှိမှာပါ...
ကျွန်တော်ကြုံခဲ့ရတဲ့ ကျွန်တော့်ရဲ့ မပြတ်သားမှုတစ်ခုပေါ့....
ငယ်ငယ်တုန်းက စားမေးပွဲဖြေတဲ့အခါ...အဖြေမှန်တွေရွေးတယ်...ပထမရွေးခဲ့တဲ့ အဖြေက မှန်ရဲ့သားနဲ့...မပြတ်သားတဲ့ စိတ်ရဲ့
အလိုကြောင့်..မှားတဲအဖြေကို...ရွေးခဲ့မိတယ်..တစ်ခါထဲ မဟုတ်ပါဘူး..ကျွန်တော် စာမေးပွဲဖြေတဲ့ အခါတိုင်း
အဲလိုဖြစ်လေ့ရှိတယ်...စာမေးပွဲပြီးတိုင်း..ပထမ စဉ်းစားတဲ့ အဖြေကို ဘာလို့မရွေးခဲ့တာလဲလို့ အမြဲ နောင်တရတယ်..မပြတ်သားတော့
ဆုံးဖြတ်ချက်တွေလဲ မမှန်တော့ဘူး......
ဘ၀ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ career ဆိုရင်လည်း ပြတ်သားမှုက တော်တော်အရေးပါတယ်...
ဆယ်တန်းပြီးလို့ တက္ကသိုလ်ဆက်တက်ဖို့ ဘာသာရပ်ရွေးတဲ့အခါ လူငယ်တွေတော်တော်များများ တွေဝေကြတယ်....
တစ်ခါတစ်လေ မိဘတွေရဲ့တွန်းအားကြောင့် ကိုယ့်ရဲ့ ဆုံးဖြတ်ချက်ပါ ပျောက်သွားတယ်...ပြတ်သားရဲ့သားနဲ့ မဆုံးဖြတ်နိုင်သလိုပေါ့...
ကျွန်တော်တက္ကသိုလ်တက်တုန်းကဆိုရင်....ဆယ်တန်းမှာတော်ရက်သားနဲ့..တက္ကသိုလ်ရောက်တော့ လမ်းပျောက်သွားတဲ့ သူတွေ
အများကြီးတွေ့ရတယ်..ကျွန်တော့် သူငယ်ချင်းလည်းပါတယ်...သူတို့အတွက် ကျွန်တော် အရမ်းကို နှမျောပါတယ်...အကြောင်းရင်းကို
သေချာမသိပေမယ့်.....သေချာတာတော့ ဆုံးဖြတ်ချက်ပေါ့....မပြတ်သားတဲ့ ဆုံးဖြတ်ချက်ကြောင့်ပဲထင်ပါတယ်....
တစ်ခါတစ်လေ ပတ်ဝန်းကျင်ကြောင့်လည်း...စိတ်တွေ တွေဝေသွားသလို....မပြတ်သားတဲ့စိတ်တွေကို..ပတ်ဝန်းကျင်က ဆုံးဖြတ်ပေးတယ်..
ဥပမာ
ဖြတ်သန်းလာတဲ့ ဘ၀အခြေအနေပေါ်မူတည်ပြီး..ဆုံးဖြတ်ချက်တွေဟာလည်း ကွဲပြားသွားကြတယ်....
No comments:
Post a Comment