Saturday, 17 July 2010

ညရဲ့အလင်း

လေအဝေ့မှာ ကြွေခဲ့တဲ့
သစ်ရွက်ရယ်....
မင်းအတွက် နေရာမရှိပေမဲ့
မင်းကို ဂရုစိုက်တဲ့
မနက်ခင်းလေးတွေရှိတယ်...
မိုးတွေအုံ့ဆိုင်းလို့
စိတ်မညစ်နဲ့ နွေ
ရဲရင့်စူးရှတဲ့
မင်းရဲ့ တောက်ပမှုကြောင့်
မနက်ခင်းလေး လှခဲ့ပြီလေ...

တိမ်ရဲ့ တန်ခိုးကြောင့်
ကြွေခဲ့ရတဲ့ မိုးပြေးရေ..
မင်းအထီးမကျန်အောင်တော့
မျက်ရည်နဲ့ထပ်တူ
အဖော်ပြုမယ်လေ...
နေ၀င်သွားလို့
မငိုနဲ့ ညနေ
မျှော်လင့်ချက်ဆိုတဲ့ ကဗျာကို
မနက်ဖန်အတွက် ရဲရဲဝံ့ဝံ့
အိမ်မက်လိုက်ပါကွာ...
ညရယ်.....
လမိုက်ညမှာ
အလင်းတွေ ပျောက်သွားမှာကို
မစိုးရိမ်ပါနဲ့
မင်းရဲ့ ရင်ခွင်ကို
အလင်းပေးမယ့် ကြယ်လေးတွေရှိသေးတယ်လေ....

ကိုဇင်(IT)

No comments:

Post a Comment