ချစ်သော သူငယ်ချင်းများ..
၁၀၊ ၄၊ ၂၀၁၁ တနင်္ဂနွေနေ့၊ တိုပါးရိုး ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့သော မြန်မာနှစ်သစ်ကူး နှင့် စတုဒိသာပွဲ တွင် ကျွန်တော်တို့ မွန်ဂျီတီအိုင်ကျောင်းမှ မုန့်လုံးရေပေါ် ကို ပါဝင်ဆင်နွဲ လှူဒါန်းခဲ့ပါသည်။ ထို့အတွက် ပါဝင်လှူဒါန်း ထည့်ဝင်ကြသော အလှူငွေများမှ ပိုငွေ စင်ကာပူဒေါ်လာ ငါးရာတိတိ (S$500) အား ပြီးခဲ့သော စနေနေ့ (၂၃၊ ၄၊ ၂၀၁၁) ကိုထွေးစိုးဟန် + မဇာဇာထွန်း တို့၏ အိမ်၌ ပြုလုပ်ခဲ့သော အစည်းအဝေး ဆုံးဖြတ်ချက်အရ.. တိုပါးရိုး ဘုန်းတော်ကြီးကျောင်းတွင် နှစ်သစ်ကူး စတုဒိသာ အလှူတော်ငွေ အဖြစ် လှူဒါန်းပြီးကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။
နိုင်ဝင်း - အီးစီ (၉၉)
အထက်ပါ ကိုနိုင်ဝင်းရဲ့စာကို ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့တွင်လက်ခံရရှိပြီး၊ မဇာဇာထွန်းရဲ့သင်္ကြန်ငွေစာရင်းရှင်းတမ်းကို ထိုနေ့တွင်ပင် နောက်ဆက်တွဲရရှိခဲ့ပါတယ်။ ကျွန်တော် လိပ်စာတွေလိုက်ကြည့်လိုက်တော့ လူအနည်းစုကိုသာ ဖြန့်ထားတာတွေလို့ အခုလို ထပ်မံ ဝေမျှလိုက်ခြင်းဖြစ်ပါတယ်။ (ဒီနေရာမှာ ကျွန်တော့်အနေနဲ့ မတ်လငွေစာရင်းရှင်းတမ်း၊ ၂၀၁၀ နှစ်ချုပ်နဲ့ ဧပြီအစည်းအဝေးမှတ်တမ်းများ ဖြန့်ဝေဖို့ကျန်ရှိနေသေးကြောင်း ဝန်ခံအပ်ပါတယ်။ စကားချပ်။ ။)
သင်္ကြန်အတွက် စုစုပေါင်းအလှုငွေ စင်္ကာပူဒေါ်လာ ၇၀၄ ရရှိခဲ့ပြီး စုစုေါင်း စင်္ကာပူဒေါ်လာ ၂၀၇.၀၅ ကုန်ကျခဲ့ပါတယ်။ ထိုအထဲတွင် ထန်းလျက်ဖိုး အလှုငွေနှင့် အုန်းသီးဖိုးအလှုငွေ မပါရှိပါ။ အသေးစိတ်ကို ဒေါင်းလုပ်ဖိုင်တွင် ကြည့်ရှုနိုင်ပါတယ်။ ပိုငွေကို တိုပါးရိုးဘုန်းကြီးကျောင်း စတုဒီသာအလှုငွေအဖြစ် ထပ်မံထည့်ဝင်လှုဒါန်းလိုက်ပါတယ်။ ငွေလက်ခံဖြတ်ပိုင်းကို ဒေါင်းလုပ်ကြည့်ရှုနိုင်ပါတယ်။
ယခုနှစ် သင်္ကြန်မှာ လုပ်အားဒါန၊ ငွေအားဒါန အဖက်ဖက်က ပါဝင်အားပေး ကူညီကြသော ညီအစ်ကို မောင်နှမများအားလုံးကို အထူးပဲ ကျေးဇူးတင်ရှိတယ်။ အားလုံးပဲ ပင်ပန်းခဲ့ကြပေမယ့် ပျော်ရွှင်စွာပြီးဆုံးခဲ့လို့ ကျေနပ်နိုင်ကြမယ်လို့လည်း မျှော်လင့်ပါတယ်။
ဓါတ်ပုံအလ်ဘမ် upload လုပ်ပြီးပြီဖြစ်လို့ အောက်ပါလင့်တွင် သွားရောက် ကြည့်ရှုနိုင်ပါကြောင်း လေးစားစွာအသိပေးအပ်ပါတယ်။
![]() |
April 10, 2011 Thin Gyain Festival |
https://picasaweb.google.com/admin.mongti/April102011ThinGyainFestival#
နောက်တစ်ခုပြောချင်တာက ပြီးခဲ့တဲ့အစည်းအဝေးမှာ လူအနည်းငယ်ပဲ လာရောက်နိုင်ခဲ့တဲ့အကြောင်းနဲ့ ကျွန်တော်တို့အဖွဲ့ရဲ့ လစဉ်အလှုငွေ လျော့နည်းလာတဲ့ အကြောင်း ဖြစ်ပါတယ်။ ပုံမှန်အစည်းဝေးလာတက်ဖြစ်တဲ့သူတွေကို လေးစားသလို မအားမလပ်လို့ မလာရောက်နိုင်ပေမယ့် တက်နိုင်တဲ့ဖက်က စိတ်အား ငွေအား ပါဝင်ကူညီ ပေးသူတွေကိုလည်း ကျေးဇူးအထူးတင်ပါတယ်။ ဒီအဖွဲ့ဟာ မိမိတို့ကိုယ်ကျိုး၊ နာမည်ကို တွက်ပြီးဖွဲ့တည်ခဲ့တာမဟုတ်သလို တစ်ဦးတစ်ယောက်ကောင်းနဲ့ လည်ပတ်နေသော အဖွဲ့လေးလည်း မဟုတ်ပါဘူး။ စေတနာတူ၊ စိတ်တူ၊ ကိုယ်တူ၊ ညီရွယ်ချက်တူ သူငယ်ချင်းတွေနဲ့ ဖွဲ့စည်းထားပြီး ကျွန်တော်တို့ရဲ့ စည်းလုံးမှုနဲ့စေတနာကို ပြုလုပ်ခဲ့သော လှုပ်ရှားမှုတွေမှာ မျက်မြင်တွေ့မြင်နိုင်ပါတယ်။
တကယ်တော့ အရင်းတည်တာက ကျေးဇူးရှင်ဆရာဆရာမများအား တတ်နိုင်သမျှကျေးဇူးဆပ်ရန်ဆိုတဲ့ စိတ်စေတနာနဲ့ဖြစ်ပြီး အခုစင်္ကာပူမှာ ရောက်ရှိနေကြသော တစ်ခြားအဖွဲ့များကြားထဲမှာ အားကျစရာ" မော်လမြိုင် GTI/GTC ကျောင်းသူကျောင်းသားဟောင်းများ" ဆိုတဲ့ Icon တစ်ခု ပိုင်ဆိုင်တဲ့ အခြေနေရောက်နေတယ် ဆိုတာ သင်္ကြန်လိုပွဲမှာ တွေ့မြင်နိုင်ကြမှာပါ။ ကျွန်တော်တို့ ဒီမှတ်တမ်းတွေ ဆက်လက် ထိန်းသိမ်းကြဖို့လိုတယ်။ ဒီစိတ်ဓါတ်တွေ မပျောက်ပျက်အောင် ဆက်လက် ထိန်းသိမ်းထားဖို့လိုတယ်။ ဒါမှ ကျွန်တော်တို့ရဲ့ ကျေးဇူးရှင်ဆရာ၊ ဆရာမများအား ကန်တော့ငွေကူညီထောက်ပံခြင်းဆိုတဲ့ ဒီအစဉ်အစဉ်လေး လွယ်လွယ်ကူကူ ရပ်တန့်မသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံး (မြန်မာပြည်ကဖြစ်ဖြစ်၊ ပြည်ပကဖြစ်ဖြစ်) ကိုယ့်ဘဝကိုယ် ရှင်သန်လျှောက်လှမ်းရင်း မအားမလပ်တဲ့ကြားထဲက လူပီသအောင် အတ္တဟိတ၊ ပရဟိတညီမျှဖို့ တတ်နိုင်သမျှ ကြိုးစားအားထုတ်သွားကြပါစို့လို့ လေးစားစွာဖြင့် တိုက်တွန်းလိုက်ပါတယ်။
No comments:
Post a Comment