မော်လမြိုင် GTI/GTC ကျောင်း၊ မြို့ပြဌာနမှ ဆရာမ ဒေါ်နွယ်နွယ်အောင် ရုတ်တရက်ဆုံးပါးသွားကြောင်း ရန်ကုန်မှ သတင်းရရှိပါတယ်။ ဆရာမသည် စက်မှုဌာနမှ ဆရာဦးမိုးဇော်ထွန်း၏ ဇနီးဖြစ်ပြီး ယနေ့ညနေ ရန်ကုန်နေအိမ်တွင်ပင် ဆုံးပါးသွားခြင်းဖြစ်ရာ မနက်ဖြန်တွင် သုဿန်သို့(အသုဘ)ပို့ဆောင်မည်ဖြစ်ကြောင်း သိရှိရပါတယ်။
မော်လမြိုင် GTI/GTC ကျောင်းသူကျောင်းသားဟောင်းများအဖွဲ့(စင်္ကာပူ) အနေဖြင့် ကျန်းမာရေးရန်ပုံငွေမှ ပြီးခဲ့သော ၂၀၁၀ ဘတ်ဂျက်နှစ်တွင် ဆေးရုံးကုသစရိတ်ကူငွေ နှစ်သိန်းကို ပေးပို့ကူညီခဲ့ပါသည်။ ယခုတဖန် နာရေးအလှုငွေ နှစ်သိန်းကျပ်တိတိကို မကေသီထွန်းမှတဆင့် ထပ်မံပေးပို့ကူညီသွားမည်ဖြစ်ပြီး မြို့ပြကျောင်းသူကျောင်းသားဟောင်းများ၊ ဆရာမတပည့်များနေဖြင့်လည်း ကူငွေထပ်မံကောက်ခံနေကြောင်းသိရှိရပါတယ်။
စင်္ကာပူရောက် မော်လမြိုင် GTI/GTC ကျောင်းသူကျောင်းသားဟောင်းများအဖွဲ့အနေဖြင့် ကျေးဇူးရှင်ဆရာမ ကောင်းမွန်ရာဘဝကို စိတ်ချမ်းသာစွာရာက်ရှိရန် ဆုမွန်ကောင်းတောင်းပေးအပ်ပါတယ်။
ကျန်ရစ်ခဲ့သော ဆရာ၊ မိသားစုနှင့်အတူတကွ ထပ်တူထပ်မျှ ကြေကွဲဝမ်းနည်းစွာဖြင့်.......
အားလုံးရဲ့ကိုယ်စား
Admin
Mon GTI/GTC ကျောင်းသူကျောင်းသားဟောင်းများအဖွဲ့(စင်္ကာပူ)
No comments:
Post a Comment