အလုပ်ရှာလိုသူများ ကိုယ်တိုင် မိမိလုပ်ကိုင်လိုသည့် အလုပ်နှင့် ကိုယ်ရေးအကျဉ်းများအား တင်ထားနိုင် သည့် www.myanmarjobsearch. com ဝက်ဘ်ဆိုက်သစ်အား မေလ ၂၀ ရက်နေ့၌ စတင်လွှင့်တင်ခဲ့သည် ဟု Media Laneမှ သိရသည်။
အဆိုပါဝက်ဘ်ဆိုက်တွင် အလုပ်ရှာလိုသူဘက်မှ ဝက်ဘ်ဆိုက်တွင်း ဝင်ရောက်၍ register ပြုလုပ်ပြီး မိမိလုပ်ကိုင်လိုသည့် အလုပ်အကိုင်နှင့် ကိုယ်ရေးအကျဉ်းအား အခမဲ့ တင်ထားနိုင်သည်ဟု သိရသည်။
“ ဒီ myanmarjobsearch ဝက်ဘ်ဆိုက်ကို မေလ ၂၀ ရက်နေ့မှာ စတင်ကျင်းပတဲ့ The 7th ICT Exhibition ပွဲနေ့မှာ စလွှင့်ခဲ့တာပါ။ ဒီ ဆိုက်က အလုပ်ရှာချင်တဲ့သူတွေ ဘက်ကပဲ ဝင်တင်လို့ရတဲ့ဆိုက်ပါ။ အလုပ်ရှင်ဘက်က ဝင်တင်လို့ မရပါဘူး။ အလုပ်ရှာချင်တဲ့သူက ဝက်ဘ်ဆိုက်ထဲဝင်ပြီး register ဝင်လုပ်ရပါ မယ်။ ပြီးမှကိုယ်လိုအပ်တဲ့ position နဲ့ ကိုယ်ရေးအကျဉ်းကို ဝင်တင်ထားရမှာပါ။ အလုပ်ရှင်ဘက်ကလည်း သူလိုအပ်တဲ့ အရည်အချင်းရှိသူကို စိတ်ကြိုက်ဝင်ရှာနိုင်ပါတယ်။ အလုပ်ရှာချင်တဲ့ ဘယ်သူမဆို register လုပ်ပြီး အခမဲ့ဝင်တင်ထားလို့ ရပါတယ်။ အလုပ်ရှင်ဘက်ကတော့ သူလိုချင်တဲ့သူတွေ့လို့ အင်တာဗျူး ချင်တယ်ဆိုရင်တော့ Media Lane ကို ဆက်သွယ်အကြောင်းကြား ပေးရမှာပါ။ လောလောဆယ်မှာ အလုပ်ရှင် ဘက်ကိုလည်း အခမဲ့စီစဉ်ပေးထားပါတယ်ဓဟု Media Lane မှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။
myanmar jobsearch ဝက်ဘ်ဆိုက်တွင် အလုပ်အကိုင်များအား အမျိုးအစားအလိုက် ခွဲခြားပေးထားပြီး ယင်းဝက်ဘ်ဆိုက်၌ အလုပ်ရှာချင်သူများ အလွယ်တကူ ဝင်ရောက်၍ အချက်အလက်များ တင်နိုင်ရန်အတွက် လည်း အသုံးပြုနည်းလမ်းညွှန်အား အသေးစိတ်ဖော် ပြပေးထားသည်ဟု သိရှိရသည်။
အဆိုပါ Media Lane မှ သတင်း၊ ဖျော်ဖြေရေးနှင့် ပညာရေးစသည့် သတင်း အချက်အလက်အစုံ အလင်ပါဝင်မည့် myanmarism ဝက်ဘ်ဆိုက်ကိုလည်း မကြာမီထပ်မံ လွှင့်တင်သွားရန် ရှိသည်ဟုလည်း သိရသည်။
Source: Eleven Media Group ဒီနေရာမှ သတင်းဖြစ်ပါသည်။ Myanmar ICT.com တွင်လည်း အဆိုပါ ဝက်ဘ်ဆိုဒ်နဲ့ပတ်သတ်ပြီး ကံစမ်းမဲဖောက်ပေးခဲ့သည့်အကြောင်း ဒီနေရာတွင် ရေးသားတင်ပြထားပါတယ်။
No comments:
Post a Comment