ကျွန်တော်တို့ရဲ့ မော်လမြိုင် ဂျီတီအိုင် မြို့ပြဌာနမှ ဆရာမ ဒေါ်နွယ်နွယ်အောင် နာရေးအတွက် စင်္ကာပူရောက် ကျောင်းသူ ကျောင်းသားဟောင်းများ အဖွဲ့မှ နာရေးကူငွေ ပေးပို့ပြီးကြောင်း သိရှိရပါတယ်။ အဖွဲ့ရဲ့ကျန်းမာရေးရန်ပုံငွေ ဘတ်ဂျက်မှ ငွေနှစ်သိန်းတိတိ အပြင် ဆရာမကို လေးစားချစ်ခင်ကြသော တပည့်များမှ နီးစပ်ရာ စုဆောင်းကောက်ခံရရှိသော စင်္ကာပူဒေါ်လာ ၈၀၀ နှင့်ညီမျှသော မြန်မာငွေ ၅၂၉၆၀၀ ကျပ်တိတိ ကိုလည်း ထပ်မံပေးပို့ခဲ့ပါတယ်။ အသေးစိတ်စာရင်းကို ဒီနေရာတွင် ရယူနိုင်ပါတယ်။
"ဆရာမဒေါ်နွယ်နွယ်အောင်ဟာ အေးချမ်းဖော်ရွေ စိတ်ကောင်းရှိသော ဆရာကောင်း တစ်ယောက် ဖြစ်ပါတယ်။ ကျွန်တော်တို့ကို စောစီးစွာ နှုတ်ဆက်သွားတာ ကျောင်းသူ ကျောင်းသားများအတွက် ကြီးမားသော ဆုံးရှုံးမှုကြီးပါ။" ဟု ထုတ်ဖော် ရင်ဖွင့်သော Civil (2000) မှ မလေးရှားရောက် ဝင်းလတ်၊
"ကျွန်တော်တို့လည်းလှူချင်တယ်ဗျာ။ အရမ်းလည်းစိတ်မကောင်းဖြစ်ရပါတယ်။" ဟုဆိုကာ စင်္ကာပူဒေါ်လာ ၆၀ ပေးပို့ကူညီခဲ့သော ဂျပန်ရောက် ကိုရန်နိုင်စိုးနှင့်မဦး၊
"ဆရာမ ဆုံးတဲ့ သတင်းကြားပြီး စိတ်မကောင်းဖြစ်မိပါသည်။" ဟု ထုတ်ဖော်ပြောဆိုသော Civil မှ ထိုင်ဝမ်ရောက် ကိုမြင့်ဇော်၊
"I am very sorry about this, pls tell Ko Moe Zaw Tun that I'm so sad as him, he also my friend" ဟုဆိုသော ကိုထင်ပေါ်အေးနှင့် တကွ စိတ်ရောကိုယ်ပါ ပါဝင်ကူညီကြသော စင်္ကာပူရောက် ကျောင်းသူကျောင်းသားဟောင်းများအား အထူးကျေးဇူးတင်ရှိပါတယ်။
ကျွန်တော်တို့ပြုတဲ့ကုသိုလ်၊ ပြသတဲ့စိတ်ထားတို့ကြောင့် ကျန်ရစ်သူ မိသားစုနှင့် ဆရာဦးမိုးဇော်ထွန်းတို့ စိတ်နှလုံးပင်ပန်းဝမ်းနည်းမှု လျော့နည်းပြီး ကျန်ရစ်သော ဘဝလမ်းတစ်လျှောက် အောင်မြင်စွာလျှောက်လှမ်းနိုင်ပါစေ။ ဆရာမလည်း တမလွန်မှ သာဓုခေါ်နိုင်ပါစေဟု ဆန္ဒပြုလိုက်ပါတယ်။
ဤသို့ပြုခဲ့သော ကောင်းမှူ့ကုသိုလ်တို့ကို ဘဝတစ်ပါးသို့ ပြောင်းလဲသွားပြီဖြစ်သော ဆရာမဒေါ်နွယ်နွယ်အောင်အား ပေးဝေပါ၏။
ReplyDelete