ခေတ်မီသော စက်မှုထွက်ကုန်များ ထုတ်လုပ်နိုင်ရန် ကျွမ်းကျင် စက်မှုလက်မှု နည်းပညာရှင်များစွာ လိုအပ်ကြောင်း၊ မည်မျှပင် ခေတ်မီသော စက်ကိရိယာများ ရှိစေကာမူ ကျွမ်းကျင်လုပ်သားမရှိဘဲ အရည်အသွေးမြင့် စက်မှုထုတ်ကုန်များရရှိရန် ခေတ်မီစက်ကိရိယာနှင့် ကျွမ်းကျင်လုပ်သားများ မဖြစ်မနေ လိုအပ်ကြောင်း ဦးစိုးသိန်းက ဆိုသည်။
"ကျွမ်းကျင်လုပ်သားရဖို့အရေးကြီးတယ်။ တစ်ချိန်က စက်မှုလက်မှုပညာရှင်တွေ မွေးထုတ်ပေးတဲ့ GTI, THS တွေ အခိုက်အတန့်ပျောက်ကွယ်သွားတဲ့အတွက် ဒါတွေကို ပြန်ဖြည့်တင်းဖို့လိုတယ်။ ဒီ Layer မရှိဘဲနဲ့ အားလုံးအင်ဂျင်နီယာတွေချည်းနဲ့ပဲ အလုပ်အလုပ်လို့ မရဘူး။ ဒီတော့ အလုပ်လုပ်မယ့် Skilled Worker တွေ၊ Skilled Labour တွေ လိုအပ်တယ်။" ဟု ၎င်းက ပြောကြားသည်။
အမှတ်(၂) စက်မှုဝန်ကြီးဌာနသည် နိုင်ငံတကာနည်းပညာနှင့် အကူအညီများရယူပြီး အစိုးရစက်မှုသင်သန်းကျောင်း ငါးခုဖွင့်လှစ်ထားပြီး လာမည့်နှစ်တွင် သင်တန်းကျောင်းတစ်ခု ထပ်မံဖွင့်လှစ်မည် ဖြစ်သည့်အတွက် စုစုပေါင်းသင်တန်းခြောက်ခုရှိလာမည် ဖြစ်သည်ဟု ဦးစိုးသိန်းက ဆိုသည်။
၁၉၉၀ ပြည်နှစ်တွင် မအူပင်မြို့နယ်တွင် ဖွင့်လှစ်ထားသော GTI ၌ စက်မှုပိုင်းဆိုင်ရာ ဒီပလိုမာရယူခဲ့ပြီး ယခုအခါ နိုင်ငံခြားသင်္ဘောလိုင်းကြီးတစ်ခုတွင် စက်မှုပိုင်းဆိုင်ရာ အင်ဂျင်နီယာချုပ် အဖြစ်တာဝန်ထမ်းဆောင်နေသူ မရမ်းကုန်းမြို့နယ်နေ အသက် ၅၀ နီးပါးရှိ သင်္ဘောသားတစ်ဦးက "ဟိုးအရင်က GTI ကျောင်းဆင်းတွေက RIT က BE အင်ဂျင်နီယာဘွဲ့ရတွေနဲ့ယှဉ်လုပ်နိုင်တယ်။ စာလည်းတတ်တယ်၊ လုပ်လည်းလုပ်နိုင်တယ်။ ပြန်လုပ်မယ်ဆိုရင် အရင်က အရည်အသွေးကို မီအောင် ပြန်လုပ်နိုင်ဖို့လိုပါတယ်။" ဟု သုံးသပ်ပြောကြားသည်။
Source: The Voice Weekly
(ယခုတစ်ပတ်ထုတ် The Voice Weekly ဂျာနယ်ပါ သတင်းတစ်ပုဒ် ဖြစ်ပါတယ်။ ဒီသတင်းအပေါ်မူတည်ပြီး ဖြန့်ကျက်စဉ်းစားနိုင်ဖို့ အချက်သုံးချက်ဖြည့်စွက်ပြောချင်ပါတယ်။ ပထမအချက်ကတော့ လာမည့် ၂၀၁၅ မှာစတင် အသက်ဝင်တော့မယ့် AFTA ခေါ် အာဆီယံလွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက်အရ ဖြစ်ပေါ်လာမယ့် အာဆီယံဈေးကွက် ယှဉ်ပြိုင်မှု၊ ဒုတိယအချက်က ဒီဈေးကွက်အတွင်းမှာ ယှဉ်ပြိုင်နိုင်ဖို့ လက်ရှိနိုင်ငံအတွင်းမှာ Skilled Worker တွေ နည်းပါးနေတာတွေ ဝန်ခံလာမှု၊ တတိယအချက်ကတော့ ယခင် အစိုးရ နည်းပညာဝန်ကြီးဌာန အောက်က ကျောင်းဟာ အစိုးရသစ် စက်မှု(၂) ဌာနအောက်မှာများ ပြောင်းလဲရောက်ရှိသွားပြီလား ဒါမှမဟုတ် ကျောင်းအသစ်တွေလား ဆိုတာတွေပါ။ ဒီအချက်တွေအပေါ်မှာ ရှိတဲ့ အမြင်တွေတင်ပြဖို့ ဖိတ်ခေါ်ပါတယ်။)
အင်း ရှင်းနေတာတွေကို ရှုပ်ထားခဲ့ပြီး ခု ပြန်ရှင်းပြီး ပြန်ရှုပ်အောင်လုပ်တော့မှာလားမသိဘူး...ရှင်းနိုင်ပါစေဗျာ..ကောင်းတဲ့ ပြောင်းလဲမှုတစ်ခုပဲလို မျော်လင့်ပါတယ်..Skill Workers တွေလည်း တကယ်လိုအပ်ပါတယ်.. အားလုံး သူရဲကောင်းကြီးဖြစ်နေလို့မှ မဖြစ်တာ..
ReplyDeleteဟုတ်ပဗျာ။ ကိုမြိတ်ညွှန်းတဲ့ ဘီအီးဒီ အောင်သိုက် စကားအတိုင်းပါပဲ။ ကံမကောင်းတာက ကျွန်တော်တို့ တတွေအပါအဝင် မျိုးဆက်သုံးဆက်လောက်အထိ ပညာရေးအစမ်းသပ်ခံစနစ်နဲ့ ဖြတ်သန်းလာခဲ့ရတယ်။ ဒါရဲ့ အကျိုးဆက်ကတော့ လူငယ်တွေ လမ်းကြောင်းပျောက်ပြီး ဝေဝေဝါးဝါးဖြစ်စေတာပဲ။ ဘာဖြစ်လို့ လည်းဆိုတော့ level အလိုက် အလေးပေးသင်ကြားတဲ့စနစ် မဟုတ်တော့လို့ ပဲ။
ReplyDeleteအစိုးရစက်မှုသင်တန်းကျောင်း(THS) ပြန်ဖွင့်တဲ့အဆင့်ဟာ ပြဿနာမရှိပေမယ့် GTI ကို ဒီပလိုမာအဆင့် ပီပီပြင်ပြင် အနည်းဆုံးသုံးနှစ်ပြောင်းပြီး ပြန်ဖွင့်ဖို့ လိုလိမ့်မယ်။ အဆင့်မြင့် အင်ဂျင်နီယာဖြစ်ချင်တဲ့သူတွေအတွက်တော့ B.E ဒါမှမဟုတ် B.Sc(Eng) တန်းသွားတာ အကောင်းဆုံးလို့ ကျွန်တော့်အနေနဲ့ ယူဆတယ်ဗျာ။