ခင်မင်လေးစားရပါသော ဆရာဆရာမများနှင့် သူငယ်ချင်းများ
ပြီးခဲ့တဲ့ မိနစ်ပိုင်းလေးကမှ
ကျွန်တော့်ဆီ ရောက်လာတဲ့ ဆရာမဒေါ်ဥမ္မာသူရဲ့သမီးလေး ပို့ပေးလိုက်တဲ့
ကျွန်တော်တို့ရဲ့ချစ်သော ဆရာဆရာမတွေထံမှ
ပြန်စာတွေ သူငယ်ချင်းတွေဖတ်ရအောင် အလုပ်ချိန်အတွင်းမှာ ကြိုးစားပြီး
ပို့ပေးလိုက်ပါတယ်။
ကျွန်တော်ပြောခဲ့ဖူးသလိုပါပဲ ဆရာဆရာမတွေဆီက ပြန်စာတွေဖတ်တိုင်း ပီတိဖြစ်ရပါတယ်။
စာတစ်စောင်ဖတ်ပြီး ဘယ်သူရေးထားတာပါလိမ့်လို့ စဉ်စားရင်းနဲ့
အောက်ကလက်မှတ်နဲ့ နာမည်နဲ့ကြည့်ပြီးတော့မှ ဆရာပါလား၊ဆရာမပါလား။ ဆရာဆရာမတို့ ဘယ်များရောက်နေကြလဲ ဘာလုပ်နေလဲ
တွေးဖြစ်ပြန်ရော။ အဲဒီကမှ ကျောင်းတုန်းကတော့ အဲဒီ ဆရာဆရာမတွေနဲ့ သုံးနှစ်တာကာလကို
ဘယ်လိုမျိုးကုန်ဆုံးခဲ့လဲဆိုပြီး ပြန်မြင်လာတယ်။
ကျွန်တော်တို့ကျောင်းတက်ခဲ့တဲ့
အချိန်တွေတုန်းက ရှိရှိသမျှဆရာဆရာမတွေအားလုံး စေတနာမပါတဲ့ ဆရာဆရာမ တစ်ယောက်မှမရှိဘူး။ ဝါသနာ အရင်းခံနဲ့ရယ်၊
စိတ်ရင်းစေတနာကောင်းအခံရယ်၊ ကျိုးစားမှူရယ် အားလုံးပေါင်းပြီးမှ ဆရာဆရာမ ၀င်လုပ်ကြတာ။ သင်ကြားရေးကအစ အနစ်နာခံပြီး
သင်ပေးခဲ့တာ။ ကျွန်တော်တို့ အရမ်းကံကောင်းခဲ့ပါတယ်။
(အခုနာက်ပိုင်းမှာရှိနေတဲ့ ပညာရေးအခြေအနေနဲ့ ယှဉ်ကြည့်ရင်ပြောတာပါ။)
မှတ်မှတ်ရရကျောင်းတုန်းက ဆရာဦးမိုးဇော်ထွန်း (MP) ကို
မကျေမနပ်ဖြစ်ခဲ့ဖူးပါတယ်။ ဆရာတောင်သိချင်မှသိမှာ။ ဘယ်ကျောင်းမှာမှ
အချိန်ပြည့်နေရတဲ့ Drawing အချိန်ကို ဆရာဦးမိုးဇော်ထွန်းနဲ့ 4
နာရီအပြည့်နီးပါး သူသင်တိုင်း နေခဲ့ဖူးပါတယ်။ နည်းနည်းပါးပါး သေးသေးမွှာမွှားလေး ကအစ ခွင့်မလွှတ်ဘူး။
စိတ်ညစ်ခဲ့ဖူးပါတယ်။
ကျွန်တော် MON-GTI ကနေ AGTI certificate
လေးရပြီး ပြင်သစ်က TOTAL- Myanmar ဆိုတဲ့ရေနံကုမ္ပဏီ မှာအလုပ်ဝင်တော့
အဲဒီမှာ Site Drawing ကိုစကြည့်ဖူးပါတယ်။ အဲဒီရောက်တော့မှာ
ကျောင်းဖက်ကို ဦးလှည့်ပြီး ဆရာ့ ကိုဦးချဖြစ်ခဲ့တယ်။
တကယ်ပြောတာပါ။ ပြည်ကျောင်း မှော်ဘီကျောင်း
အင်းစိန်ကျောင်းက ကျွန်တော်နဲ့အတူအလုပ်ဝင်တဲ့ ကျောင်းဆင်းစသူတွေထက်
ကျွန်တော် နှာတစ်ဖျားသာခဲ့တယ်။ Drawing နဲ့ပက်သက်ပြီးပေါ့။
အခုချိန်ထိဆရာကို ကျေးဇူးတင်တုန်း။ (အာစရိ ရေ စိတ်မဆိုးနဲ့နော်
ဒီစာကိုဖက်မိရင်) ။
ဆရာဦးရည်ဟိန်ဆိုလဲ စာမေးပွဲနီးပြီဆို
ဂစ်တာတွေလိုက်သိမ်းပြီ အဆောင်တိုင်းမှာ။
ဆရာ့စေတနာကကျောင်းသူကျောင်းသားတွေကို စာကိုပဲ အာရုံစိုက်စေချင်တာ။
ဒါကျွန်တော်သိတဲ့ MP ကပဲရှိသေးတာ။ ကျန်တဲ့ မေဂျာတွေက ဆရာဆရာမတွေလဲ အတူတူပဲ ကျောင်းသားကျောင်းသူတွေအပေါ်
စေတနာထားခဲ့တာ။ ဆရာမ ဒေါ်ခင်ဝင်းမာ၊ ဆရာမဒေါ်ကျင်ဝင်း၊ ဆရာမဒေါ်ဖြူဖြူညွန့်၊ ဆရာမဒေါ်ခင်ဦးတို့လို Academic ဆရာမတွေဆို
ကျောင်းသားတိုင်းကြုံဖူးမှာပါ။
တကယ် ရင်ထဲကမေတ္တာနဲ့ သင်ပေးခဲ့ကြတာ။
ပြန်တွေးတိုင်းလွမ်းမိတယ်။ အခုလိုမျိုး သူငယ်ချင်းတို့နဲ့
သူငယ်ချင်းတို့ရဲ့ ကူညီပံ့ပိုးမှူတွေနဲ့ အဲလို ဆရာဆရာမတွေကိုပြန်ပြီး ထောက်ပံ့ကန်တော့ဖြစ်တာ
အရမ်းစိတ်ချမ်းသာမိတယ်။ အားလုံးကိုလဲ လစဉ်လှူငွေထည့်ဝင်ပေးလို့
အဖွဲ့ကိုယ်စား ကျေးဇူးတင်ကြေင်းပြောပါရစေ။ မော်လမြိုင်မှာရှိတဲ့ ဆရာဆရာမတွေကို ပေးပို့ လှူဒါန်းဖြစ်တဲ့လမှာ
ကျောင်းမှာရှိနေဆဲ ဖြစ်တဲ့ Civil ကဆရာမဒေါ်ဥမ္မာသူ ကနေတစ်ဆင့်
ပေးပို့လှူဒါန်းဖြစ်ပါတယ်။ ဆရာမမှာလဲမသားစုတာဝန်ကျောင်းတာဝန်တွေ
များနေတဲ့ကြားထဲ ကူညီပေးနေတာ ကျေးဇူးတင်ပါရစေ။
လေးစားစွာဖြင့် သောင်းဆွေဝင်း 95(MP)
No comments:
Post a Comment