Tuesday, 29 December 2009
မဇာဇာထွန်းနှင့်အင်တာဗျူး
(ဒီတစ်ခါတော့ စင်္ကာပူကိုကျောင်းလာတက်တဲ့အုပ်စုထဲမှာပါတဲ့ မဇာဇာထွန်း(Civil)နဲ့  အင်တာဗျူးဖြစ်ခဲ့ပါတယ်။ အင်တာဗျူးလို့ သာဆိုရတယ်၊တကယ်တော့ မေးခွန်းတွေရိုက်ပြီးပို့ လိုက်တာပါ။ ဖြေကြားပေးတဲ့အတွက်နဲ့  အဖြေတွေကိုတစ်ခါတည်း မြန်မာလိုရိုက်ပေးထားတဲ့အတွက် မဇာဇာထွန်းကို အထူးကျေးဇူးတင်ရှိပါကြောင်း အဖွဲ့ ကိုယ်စားပြောကြားလိုပါတယ်။)
မေး။   ။ မင်္ဂလာပါ ခင်ဗျာ။ နာမည်၊မေဂျာ၊ကျောင်း၊  ကျောင်းဆင်းခဲ့တဲ့ခုနှစ်နဲ့  မိတ်ဆက်ပြီး စလိုက်ကြရအောင်။
မင်္ဂလာပါ။ နံမည်ကတော့ မဇာဇာထွန်းပါ။ ၂၀၀၀ခုနှစ် မတ်လမှာ   မြို့ပြနဲ့ AGTI ရခဲ့ပါတယ်။ ပြီးတော့       B Tech နဲ့ BE ကို ၂၀၀၂ မှာ ဆက်တက်ခဲ့ပါတယ်။
မေး။  ။ ကျောင်းတက်တုန်းကဘဝကို အနည်းအကျဉ်းလေးပြောပါလား။
ကျောင်းတက်တုန်းက အရမ်းကို ပျော်ခဲ့ တာပါ အထူးသဖြင့်တော့ GTI တက်တုန်းကပေါ့။ ကျောင်းကိုရောက်တာ ၁၇.၀၃.၁၉၉၈ မှာပါ ဗိုလ်ကြီးသန်းနောင် အဆောင်မှာပေါ့။ မှတ်မှတ်ရရပေါ့ ကျောင်းရောက်ပြီး သိပ်မကြာဘူး အဆောင်က လူတွေနဲ့ ကျိုက်ထီးရိုးဘုရားဖူး လိုက်သွားတယ်လေ။ အဲဒီက ပြန်လာပြီးတော့ ကျောင်းမတက်ချင်တော့ပါဘူးဆိုပြီး အိမ်ကို ငိုပြီးပြောတော့ ဦးလေးတစ်ယောက် လွှတ်ပြီး ပြန်ဖို့လာခေါ်တယ်။  ဆရာမကသိတော့ တားတယ်။ ဆက်တက်ကြည့်လိုက်ပါအုံးတဲ့။ နောက်မှ အင်ဂျင်နီယာ ဖြစ်ချင်လို့ မရတော့ဘူးနော်တဲ့။ အဲတာနဲ့ ပဲ ဆက်တက်လိုက်တာ ၆နှစ်ကြာတယ် မော်လမြိုင်မှာ။ အိမ်ကလူတွေကတောင် တောသူမလို့ ခေါ်တယ်။    ကျွန်မတို့ ရပ်ကွက်က လူတွေဆိုရင် ကျွန်မကို မသိကြဘူး။
မေး။  ။ ကျောင်းပြီးတော့ရော ဘာတွေလုပ်သေးလဲ။
BE ကျောင်းပြီးတော့ ရန်ကုန်မှာ ME ဆက်တက်လိုက်သေးတယ်။ Thesis လုပ်နေရင်းနဲ့ သွင်းကုန်ထုတ်ကုန် တစ်ခုမှာ အလုပ်ဝင်လုပ်လိုက်တယ်။ ဘာရယ်လို့တော့ မဟုတ်ပါဘူး အမေက လုပ်ဆိုလုပ်လိုက်တာပဲ။
မေး။  ။ စင်္ကာပူကိုထွက်လာရတဲ့အကြောင်းရင်းနဲ့ စီစဉ်ပုံများနည်းနည်းလောက်ပြောနိုင်မလား။
စင်္ကာပူကိုလာဖို့ ရည်ရွယ်ချက် အစက လုံးဝမရှိခဲ့ပါဘူး မန္ဒနာ စင်္ကာပူမှာ NUS ကျောင်းတက်ခွင့် ရပြီလို့ မသိရခင် အချိန်ထိပေါ့။ ရန်ကုန်မှာ Master တက်နေရင်း သူကြိုးစားနေတာသိပါတယ်။ ဒါပေမဲ့ စိတ်မ၀င်စားခဲ့ပါဘူး။ အဲဒီကာလမှာ ကျွန်မတို့ GTC ကနေ စင်္ကာပူမှာ M.Sc တက်လို့ရတယ်ဆိုတာ မသေချာသေးဘူး။ သူကတော့ ကျွန်မတို့ မော်လမြိုင် GTC ရဲ့ ပထမဆုံး စင်္ကာပူ NUS က M.Sc ကို အရယူသူပေါ့။ သူသွားတော့မယ်လို့ သိရတော့မှ သွားချင်စိတ်ဖြစ်လာခဲ့တာ။ အဲဒါနဲ့ အမေ့ကို ပူဆာတာပေါ့။ အမေက ပထမ သဘောမတူဘူး။ နောက်အစ်ကို ကို စစ်ကူခေါ်ပြီး မောင်နှမတစ်တွေ ၀ိုင်းပြောမှ သဘောတူလိုက်တာ။ အဓိကက ကျန်းမာရေးကို စိတ်မချတာပါ။ အဲတာနဲ့ ကျောင်းတက်ဖို့ ဖြစ်လာတာ။ ကျောင်းတက်ဖို့ ဘယ်လိုလျှောက်ခဲ့ လဲဆိုတာကတော့ မန္ဒနာက အစစ အရာရာ သူပဲလုပ်ပေးခဲ့တာ။ ကျွန်မက ရန်ကုန်ကနေ လိုအပ်တဲ့ စာရွက်တွေ ပို့လိုက်တာ။ ဘယ်လိုလျှောက်လဲ ဆိုတာကို သိချင်ရင်တော့ ခေါင်းစဉ်တစ်ခု သပ်သပ်လိုပါလိမ့်မယ်။  အဲတာနဲ့ပဲ ကျွန်မ ဇာဇာထွန်း M.Sc (Civil Engineering) ဆိုတာကို NUS ကနေ ရခဲ့ပြန်တာပေါ့။
မေး။  ။ အခုလက်ရှိအလုပ်လုပ်နေတဲ့ဘဝ အကြောင်းလေးလည်း သိချင်ပါတယ် ခင်ဗျာ။
အခုလက်ရှိကတော့ Consultants Firm (Surbana International Consultants PTE Ltd) မှာ Resident Engineer လုပ်နေပါတယ်။ ကျွန်မအလုပ်ရဲ့ လုပ်ရိုးလုပ်စဉ်ကိုတော့ အားလုံးပဲ သိကြမယ်လို့ ထင်ပါတယ်။ မသိရင်လည်း အကြမ်းဖြင်းကတော့ Supervision of Civil Engineering Work ပါ။ RE တစ်ယောက်အနေနဲ့ လစာ အများကြီးရမယ်လို့တော့ မထင်ပါနဲ့။ J
မေး။ ။ အသက်မွေးဝမ်းကျောင်းနဲ့ ပတ်သက်လို့ ဘာတွေများဆက်လက်လေ့လာဖြစ်သလဲ။ ဆိုလိုတာက ကျောင်းကသင်ပေးလိုက်တာအပြင် ဘယ်လိုများကိုယ့်ကိုကိုယ် လေ့လာဖြည့်ဆည်းခဲ့ပါသလဲ။
ကျောင်းကသင်ပေးလိုက်တာနဲ့တော့ မလုံလောက်တာ အမှန်ပါ။ ဒါပေမဲ့ ပေးတုန်းမှာ ရအောင်ယူနိုင်ရဖို့လဲ အရေးကြီးပါတယ်။ ကျွန်မရဲ့ သူငယ်ချင်း(ကိုဇော်ရှင်း ၂၀၀၀ Civil) တစ်ယောက်က စာဖတ်ဖို့ ပြောပါတယ်။ ဖတ်ဖို့စာအုပ်တွေလည်း သူပေးပါတယ်။ တကယ်တန်းတော့ စာဖတ်ဖို့က မလွယ်ပါဘူး။ အချိန်မရှိတာရော ပျင်းတာရောပေါ့။ ခုလောလောဆယ်မှာတော့ ကျွန်မတို့ရဲ့ စီနီယာ (ကိုဇော်ရှင်း မိတ်ဆွေပါ) တစ်ယောက်စီမှာ design course နဲ့ software တွေကို သင်ယူနေပါတယ်။
မေး။ ။ လူငယ်တွေအတွက် အခွင့်အလမ်း၊လမ်းကြောင်းတွေ ရှာဖွေဖို့ အခက်အခဲရှိတယ်လို့  ကျွန်တော်ထင်ပါတယ်။ တကယ်လို့ များ အကြံပေးနိုင်ရင် ဘယ်လိုလမ်းကြောင်း၊ဘယ်လို professional မျိုးရွေးသင့်တယ်။ ဘယ်လိုအသုံးဝင်နိုင်တယ် စသည်ဖြင့် အစ်မ အတွေ့ အကြုံနဲ့ ယှဉ်ပြီး အကြံပေးနိုင်မလား။
ကျွန်မကတော့ ဘယ်အရာမကို မဆိုကိုယ်တကယ် စိတ်ဝင်စားလားလို့ သိဖို့ အရင်လုပ်စေချင်ပါတယ်။ ဒါပေမဲ့ ရောက်တဲ့ နေရာမှာ ကိုယ့်အတွက် ရအောင်ဘာလေးပဲ ဖြစ်ဖြစ်ရအောင်ယူပါ
မေး။  ။ နောက်ဆုံးအနေနဲ့ ကျွန်တော်တို့ ရဲ့ ဂျူနီယာ ညီ၊ညီမလေးတွေကို စကားလက်ဆောင်လေးပေးချင်တာများရှိရင် ကျေးဇူးပြု၍…….
ရောက်တဲ့နေရာမှာ ရပ်မနေပါနဲ့။ စာဖတ်ပါ။ ခုလောလောဆယ်မှာ ၀ါသနာပါလို့်ပဲ ဖြစ်ဖြစ် မပါလို့ပဲဖြစ်ဖြစ် လုပ်နေရတဲ့ အလုပ်ကို စိတ်မပျက်ပါနဲ့။ တချိန်မှာ အထောက်အကူ ဖြစ်လာမှာပါ။ အနည်းဆုံးတော့ ငါဒါမျိုးလုပ်တတ်တယ်လို့ ပြောလို့ရတာပေါ့။ ကိုယ်လိုချင်တဲ့ နေရာမရောက်သေးလို့လဲ စိတ်ဓါတ်မကျပါနဲ့။ အခုချိန်ထိ ကျွန်မလည်းဘာမှ မတတ်သေးပါဘူး။ ပြဿနာတစ်ခုကြုံလာရင် ဟိုလူ့မေး ဒီလူ့မေးနဲ့ ဖြေရှင်းနေရတာပါပဲ။
အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
Friday, 25 December 2009
Phone ကို ရီမုတ် ကွန်ထရိုး အဖြစ် သုံးနိုင်မည်
အိုင်ဖုန်းဖြင့် မိမိ၏ ကားအား အဝေးထိမ်း ရီမုတ်ကွန်းထရိုး အဖြစ် အသုံးချနိုင် © ( www.wired.com )
မော်တော်ကား တံခါးများကို ဖွင့်ရာတွင် အဝေးမှ ရီမုတ် ကွန်ထရိုးဖြင့် လှမ်းဖွင့် ခြင်းသည် ခေတ်စားသော အလေ့အထ တခုအဖြစ် ရပ်တည် လာသည်မှာ ကာလ အတန်ကြာခဲ့ပြီ ဖြစ်သည်။
ယခုအခါ iPhone အသုံးပြုသူ များသည် ၎င်းတို့၏ ဖုန်းကို မော်တော်ကား ရီမုတ်အဖြစ် အသုံးပြု နိုင်တော့မည်ဟု သိရှိရသည်။ iTunes မှတဆင့် Download လုပ်ယူနိုင်သော ယင်း Application သည် iPhone ၏ ဘက်စုံ အသုံးတည့်မှုကို ပိုမိုပြည့်စုံ ကောင်းမွန် လာစေမည် ဖြစ်သည်။
Wednesday, 23 December 2009
ဒီဇင်ဘာလပတ်အစည်းအဝေးမှတ်တမ်း
မွန်ဂျီတီအိုင် ကျောင်းသူ/ကျောင်းသားဟောင်းများ၏ ဒီဇင်ဘာလပတ် အစည်းအဝေးကို  CHOA CHU KANG ရှိ  မဇာဇာထွန်းရဲ့ နေအိမ်မှာ (၁၂.၁၂.၂၀၀၉)က ကျင်းပခဲ့ပါတယ်။ အစည်းအဝေးသို့  ကိုသောင်းဆွေဝင်း(95-MP)၊ စောအောင်ထွန်းဦး(97-MT)၊ ကိုနိုင်ဝင်း(99-EC)၊ ကိုအောင်ခိုင်လင်း(98-MP)၊ မအေးနန္ဒာဝင်းမောင်(97-CIVIL)၊ မဝေဝေနွယ်(97-MT)၊ မကြေးမုံဝင်း(99-EP)၊ မဇာဇာထွန်း(2000-CIVIL)၊ တို့  တက်ရောက်ခဲ့ကြပါတယ်။
နိုဝင်ဘာလပတ်အစည်းအဝေးမှတ်တမ်း
မွန်ဂျီတီအိုင်ကျောင်းသူ/ကျောင်းသားဟောင်းများ၏ နိုဝင်ဘာလပတ်အစည်းအဝေးကို CHOA CHU KANG ရှိ မဇာဇာထွန်းရဲ.အိမ်တက်မင်္ဂလာနဲ.အတူ သူမရဲ.နေအိမ်မှာ (၁၅.၁၁.၂၀၀၉)က ကျင်းပခဲ့ပါတယ်။ အစည်းအဝေးသို. ကိုဝင်းကျော်မိုး(92EP)၊ ကိုအေးမင်းစိုး(92MP)၊ ကိုသောင်းဆွေဝင်း(95MP)၊ စောအောင်ထွန်းဦး(97MT)၊ ကိုကျော်လွင်ဝင်း(96-MP)၊ ကိုမင်းသူ(99-EP)၊ ကိုနိုင်ဝင်း(99-EC)၊ ကိုဇင်မင်းအောင်(2000-IT)၊ ကိုထွေးစိုးဟန်(2000-EP)၊ မခင်ထိပ်တင်(97-CIVIL)၊မနွယ်ဇင်နှင်း(97-MT)၊ မအိအိခိုင်(98-EP)၊ မစုမာဝင်း(97-CIVIL)၊ မဥမ္မာမြင့်(97-CIVIL)၊ မရည်မွန်သောင်း(97-CIVIL)၊မကြေးမုံဝင်း(99-EP)၊ မဇာဇာထွန်း(2000-CIVIL)၊ မပပဆွေ(2000-CIVIL) တို.တက်ရောက်ခဲ့ကြပါတယ်။
Sunday, 20 December 2009
Email account များပြန်လည်အသုံးပြုနိုင်
ကျွန်တော်တို့ website ရဲ့ ဝန်ဆောင်မှုတစ်ခုဖြစ်သော mongti.com ဒိုမိန်းနှင့် account များကို ပြန်လည်အသုံးပြုနိုင်ပါပြီ။
တကယ်တော့ ကျွန်တော်တို့ ရဲ့ email ဟာ google application သုံးထားသည့်အတွက် data ပျက်ဆီးသွားခြင်းမဟုတ်ပဲ Email log in link ပျောက်ဆုံးသွားခြင်းသာ ဖြစ်ပါသည်။ ယခုအခါ ထို link များကို ပြန်လည်ရရှိပြီးပြီဖြစ်သည့်အတွက် မူလအတိုင်းပြန်လည်အသုံးပြုနိုင်ပါပြီ။
Account ရရှိပြီးသူများသည် ယခင်အတိုင်းမိမိတို့ ၏ user name and password များကို အသုံးပြုပြီး ပြန်လည်ဝင်ရောက်နိုင်ပြီးဖြစ်သလို အသစ်လိုချင်သူများလည်း admin.mongti@gmail.comသို့   ပြန်လည်တောင်းယူနိုင်ပါပြီ။
Email Log in နေရာသည် main website ရဲ့ pages categories အောက်မှာရှိပြီး ထို Email log in page ထဲမှမေဂျာအလိုက် log in link များသုံး၍ Log in ပြုလုပ်နိုင်ပါသည်။
( Email Log in)
Email format: yourname@yourmajor.mongti.com
အခက်အခဲများ အဆင်မပြေမှုများများစွာရှိသည့်အတွက် အားလုံးကို အနူးအညွတ်တောင်းပန်ရင်း ကျွန်တော်တို့ ရဲ့ မိခင်ကျောင်းတော်ကြီးကို ဂုဏ်ပြုသောအားဖြင့် ကိုယ်ပိုင်ဒိုမိန်း email များကို အသုံးပြုကြပါစို့ ဟု တိုက်တွန်းလိုက်ရပါသည်။
လေးစားစွာဖြင့်
Admin
(www.mongti.com)
(www.mongti.ning.com)
(www.mongti.co.cc)
မိရိုးဖလာဗုဒ္ဓဘာသာနှင့် ကတယ့်ဗုဒ္ဓဘာသာတရားတော်
(ဆရာတော်အရှင်ဇဝနဟောကြားတော်မူသော မိရိုးဖလာဗုဒ္ဓဘာသာနှင့် ကတယ့်ဗုဒ္ဓဘာသာတရားတော်အား ဝေမျှလိုက်ပါတယ်။
တရားတော်များ website link ကို Mon GTI/GTC/GTU ဆုံဆည်းရာတွင် share လုပ်ပေးသော Ma Khine Lay(Civil) နှင့် မူရင်း upload ပြုလုပ်သူ U San Aung အား ကျေးဇူးတင်ပါတယ်ခင်ဗျား။)
ဆောင်းဦးနံနက်ခင်း နှင့် ကျွန်တော်စိုက်ပျိုးချင်သော သစ်တစ်ပင်အကြောင်း
ညီလေးရေ…
ငါတို့ တောက်ပတော့မယ့် မနက်ဖြန်တွေအတွက်
မင်းရင်ခုန်နေလား။
အိမ်မက်တွေ အစီအရီ စိုက်ပျိုးခွင့်
ငါတို့  ရခဲ့ရင်…. ပေါ့။
မင်းငိုကြွေးခဲ့တဲ့ နေ့ ရက်တွေ
စွန့် ပစ်ထား လိုက်တော့။
သမိုင်းအသစ်ကို ငါတို့  တူးဖော်ကြမယ်။
Sunday, 13 December 2009
မြန်မာနည်းပညာကျောင်းသူကျောင်းသားများအတွက်သတင်းကောင်းတစ်ပုဒ်
(ပြီးခဲ့တဲ့အပတ်ထုတ် Weekly Eleven ဂျာနုယ်မှာပါတဲ့သတင်းတစ်ပုဒ်ဖြစ်ပါတယ်။ ကြိုးစားချင်စိတ်အပြည့်ရှိတဲ့ ကျွန်တော်တို့ ညီငယ်ညီမငယ်များအတွက် အားတက်စေမယ့် သတင်းတစ်ပုဒ်ဖြစ်ပြီး မူရင်းပို့ စ်ကို ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။)
Eleven
စင်္ကာပူသမ္မတနိုင်ငံရှိ နိုင်ငံတကာအသိအမှတ်ပြု အစိုးရတက္ကသိုလ်ကြီးသုံးခုဖြစ်သော NTU(Nayang Technological University) ၊ NUS(National University of Singapore) နှင့် SMU(Singapore Management University) တို့ မှ ၂၀၁၀-၂၀၁၁ ပညာသင်နှစ်အတွက် မြန်မာနိုင်ငံသိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနလက်အောက်ရှိ နည်းပညာတက္ကသိုလ်၊ကောလိပ်၊သိပ္ပံများနှင့် ကွန်ပျူတာတက္ကသိုလ်များမှ ပညာသင်ကြားနေဆဲဖြစ်သောကျောင်းသူကျောင်းသားအား အချိန်ပြည့်ဘွဲ့ သင်တန်း(Full Time Under-graduate Degree Course)အတွက် ပညာသင်ဆုများပေးအပ်ရန်ကမ်းလှမ်းလာကြောင်း သတင်းရရှိသည်။
ပညာသင်ဆုများလျှောက်ထားရာတွင် ၂၀၀၈-၂၀၀၉ ပညာသင်နှစ်၊အစိုးရနည်းပညာတက္ကသိုလ်၊ကောလိပ်၊သိပ္ပံများမှ A.G.T.I ပထမနှစ်စာမေးပွဲတွင် ဘာသာရပ်အလိုက် တစ်နိုင်ငံလုံး အဆင့်(၁)မှ(၁၀)အတွင်း ရရှိခဲ့သူများ လျှေက်ထားရမည်ဟုသိရှိရပြီး ပညာသင်ဆုလျှောက်ထားခွင့်ရရှိသူ ကျောင်းသားကျောင်းသူများသည် ရေးဖြေနှင့်နှုတ်ဖြေအရည်အချင်းစစ်စာမေးပွဲများကို ဖြေဆိုကြရမည်ဖြစ်ကြောင်း သိရှိရပါသည်။
ပညာသင်ဆုပေးအပ်ရန်ကမ်းလှမ်းလာသောဘာသာရပ်များမှာနည်းပညာတက္ကသိုလ်၊ကောလိပ်၊သိပ္ပံများမှမြို့ ပြဘာသာရပ်၊စက်မှုစွမ်းအားဘာသာရပ်၊CNCဘာသာရပ်၊လျှပ်စစ်ဆက်သွယ်ဘာသာရပ်၊ လျှပ်စစ်စွမ်းအားဘာသာရပ်၊ စက်မှုအီလက်ထရွန်းနစ်ဘာသာရပ်၊ သုတနည်းပညာဘာသာရပ်နှင့် ကွန်ပျူတာကက္ကသိုလ်မှကွန်ပျူတာဘာသာရပ်တို့ ဖြစ်သည်။
ပညာသင်ဆုရရှိသည့်ကျောင်းသူကျောင်းသားများအနေဖြင့် ပညာသင်ကြားနေစဉ်အတွင်း ကျောင်းလခ၊စားစရိတ်၊သက်ဆိုင်ရာကျောင်းရှိအဆောင်များတွင်နေထိုင်ခွင့်၊ မြန်မာနိုင်ငံမှ စင်္ကာပူနိုင်ငံသို့ သွားရောက်ရမည့်အသွားအပြန်လေယာဉ်စားရိတ်နှင့် တစ်နှစ်လျှင်စင်္ကာပူဒေါ်လာ(၄၃၀၀)ကို ခံစားခွင့် ရမည်ဖြစ်သည်။
ပညာသင်ဆုအတွက်အရည်အချင်းစစ်စာမေးပွဲကိုလာမည့်ဒီဇင်ဘာ(၅)ရက်နေ့ တွင်ဖြေဆိုရမည်ဖြစ်ပြီး မြန်မာနိုင်ငံအောက်ပိုင်း နည်းပညာတက္ကသိုလ်၊ကောလိပ်၊သိပ္ပံများနှင့် ကွန်ပျူတာတက္ကသိုလ် ကျောင်းသူကျောင်းသားများအတွက်ရန်ကုန်နည်းပညာတက္ကသိုလ်တွင်ဖြေဆိုကြရပြီးမြန်မာနိုင်ငံအထက်ပိုင်းရှိကျောင်းသားကျောင်းသားများမှာMandalayနည်းပညာတက္ကသိုလ်တွင်ဖြေဆိုကြရမည် ဖြစ်ကြောင်း သိရှိရပါသည်။
(Ref: Weekly Eleven Journal)
Saturday, 12 December 2009
တစ်ချိန်က ကံ့ကော်ရိပ်
''တစ်ချိန်က ကံ့ကော်ရိပ်''
သြော်.....ကံ့ကော်ရယ်
နှောင်းသွားပြီးလေ..
တစ်ခါက တူနှစ်ကိုယ်
သီဆိုခဲ့တဲ့ ရင်ခုန်သံတွေကို
လွမ်းမိပါရဲ့....
Sunday, 6 December 2009
ကျွန်တော့်အလုပ်ခွင်ထဲမှ မှတ်စုများ (၁)
(ဒီပို့စ်က (Electronics, Electrical, Mechatronics)  နည်းပညာဘာသာရပ်ကို လေ့လာနေဆဲဖြစ်တဲ့ ညီငယ်ညီမများအတွက် ရည်ရွယ်ပြီး ကျွန်တော့်အလုပ်ခွင်ထဲမှ ကျွန်တော်သိသမျှကို အတတ်နိုင်ဆုံးရေးထားတာ ဖြစ်ပါတယ်။ ဤပို့စ်သည် အတွေ့ အကြုံရှိပြီးသားသူများအတွက် လွယ်ကူမည်ဖြစ်သော်လည်း အတွေ့အကြုံမရှိသေးသော ကျောင်းပြီးကာစသူများအတွက်၊ ဤ လောကထဲသို့ စတင်ဝင်ရောက်လာသောသူများအတွက် အဖိုးတန်လိမ့်မည်လို့ယူဆပါသည်။  Theory နဲ့ Practical ဘယ်လိုဆက်စပ်ပြီးနားလည်ရမလဲဆိုသော၊ လုံးဝမသိသေးသဖြင့် လေ့လာသိချင်သောသူများအတွက် အဖိုးတန်ပါလိမ့်မည်ဟုယူဆပါသည်။)
လွင့်မျောဆဲမိုးတိမ်
cloud
(photo source)
(၁)
မရှိခြင်းကို သုညလို့ ပြောရင် အဲဒီကောင်ဟာ ငါဖြစ်လိမ့်မယ်။ အိပ်မက်တွေအစီအရီသီဖို့ ကြိုးစားခဲ့ဖူးတဲ့ ကောင်ပေါ့။ မရခဲ့ပါဘူးလေ။
မရှိခြင်းတွေအပြည့်ထည့်သိပ်ထားတဲ့တောင်းတစ်လုံးကလွဲရင်ပေါ့။ အခုချိန်ထိ တိုးထွက်မလာနိုင်သေးတဲ့ နေရောင်ကို လှမ်းမျှော်လို့ ငါ စောင့်ကြည့်နေခဲ့ဖူးတယ်။ အဲဒီလောက်အထိ ညံ့ဖျင်းတဲ့ကောင် ငါပါ။
(၂)
တစ်ခါတစ်လေ ခေါင်းစဉ်အကြောင်းတွေးမိရင် ဦးနှောက်ခြောက်တယ်။ ဘဝကို ခပ်ပါးပါးလေးခပ်ကြည့်မိတော့ အရှုံးတွေအပြည့်နဲ့  အောင်လံထူနေတဲ့ ငါ့ကိုငါပြန်တွေ့ နေရတယ်။ ငါပြေးနေရင်းနဲ့  ခြေချော်လဲကျ။
ကိုယ့်ကိုကိုယ်တောင်တွေတစ်လုံးပြီးတစ်လုံးတက်နေတယ်လို့ထင်နေရင်းနဲ့အစကနေမကျော်လွန်နိုင်သေးဘူး။အခုတော့ငါ့မှာကုန်းကောက်စရာပီမိုးနင်းစာအုပ်တွေမရှိဘူး။ မိုင်ထောင်ချီခြေလျင်ခရီးနှင်ပြီး ကျောင်းတက်ဖို့ ကြိုးစားခဲ့သူရဲ့ ဇာတ်လမ်းငါပြန်ဖတ်ဖို့ မရှိဘူး။ ဆရာဖေမြင့်ရဲ့  ဘေဘီလုံမှာအချမ်းသာဆုံးပုဂ္ဂိုလ်စာအုပ် ငါ့မှာမရှိဘူး။ လဲကျတိုင်းမှာ ပြန်ထူမတ်နိုင်ဖို့  ကြိုးစားခဲ့တဲ့ အားအင်အဟောင်းတွေငါ့မှာမရှိတော့ဘူး။
အဲဒီဆောင်းညမှာမွေးဖွားပြီး ဆောင်းတွင်းမှာ နာကျင်အေးခဲနေတဲ့ဝေဒနာကုဖို့  ဆေးတစ်ပင် ငါ့ကိုပေးပါ။ တစ်ဖြေးဖြေးနဲ့  ပျင်းရိလာတဲ့စိတ်ကို ငါပြန်လည်မွေးဖွားချင်တယ်။
(၃)
ဒီရာစုသစ်ထဲမှာ လေးဖြူသီချင်း ငါမဆိုနိုင်တော့ပါ။ ပွင့်ကွဲပေါက်ထွက်ဖို့  စိတ်အနုမြူဗုံး ငါတစ်လုံးပြီးတစ်လုံး တပ်ဆင်ချင်ခဲ့တယ်။ ငါ့ကို အကြမ်းဖက်သမားလို့ ပဲပြောပြော ရတယ်။ ဒါပေမယ့် ငါ့ကိုငါ ပြန်အကြမ်းဖက်ချင်ခဲ့တဲ့ကောင်ပါ။ နိုင်ငံတကာ ရာဇဝတ်ခုံရုံးမှာ ငါ့ကိုယ်ငါ သေဒဏ်တောင်းဆိုချင်ခဲ့တဲ့ကောင်ပါ။
ငါ့စိတ်လေနှင်ရာလွင့်ဖို့ တောင်အခွင့်အရေးမရှိတဲ့ ဒီလောကမှာ ပြန်လည်ရှင်သန်ခြင်း ရွက်နုတွေ ငါ့သစ်ပင်မှာ ဝေပါရစေ။ အသစ်တစ်ဖန်ပြန်မွေးဖွားတဲ့ကောင် ငါဖြစ်ချင်တယ်။
အဲဒီအချိန်ကျရင်......
(ဂျိုင်းရန့် )
(ရေးခဲ့ဖူးတဲ့ဟိုမရောက်ဒီမရောက်အက်ဆေးအပိုင်းအစလေးပါ။အခုလောလောဆယ်ဖြစ်နေတဲ့စိတ်ပိုင်းဆိုင်ရာအကျပ်အတည်းတွေကိုကျော်လွှားဖို့အားအင်ရှာရင်းနဲ့ လေးဖြူသီချင်းလေးနားထောင်ကာပြန်ဖတ်နေမိပါတယ်။အခုတလောကျောင်းစာတွေပိနေလို့အသစ်တွေတော့မရေးနိုင်သေးပါဘူး။)
Wednesday, 2 December 2009
နိုဝင်ဘာလငွေစာရင်းရှင်းတမ်း
(စာမရေးတာ ကြာပြီဖြစ်တဲ့ ကိုသောင်းဆွေဝင်းရဲ့ email မှ စာကို ပြန်လည် ဝေမျှလိုက်ပါတယ်။ အစည်းဝေးမှတ်တမ်းလည်း အခုထိ မတင်နိုင်သေးတဲ့ အချိန်မှာ တစ်စုံတစ်ရာ အကျိုး သက်ရောက်စေမယ်လို့  မျှော်လင့်ပါတယ်။)
ခင်မင်လေးစားရပါသော ဆရာ/ဆရာမ များနှင့် သူငယ်ချင်းများ
ပြီးခဲ့တဲ့ November လအတွက် Balance Sheet ဖြစ်ပါတယ်။ ဖွင့်ကြည့်စေချင်ပါတယ်။ အမှားအယွင်း ရှိပါက ပြန်လည်ပြောကြားပေးစေ ချင်ပါတယ်။
Monday, 30 November 2009
စတုတ္ထအကြိမ်မြောက်အာစရိယပူဇော်ပွဲ(မော်လမြိုင်)
invitation
မော်လမြိုင် စက်မှုလက်မှုသိပ္ပံ/အစိုးရနည်းပညာကောလိပ်ကျောင်း၏ စတုတ္ထအကြိမ်မြောက် အာစရိယပူဇော်ပွဲနှင့်မိတ်ဆုံစားပွဲကို ၂၀၀၉ ခုနှစ်၊ဒီဇင်ဘာလ၊၂၆ ရက်၊ စနေနေ့ တွင် မော်လမြိုင်မြို့  ဖားအောက်ကျေးရွာ ရိုးဂိုးဘုရားဓမ္မာရုံတွင် ကျင်းပပြုလုပ်သွားမည်ဟု သတင်းရရှိပါသည်။
အဆိုပါ အာစရိယပူဇော်ပွဲအတွက် မြန်မာနိုင်ငံမှ ပါဝင်လှုဒါန်းလိုသူများ ဖိတ်စာပါလိပ်စာများသို့ လည်းကောင်း၊ စင်္ကာပူနိုင်ငံမှ ပါဝင်လှုဒါန်းလိုသူများ ကိုဝင်းကျော်မိုး(93 EP)၏ ပင်နီဇွဲလားပလာဇာ လေးလွှာရှိ ရွှေမင်းသမီးစတိုးတွင်လည်းကောင်း ပါဝင်လှုဒါန်းနိုင်ကြပါသည်။ ထို့ ပြင် ရွှေမင်းသမီးစတိုးတွင် တတိယအကြိမ်မြောက် အာစရိယပူဇော်ပွဲမှတ်တမ်းVCD ကို အခမဲ့တောင်းယူနိုင်ပါသည်။
Saturday, 28 November 2009
တို့ကျောင်းလမ်း
တို့ကျောင်းလမ်း
ရီသံတွေကင်းမဲ့ မာယာမရှိ
တိတ်ဆိတ်ခြင်းအတိ
အထီးကျန်ပေမယ့်
သူ့မှာ....... လှပတဲ့ နေ၀င်ချိန်ရှိတယ်
Thursday, 26 November 2009
နားရှိသောသူမည်သည်ကား ကြားပါစေ
အို...နံနက်ခင်း
သင့်ကိုနိုးထခွင့်ပေးစေ၊
ငါတို့ အားယူရာအလင်း
သင်ဖြစ်စေ၊
စိုက်ပျိုးခဲ့သောအစေ့
မျိုးပေါက်စေ၊
ရိတ်သိမ်းချိန်အာရုံဦး
တိုးထွက်စေ၊
Monday, 23 November 2009
ကိုကျော်လွင်ဝင်းနှင့်အင်တာဗျူး
(Mon GTI/GTC/GTU website ကဏ္ဍာအသစ်တစ်ခုရဲ့ပထမဆုံးအနေနဲ့ စင်္ကာပူနိုင်ငံမှာလက်ရှိအလုပ်လုပ်ကိုင်နေတဲ့ကိုကျော်လွင်ဝင်းနဲ့  အင်တာဗျူးဖြစ်ခဲ့ပါတယ်။ သူဟာကျွန်တော်တို့ အဖွဲ့  လှုပ်ရှားမှုတိုင်းမှာ တက်ကြွစွာပါဝင်ခဲ့ပြီး ကင်မရာမင်းတာဝန်လည်း ယူထားသူဖြစ်ပါတယ်။ ကိုယ့်ကိုကိုဓါတ်ပုံပြန်မရိုက်တတ်ဘူးဆိုလို့ ကျွန်တော့်ဆီမှာရှိတဲ့ရှားပါးပုံလေးပဲတင်ပေးလိုက်ပါတယ်။ ဘယ်ဖက်ဒေါင့်ဆုံးကဦးထုပ်အနီလေး ဆောင်းထားသူဖြစ်ပါတယ် ခင်ဗျာ။)
KLW
မင်္ဂလာပါ ခင်ဗျာ။ အစ်ကို့ နာမည်၊မေဂျာ၊ကျောင်း၊  ကျောင်းဆင်းခဲ့တဲ့ခုနှစ်နဲ့  မိတ်ဆက်ပြီး စလိုက်ကြရအောင်။
မင်္ဂလာပါ။ ကျော်လွင်ဝင်း၊ MP,96 MON GTI က ပြီးတာပါ။
အစ်ကိုကျောင်းတက်တုန်းကဘဝကို အနည်းအကျဉ်းလေးပြောပါလား။
93 ခုနှစ်မှာ ဆယ်တန်းအောင်ပြီး GTI ဝင်ခွင့် ဖြေတယ် MP မေဂျာဦးစားပေးလျှောက်ထားတော့ MON GTI ကို မလျှောက်ထားပဲ ရောက်လာတာပါ။ ရောက်စတော့ ပြန်ပြေးချင်တယ် (အိမ်ကို)။ မိုးအရမ်းကြီးတော့ အိမ်ကို အရမ်းလွမ်းလို့။
ဖားအောက်ရွာထဲက (ခရေပင်ကြီးအိမ်) ဒေါ်ငယ်တို့ အိမ်မှာ ခဏနေပြီး ကျောင်းထဲက ဒက္ခိဏ တိုးချဲ့ (ဘုရားခန်း) မှာ အဆောင်ရတာ။ အဆောင်ထမင်း နဲ့ ဟင်းက လွဲရင် အဆင်ပြေတယ်။ အဆောင်မှူးက ဦးမိုးဇော်ထွန်းပေါ့။ အခန်းလာတိုင်း ဖဲဝိုင်း ဖမ်းမိလွန်းလို့ နောက်တော့ သတိပေးရုံမဟုတ်တော့ပဲ လောင်းကြေး ကို အဆောင်ရံပုံငွေ အဖြစ် သိမ်းတော့တာပဲ။ ဒါနဲ့ပဲ ကစားတဲ့ သူတွေက ငွေအစားထိုးပြီး ကူပွန်သုံးပြီး ဆော့တော့တာပဲ။ ဖမ်းမိရင် တစ်ဝိုင်း လုံးမှ ငွေ တစ်ဆယ်ကျပ် လောက်ပဲ့ မိတော့တယ်ပေါ့။ ဆရာလည်း တော်တော် စိတ်လေသွားတယ်။
ရှားရှားပါးပါး တစ်ခါ အဆောင်ရှေ့ ဂစ်တာတီးတာ လိုက်ဖူးတယ်။ ဒေါ်ခင်စန်းသွင်နဲ့ ပြဿနာ တက်ပြီး၊ သူငယ်ချင်းတစ်ယောက် (ယာယီ)ကျောင်းထုတ် ခံရတယ်။ အချိန်က မနက် ၁ နာရီတီးရှိမယ်ထင်တယ်။ အရှေ့မှာတစ်ဖွဲ့ တီးပြီး နောက်တစ်ဖွဲ့ တီးပြီးပြန်ခါနီးမှ ရောက်လာတယ်။ ကျွန်တော်တို့အဖွဲ့စတီးတဲ့အချိန်မှာ ကောင်းကောင်းအဆူခံရတယ်။ ဒါက ကျောင်းတုံးက မမေ့နိုင်စရာ အဖြစ်အပျက်လေးတွေပေါ့ဗျာ။
ဒါနဲ့ ကျောင်းစာဖတ်ရင်း ပျော်ရင်းပါးရင်နဲ့ ၁၉၉၆ မှာ ဂျီတီအိုင်ပြီးခဲ့ပါတယ်။
ပြီးတော့ YIT Entrance ဖြေတယ်။ ဝင်ခွင့်ရတော့ ဆရာဖြစ်သင်တန်း၊ အင်းစိန် GTI မှာတက်ရတယ်။ ၉၆ ကဆို ကျွန်တော်ရယ်၊ EP က ဝင်းထွဋ္ဋ်လှ ရယ်၊ နှစ်ယောက်တည်း။ မနက် PT လုပ်ပြီး ဘောလုံးကွင်းပတ်ပြေးရတယ်။ အင်းစိန်ကျောင်းထဲမှာပဲနေပြီး SAT and SUN မှာ အိမ်ပြန်ခွင့်ရတယ်။ ဝင်းထွဋ္ဋ်လှကတော့ နှစ်ရက် တက်ပြီးထွက်သွားတယ်။ ကျွန်တော်ကတော့ ငါးရက်တက်ပြီးထွက်လိုက်တယ်။ ဆရာမလုပ်ချင်လို့လေ။ (အဲဒီဆရာဖြစ်ပြီးခဲ့တဲ့ လူတွေလည်း တကယ်တော့ ဆရာ မလုပ်လည်းရတယ်ဗျ၊ ဒီမှာ ရောက်နေတဲ့လူတွေလည်းရှိတယ်)
ကျောင်းပြီးတော့ရော ဘာတွေလုပ်သေးလဲ။
ကျောင်းပြီးတော့ S.A.E ပေါ့။ အလုပ်မှာမဟုတ်ဘူး။ အိမ်မှာ SLEEP, And EAT. J
အိမ်နားက ကိုတင်ထွန်းဝင်း အဲယားကွန်းနဲ့ ရေခဲသေတ္တာမှာ ကူလုပ်ပြီး ၉၈ ခုနှစ်မှာ ကျောင်းက နှစ်တူပြီးတဲ့ သူငယ်ချင်း ကိုမြတ်မင်း၊ ကိုလွင်မျိုးမင်း တို့နဲ့ တွဲပြီး အဲယားကွန်းဆိုင်ဖွင့်ဖြစ်တယ်။ KLM ဆိုတဲ့နာမည်နဲ့ပါ။
စင်္ကာပူကိုထွက်လာရတဲ့အကြောင်းရင်းနဲ့ စီစဉ်ပုံများနည်းနည်းလောက်ပြောနိုင်မလား။
သီးသန့်စီစဉ်တာတော့မရှိခဲ့ပါဘူး။ အဲဒီတုန်းက ကိုးရီးယား ကို Try လိုက်၊ စင်ကာပူကို Try လိုက်နဲ့၊ Premier Oil Company ကို Try လိုက်နဲ့။ B.Tech ကျောင်းခေါ်စာရင်းဒုတိယအသုတ်မှာ နာမည်ပါလာတော့ B.Tech ကို ဆက်တက်ဖြစ်တယ်။ B.Tech ပြီးတော့ မြေနီကုန်း ကဆိုင်မှာ လုပ်ရင်း စင်ကာပူထွက်ဖို့အတွက် T.N.Y Agent မှာ လျှောက်လွာတင်တယ်၊ စာတွေ့ လက်တွေ့ လူတွေ့ စစ်အောင်ပြီး စင်ကာပူမှာရှိတဲ့ PSA မှာ အလုပ်လုပ်ဖို့ ၂၀၀၄ စက်တင်ဘာမှာ စင်ကာပူကို ရောက်တယ်ဗျာ။
အခုလက်ရှိအလုပ်လုပ်နေတဲ့ဘဝ အကြောင်းလေးလည်း သိချင်ပါတယ် ခင်ဗျာ။
PSA မှာ ၃ နှစ်လုပ်ပြီး INDECO ကို အလုပ်ပြောင်းဖြစ်တယ်။ အဲဒီ INDECO ENGINEERS. PTL မှာ နှစ်နှစ်နီးပါးမှာ ကြာတော့ လက်ရှိ POWER FORCE TECHNOLOGIES PTL မှာ လုပ်နေပါတယ်။
အစ်ကို အသက်မွေးဝမ်းကျောင်းနဲ့ ပတ်သက်လို့ ဘာတွေများဆက်လက်လေ့လာဖြစ်သလဲ။ ဆိုလိုတာက ကျောင်းက သင်ပေးလိုက်တာအပြင် ဘယ်လိုများကိုယ့်ကိုကိုယ် လေ့လာဖြည့်ဆည်းခဲ့ပါသလဲ။
လက်ရှိထိတော့ ဒီမှာကျောင်းလည်း ဆက်မတက်ဖြစ်သေးဘူး။ လုပ်ငန်းခွင်လိုအပ်ချက်အရ Hydraulic တို့၊ Electrical တို့တော့ လေ့လာဖြစ်ပါတယ်။ AutoCAD ဆွဲတာလည်း အချိန်ရရင် လေ့ကျင့်ပါတယ်။ Self-Study ဆိုတော့ နဲနဲနှေးသလိုရှိတယ်။
မိမိဝါသနာပါတဲ့ Subject ကို Specialized ကျွမ်းကျင်ပြီး Independent လုပ်နိုင်အောင် လေ့လာစေချင်ပါတယ်။ Experience အတွေ့အကြုံ ရှိအောင်လည်း လုပ်ထားသင့်ပါတယ်။ English ဖြစ်နိုင်ရင် Chinese ပါ ဖြည့်စွက်လေ့လာစေချင်ပါတယ်။
နောက်ဆုံးအနေနဲ့ ကျွန်တော်တို့ ရဲ့ ဂျူနီယာ ညီ၊ညီမလေးတွေကို စကားလက်ဆောင်လေးပေးချင်တာများရှိရင် ကျေးဇူးပြု၍…….
ဒီကို လာမယ်ဆိုရင် (ကျောင်းဖြစ်ဖြစ်၊ အလုပ်ဖြစ်ဖြစ်) သေသေချာချာ လေ့လာစုံစမ်းပြီး (ဆန္ဒမစောပဲ) လုပ်ကြဖို့ပါ။
အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ။
Sunday, 22 November 2009
ခရစစ်စမတ်သီချင်းသစ်နှစ်ခွေ
မကြာခင်ရောက်တော့မယ့် ဒီဇင်ဘာနှင့် ခရစ်စမတ်အတွက် သီချင်းသစ်နှစ်ခွေ ထွက်ရှိလာပါတယ်။
ပထမအခွေက ခေါင်းစဉ်ကို ခရစ်စမတ်လို့ အမည်ပေးထားပြီး Lလွန်းဝါ၊ ဖြူဖြူကျော်သိန်း၊ ဒီလေး၊ မျိုးကြီး၊ Lဆိုင်းဇီ၊ ချောစုခင်တို့  သီဆိုထားပါတယ်။ အိမ်မပြန်အား၊ မနေ့ကလိုပဲ၊ မေရှိယ၊ မွေးနေ့ခရစ်စမတ်၊ မွေးဖွားခြင်းအကြောင်း၊ ဖွားမြင်သည်၊ ဆောင်းရင်ခွင်၊ သခင့်ရဲ့သိုး၊ သင့်အတွက်၊ သွေးပျက်သူ စသည့်သီချင်း ၁၀ ပုဒ်ပါဝင်ပါတယ်။
Friday, 20 November 2009
" ရင်ဘတ်ထဲက ဘ၀ဆိုတဲ့ကျောင်း "
" ရင်ဘတ်ထဲက ဘ၀ဆိုတဲ့ကျောင်း "
နောက်ဆုံးနေ့ရက်
နောက်ဆုံးခြေလှမ်း
နောက်ဆုံး စကားသံတွေနဲ့
ကျောခိုင်းသွားတဲ့
တို့ရဲ့ ကျောင်းတော်ရယ်...
Wednesday, 18 November 2009
ကျွန်တော်ဖြတ်သန်းခဲ့သော နေ့ ရက်များ(၁)
(ဒီဆိုဒ်အတွက်ဘာရေးရင်ကောင်းမလဲလို့စဉ်းစားနေတုန်းရေးခဲ့ဖူးတဲ့ကျောင်းသားဘဝအပိုင်းအစလေးတွေကိုပြန်လည်သတိရမိပါတယ်။ ကျွန်တော်ဖြတ်သန်းခဲ့သောနေ့ရက်များလို့နာမည်ပေးထားပြီး ဒါတွေကို အဆင်ပြေသလိုတင်ပေးသွားမယ်လို့ စိတ်ကူးထားပါတယ်။ ပျင်းရိငြီးငွေ့  စရာကောင်းနေရင်တော့ကျွန်တော့်ရဲ့ ညံ့ဖျင်းမှုသာဖြစ်ပြီး စိတ်ရှည်သည်းခံပေးပါလို့ ကြိုတင်တောင်းပန်အပ်ပါတယ်။)
လေးစားစွာဖြင့်....
Min Thu(99,EP)
DSC_0460
အပိုင်း(၁)
ကျွန်တော်နှင့် ကျောင်းတော်ကြီး
လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ရရှိခဲ့ဖူးတဲ့ ကျောင်းသားဘဝ အရသာကို အခုပြန်လည် တမ်းတပြီး မှတ်မိသမျှ ဖော်ထုတ် ရေးသားချင်စိတ်က လက်ရှိ ဒီနိုင်ငံမှာ ကျွန်တော် စာသင်ခန်းဆီကို ခြေဦး ပြန်လှည့်ချိန်မှာ ပိုပြီးပီပြင် ပေါ်လွင် လာပါသည်။ အသက်အရွယ် အပိုင်းအခြားကြောင့်လား ပတ်ဝန်းကျင် ကြောင့် လားတော့ မသေချာပါ။ သေချာတာက ကျောင်းတက်တဲ့ ပထမဆုံးနေ့  မှာဖြစ်တဲ့ စိတ်ခံစားမှု ကတော့ တော်တော်ကွာ ခြားပါတယ်။
၁၉၉၆ ခုနှစ်ခန့်  က ဆယ်တန်းအမှတ်စာရင်း ထွက်ပြီးချိန်ကို ကျွန်တော်ပြန်လည် သတိရနေမိ ပါတယ်။ အမှတ်စာရင်းစာရွက်လေးကိုင်ပြီးတော့ ဘာလုပ်ရရင် ကောင်းမလဲလို့  ဖြစ်နေတာ။ တက္ကသိုလ်တွေကလည်း ပိတ်ထား၊ အမှတ်ကလည်း ဟိုမရောက်ဒီမရောက်နဲ့  ဘယ်လိုင်းရွေးလို့  ဘာလုပ်ရမှန်းမသိ ယောင်တောင်တောင် ဖြစ်နေခဲ့တယ်။ ကလေးဘဝ တုန်းကတော့ ရန်ကုန် YIT ကျောင်းတော်က ကျွန်တော့ကို တော်တော် ဆွဲဆောင် ခဲ့တယ်။ မောင်စိန်ဝင်း(ပုတီးကုန်း)၊ နွမ်းဂျာသိုင်း၊ မင်းလူ အစရှိတဲ့ စာရေးဆရာတွေ ရေးတဲ့ တက္ကသိုလ်နောက်ခံ ဝတ္ထု တွေမှာ YIT ဇတ်လမ်းတွေ ပါလာရင် အရူးအမူးပဲ။ ဩဘာလမ်းတို့  ဘာတို့ လည်း စာထဲကနေ ရင်းနှီးလို့ ။
မှတ်မှတ်ရရ ကျောင်းဟောခန်းထဲမှာ လုပ်တဲ့ စာပေဟောပြောပွဲလည်း တစ်ခါတက်လိုက်ဖူးတယ်။ အဲဒီတုန်းက အော်ပီကြယ်၊ ဂျူး၊ ဆရာခင်မောင်သန်း နဲ့  အခြားနာမည်ကြီး စာရေးဆရာတို့  ဟောခဲ့ကြတာပါ။ ဒါပေမယ့် ကျွန်တော် အမှတ်စာရင်းလေး ကိုင်ပြီး ကျောင်းကို တစ်ခေါက်လောက် သွားလည်တော့ ပိတ်ထားတဲ့ ကျောင်းတံခါးနဲ့  ဟောင်းနွမ်းနေတဲ့ စာသင်ဆောင်တွေပဲ တွေ့ ခဲ့ ရတယ်။ စိတ်တော့ နည်းနည်း သက်သာ သွားမိပါတယ်။ ဘာဖြစ်လို့  လည်း ဆိုတော့ ကိုယ့်အမှတ်က မမှီ၊ ကျောင်းဖွင့်တယ် ဆိုရင်တောင် ဝင်ခွင့်ရဖို့  မရှိဘူးလေ။ (ဒါပေမယ့် ကျွန်တော်တို့  အသုတ်က ပုံမှန် YIT တက်ကြတဲ့ သူတွေ ရှိခဲ့ပါတယ်။)
အဲဒီအချိန်မှာ ခေတ်စားတာတော့ DSA၊ ရေကြောင်း ဆိုတာကြီးပဲ။ လူတိုင်းလိုလို ဝင်ခွင့်ရဖို့  ကြိုးစားကြတယ်။ ငွေကြေး၊ အဆက်သွယ် အင်အားတွေ အများကြီး လိုအပ်တော့ ကျွန်တော် လုံးဝကို စိတ်မဝင်စားခဲ့ပါဘူး။ ဒီလိုနဲ့  ဖြစ်သင့်တာ ဖြစ်လာဖို့  အစ်ကိုတစ်ယောက်က GTI လျှောက်လွှာကြီး ကိုင်ပြီး ကျွန်တော့ဆီ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လာခဲ့ပါတယ်။ အဲဒီအချိန် ကျွန်တော်က ရန်ကုန်မှာ အခြေခံ အီလက်ထရွန်းနစ် သင်တန်းတက်ပြီး ကိုဝင်းနိုင်ရဲ့  Mectronic Safeguard မှာ အလုပ်လုပ်နေ ပါတယ်။ အစ်ကိုပေးတဲ့ လျှောက်လွှာကိုဖြည့်၊ ဦးစားပေး မေဂျာ နေရာမှာ (၁) Electronics (၂) Electrical Power ဆိုတာဖြည့်၊ ဦးစားပေးကျောင်းမှာ ကိုယ့်ဇာတိဒေသလို ဖြစ်တဲ့ မော်လမြိုင်ကိုဖြည့်၊ တင်လိုက်ပြီး စိတ်ထဲ မေ့မေ့ပျောက်ပျောက်ပဲ ထားလိုက်တယ်။ ဒီလိုနဲ့  ကျောင်းခေါ်စာ အိမ်ကိုရောက်လာ၊ ဖွင့်ဖတ်တော့ Electrical Power နဲ့  မော်လမြိုင်ကျောင်း တက်ရမယ် ဆိုတော့ ကိုယ့်အထုပ်ကိုယ်ပြင်၊ အလုပ်ထွက်ပြီး ကျောင်းတော် ကြီးဆီ ချီတက် မိတော့တယ်။
သံဖြူဇရပ်မြို့ ရောက်တော့ အမေက `သား ဘာမှစိတ်မပူနဲ့ ။ တို့ အမျိုးတွေ ကျောင်းမှာရော၊ မော်လမြိုင်မှာရော ရှိကြတယ်။ အမေလိုက်ပို့ ပေးမယ်။ ` ဆိုတော့ အားတော့နည်းနည်းရှိသား။ အမေဆီမှာ စိုးရိမ် ကြောင့်ကျစိတ်တွေ ရှိနေပေမယ့် အတတ်နိုင်ဆုံး အားပေးသံကို ကြားလိုက် မိတယ်။ ဒီလိုနဲ့  အမျိုးတော်တဲ့ MT က ဆရာဦးအာတီး ဆီကို အမေလိုက်ပို့ ပေးတယ်။ ကျောင်းအကြာင်း အဆောင် အကြာင်း စုံစမ်း၊ အဆောင်နေ လက်မခံတော့ဘူး ဆိုလို့  မော်လမြိုင်က အမျိုးအိမ်တစ်အိမ်မှာ နေဖို့ အမေလိုက်လံ ပြောဆိုပြီးနောက် သားတော်မောင်ကို ထားရစ်ပြီး အိမ်ပြန်သွားခဲ့တယ်။ ဒီလိုနဲ့  ကျွန်တော် GTI ကျောင်းသား ဘဝ စခဲ့ပါတယ်။
ဒီလိုနဲ့  မြို့ ထဲကနေ အမှတ်(၈)ကားစီးပြီး ကျောင်းကို စသွားခဲ့ပါတယ်။ ပထမဆုံး ကျောင်းတက်တဲ့ နေ့ က အတန်းတွေ သိပ်မရှိပါဘူး။ ကျောင်းအဝင် မြေနီလမ်းနဲ့  ရေတမာတန်းက ကျွန်တော့်ကို တော်တော်လေး ဆွဲဆောင်ပြီး အဲဒီကြားထဲမှ ရွှေဟင်္သာခန်းမကို လှမ်းမြင်နေရတာ။ အဲဒီ ပုံရိပ်ကို ကျွန်တော် တော်တော် နှစ်သက်ပါတယ်။ (နောင်အခါ ကျွန်တော်တို့  သူငယ်ချင်းများ စုထုတ်တဲ့ ကဗျာစာအုပ်မျက်နှာဖုံးမှာ အဲဒီပုံရိပ် ခဲခြစ်ရာလေးနဲ့  မြေနီလမ်းဆိုတဲ့ ကဗျာတစ်ပုဒ် ကျွန်တော် ရေးပြီး ထည့်ခဲ့ပါတယ်။ ထိုကဗျာကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။)
မှတ်မှတ်ရရ ဖြစ်ရပ်အနေနဲ့  Drawing ဆွဲဖို့  T မရှိလို့  ဆရာဦးအာတီး ရှိတဲ့ MT work shop ဖက် ပြေးရသေးတယ်။ ဆရာက နံရံမှာ ချိတ်ဆွဲထားတဲ့ T လေး ကျွန်တော့် ကိုပေးလိုက်တယ်။ ဒါနဲ့  Drawing ခန်းထဲဝင် Drawing paper ပေါ် T လေးတင်ပြီး ခပ်တည်တည်နဲ့  ပုံတွေ ဆွဲတော့တာပေါ့။ အဲဒီမှာ ပြဿာနာက စတော့တာပဲ။ T ကို workshop ကနေ ယူလာတုန်းက ကျွန်တော် သေသေ ချာချာ ဖုန်တွေ သုတ်လိုက် တာပဲ။ ဒါပေမယ့် စက္ကူပေါ်တင် ဆွဲတော့ အမည်းကြောင်း တွေမှ မနည်းပဲ။ ကျွန်တော့ ပုံဆွဲစက္ကူ အဖြုရောင်ကနေ အမည်းရောင် ဖြစ်သွားခဲ့တယ်။ ကျွန်တော် ကြည့်ပြီး ဟားတိုက်သာ ရယ်လိုက်မိ တော့တယ်။
နေလည် ထမင်းစားချိန် ကျတော့ အခန်းထဲက သူငယ်ချင်း ကိုကိုငြိမ်းချမ်းက သူနဲ့  လိုက်ခဲ့ဆိုလို့  လိုက်သွားခဲ့တာ ဟိုရောက်တော့မှ ထမင်းစားဆောင် (မယ်ဇင်) ဖြစ်နေတယ်။ နောက်ဆုံးလက်ကျန် အဆောင်နေ ကျောင်းသား စီနီယာတွေနဲ့  အတူ ကျွန်တော်လည်း ရောယောင်ပြီး နေ့ လည်စာ ထမင်းကို ပဲဟင်း၊ ကန်စွန်းရွက်ကြော် လေးနဲ့  စားပြီးနောက် ကျွန်တော် တော်တော်လေး နှစ်သက် သဘောကျ သွားမိပါသည်။ ဒီလိုနဲ့  ကျွန်တော့်ရဲ့  ကျောင်းပထမဆုံးနေ့  ကတော့ ကျေနပ် နှစ်သက် စရာလေးတွေ အပြည့်နဲ့ စတင်ခဲ့ပါတော့တယ်။
Sunday, 15 November 2009
ဆရာဦးဝင်းမော်ထွန်းထံမှစာတစ်စောင်
ဆရာကြီးဦးဝင်းမော်ထွန်းထံမှ ၁၃-၁၁-၀၉ ရက်စွဲနှင့် စာတစ်စောင်လက်ခံရရှိပါသည်။
ဆရာဦးဝင်းမော်ထွန်းမှာ ကျွန်တော်တို့ အဖွဲ့ အောက်တိုဘာလ ကန်တော့ခံဆရာများစာရင်းမှာ ပါဝင်ခဲ့ပြီး အားလုံးထံသို့ ပြန်လည်တုန့် ပြန်စာရေးသားလိုက်ခြင်းဖြစ်ပါသည်။
ထိုစာအရ ဆရာကြီးသည် ရန်ကုန်နည်းပညာတက္ကသိုလ် သုတေသနဗဟိုဌာနတွင် ညွှန်ကြားရေးမှူးအဖြစ်လုပ်ကိုင်နေလျှက်ရှိပြီး နေရပ်လိပ်စာနှင့် ဖုန်းနံပါတ်တို့ အားလည်း သိရှိရပါသည်။
(ဆရာကြီး ကျန်းမာ၊ချမ်းသာစွာနှင့် နိုင်ငံအကျိုးဆထပ်တိုး လုပ်ကိုင်ဆောင်ရွက်နိုင်ပါစေလို့ အားလုံးရဲ့ ကိုယ်စား ဆန္ဒပြုလိုက်ပါသည်။)
Letter from UWMT http://d1.scribdassets.com/ScribdViewer.swf?document_id=22539687&access_key=key-1b2njbkrf8m0v69i6o5p&page=1&version=1&viewMode=list
Saturday, 14 November 2009
i Phone ဗိုင်းရပ်အကြောင်း တစေ့တစောင်း
i  phone သုံးနေတဲ့ အစ်ကို ၊ ညီ ၊ အစ်မ ၊ ညီမ တွေ အတွက် ရည်ရွယ်ပြီး ဒီ post ကို ပြန်ရေးတာပါ.... အသုံးဝင်မယ်လို့တော့ မျှော်လင့်ပါတယ်...
ဩစတြေးလျ နိုင်ငံမှ အသက် (၂၁)နှစ် အရွယ် လူငယ်လေး တဦးက ၎င်းသည် iPhone အား ထိုးဖောက်ကာ Virus တမျိုး ထည့်သွင်းနိုင်သည့် ပထမဆုံး Hacker ဖြစ်လာကြောင်း ၀န်ခံ လိုက်သည်။
ယင်း Virus သည် ဖုန်းတလုံးတွင် ကူးစက်ခံရပါက ယင်းဖုန်း မှတဆင့် ခေါ်ဆိုသော အခြား iPhone တိုင်းသို့ ပျံ့နှံ့သွားမည် ဖြစ်ကြောင်း ဆစ်ဒနီရှိ
ကျောင်းသားလေး အက်ရှလေတောင်း က ပြောကြားခဲ့သည်။
၎င်း ဖန်တီးထားသော Virus သည် ဖုန်းအား ကြီးကြီးမားမား ပျက်စီးစေမည် မဟုတ်သော်လည်း ဖုန်း၏ Wallpaper တွင် ၎င်းအလွန် နှစ်သက်သည့် Pop အဆိုတော် ရစ်အက်စတလီ၏ ပုံကို အလိုအလျှောက် ပြောင်းသွား စေမည်ဟု အက်ရှလေက ပြောကြားခဲ့သည်။
အက်ရှလေက ယခုကဲ့သို့ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ဖျက်စီးလိုသော သဘောမပါဘဲ လူတိုင်းလူတိုင်း iPhone ကို အလွယ်တကူ Hack နိုင်သည်ကို သတိပေးလိုသဖြင့်သာ ဖြစ်သည်ဟု ထုတ်ဖော် ပြောဆို သွားသည်။
ထို့အပြင် ယခုVirus သည် လူအများစုက Password ပြောင်းရန် အပျင်းထူနေခြင်းကို အခွင့်ကောင်းယူကာ ပိုမို ပျံ့နှံ့နိုင်ကြောင်း ရှင်းပြ ခဲ့သည်။ အက်ရှလေ၏ Virus သည် iPhone တမျိုးထဲတွင်သာ ကူးစက်နိုင်ပြီး ပိုင်ရှင်များက Apple ၏ ခွင့်ပြုချက် မပါဘဲ Application များထည့်သွင်းနိုင်ရန် Jailbreak ပြုလုပ်ထားသည့် ဖုန်းများတွင် ကူးစက်ခြင်းဖြစ်သည်။
အက်ရှလေက လူတဦးသည် iPhone ကို Jailbreak လုပ်ပြီးပါက Password ကို ပြောင်းပစ်သင့်ကြောင်း အကြံပြုခဲ့ပြီး Default Setting အရ iPhone သည် Jailbreak ပြုလုပ်ပြီးချိန်တွင် Password တမျိုးထဲကိုသာ မှတ်သားထားသဖြင့် ထိုးဖောက်ရန် အလွန် လွယ်ကူကြောင်း ထောက်ပြသွားခဲ့သည်။
အက်ရှလေက မိမိ၏ Virus သည် လူအများကို နစ်နာရန် မရည်ရွယ်ဘဲ ပျော်ရွှင်စေရုံ သက်သက်အတွက် ဖန်တီးထားခြင်း ဟုလည်း ၀န်ခံ ပြောကြားခဲ့သည်။
http://www.peoplemediavoice.com/tech-news/worlds-first-iphone-virus-changes-your-wallpaper-to-a-picture-of-rick-astley-hacker-claims.html
မင်္ဂလာပါ..
kozin
မြန်မာ အက္ခရာသုံး ဒိုမိန်း အကြောင်း
ကိုရီးယားနိုင်ငံ ဆိုလ်း မြို့တွင် ကျင်းပ သော အင်တာနက် ဆိုင်ရာ အမည်နှင့် နံပါတ်များ ခွဲရေးအဖွဲ့ ၏ အောက်တိုဘာ ၂၆  ရက်မှ ၃၀ ရက်ထိ
ကျင်းပခဲ့သော အစည်းဝေး က အတည် ပြု ပေးလိုက်သည့် မိခင် ဘာသာဖြင့် ရေးသား နိုင်သော အင်တာနက် လိပ်စာများ (Uniform Resource Locator, previously Universal Resource Locator) တွင် ယူနီကုဒ်စံ သတ်မှတ်ချက်ကို လိုက်နာထားသည့် မြန်မာ အက္ခရာများကို စတင် သုံးစွဲနိုင်ပြီဟု မြန်မာစာ သုံး ဒိုမိန်းများ အတွက် ဝန်ဆောင်ပေးနေသည့် ကနောင် ဝဘ်ဒီဇိုင်း (http://kanaung.com) မှ အတည်ပြု ပြောဆိုခဲ့သည်။
ပထမဆုံး မြန်မာစာသုံး ဒိုမိန်း လိပ်စာ (Uniform Resource Locator, previously Universal Resource Locator) အဖြစ် ဧရာမြန်မာ ယူနီကုဒ် အင်တာနက် စာမျက်နှာ အတွက် http://www.ဧရာ.com ကို စတင်နိုင်ခဲ့ပြီး ဖြစ်ကြောင်း၊ တခြားသော စံများနှင့်လည်း ကိုက်ညီသည့် ဒိုမိန်း လိပ်စာများ အတွက်လည်း ဝယ်ယူ စုဆောင်း ထားကြောင်းလဲ သိရှိရသည်။
လက်ရှိ အခြေအနေတွင် ယူနီကုဒ် ဗားရှင်းများ အလိုက် သတ်မှတ်ထားသော စံကို လိုက်နာကျင်သုံး ထားသည့် မြန်မာ အက္ခရာများ နှင့် ယူနီကုဒ် စံ၏ စိတ်တပိုင်းကို လိုက်နာထားသည့် de facto standard ဇော်ဂျီ စာလုံးများကြားတွင် မိမိအသုံးပြုမည့် လိပ်စာအား မည်သည့် standard၊ မည်သည့် de facto standard သုံး အက္ခရာဖြင့် ဝယ်ယူမည်ကို အဓိကထား စဉ်းစားရမည့် အချက်ဖြစ်ကြောင်း၊ သို့မှသာ သုံးစွဲသူများ အနေဖြင့်အဆင်ပြေမည် ဖြစ်ကြောင်းသိရှိရသည်။
http://www.ဧရာ.com ကို မည်သည့် စာလုံး စံနစ်ဖြင့် ရေးသားထားသည် ဖြစ်ပါစေ အဆင်ပြေမည် ဖြစ်သော်လည်း၊ မဇ္စျိမ ဟူသော စကားလုံးအား de facto standardသုံး ဇော်ဂျီ ရေးသားပါက တမျိုးဖြစ်မည် ဖြစ်ပြီး၊ တခြားသော standard အတိုင်း ရေးသားပါက နောက်တမျိုးဖြစ်မည် ဖြစ်သောကြောင့် သုံးစွဲမည့်သူအတွက် များစွား အနှောင့်အယှက် ဖြစ်လာမည်သာ ဖြစ်သည်။
သို့အတွက် နိုင်ငံတကာ အသိအမှတ် ပြုထားသော စံအတိုင်း ရေးသားထားသော အက္ခရာ များကို သုံးစွဲလာပါက နောက်တွင် ပိုမို အဆင်ပြေ လာမည်ဖြစ်ကြောင်း ထောက်ပြခဲ့သည်။ လောလောဆယ်တွင် မြန်မာ အက္ခရာများကို .com .net များဖြင့် အသုံးပြုနိုင်ပြီ ဖြစ်သော်လည်း၊ .org အား ရောင်းချခြင်း မရှိသေးကြောင်း သိရှိရသည်။
လက်ရှိ အခြေအနေတွင် သုံးစွဲသူများ အနေဖြင့် http://www.ဧရာ.com ရိုက်ပြီး သွားရောက်နိုင်ပြီ ဖြစ်သော်လည်း၊ ဧရာမြန်မာ ယူနီကုဒ် စာမျက်နှာကို ရောက်သွားပါက http://www.xn--fjdxq.com/ သို့ ပြောင်းလဲသွားအောင် လုပ်ဆောင် ထားသည် ကို တွေ့ရှိရမည်။
xn--fjdxq ကို ဧရာ ဟု နည်းပညာအရ အသိအမှတ် ပြုထားပြန်သည် ကိုလည်းတွေ့ရှိရသည်။ ဆာဗာ ထိုင်ထားသည့် ဒိုမိန်းအမည် စံနစ် Domain Name System (DNS) အား မိခင် ဘာသာ စကားသုံး အက္ခရာများ ဖြစ်ရန်ကိုမှု ၂၀၁၀ စောင့်ဆိုင်းရန် လိုကြောင်း သိရှိရသည်။
http://i33.tinypic.com/154ejgy.jpg
http://i36.tinypic.com/206myyg.jpg
http://www.peoplemediavoice.com/tech-news/yes-we-can-use-burmese-name-in-url.html
ဘာပဲဖြစ်ဖြစ်လေ အခုလိုနည်းပညာတွေ တိုးတက်လာတဲ့အတွက် ဂုဏ်ယူစရာပါ...gmail ထဲက ကြိုက်လို့ ပြန်ရေးထားတာပါ
အားလုံး mingalar ပါ..
kozin
How To Come To Singapore? Part 3
(ဒီပို့စ်က အရင်တုန်းကတင်ခဲ့ပြီးဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော်တို့ရဲ့ www.mongti.com hack ခံလိုက်ရတဲ့အတွက်ကြောင့်တစ်ချို့သော ပို့စ်များကို Backup မလုပ်ထားမိသဖြင့် ဒီပို့စ် ကိုပြန်လည်တင်လိုက်ကြောင်းဖြစ်ပါတယ်။ အခုလက်ရှိအချိန်တွင် ကမ္ဘာ တဝန်းလုံး စီးပွါးရေးအခြေအနေ ကျဆင်းနေသောအခြေနေ ဖြစ်နေသောအချိန် ဖြစ်သည့်အတွက် နိုင်ငံရပ်ခြားသို့စွန့်စားထွက်လာပြီးအလုပ်ရှာဖို့ရာ စဉ်းစားစရာပင် ဖြစ်နေပါပြီ။ မည်သို့ပင်ဖြစ်စေ ဒီပို့စ်ကတော့ စွန့်စားထွက်လာသူများအတွက် အကယ်၍ အလုပ်ရလျှင် အထောက်အကူဖြစ်ပါလိမ့်မည်။ အခုလက်ရှိ စင်ကာပူတွင်လည်း အလုပ်သမားများနဲ့ သက်ဆိုင်သော ပေါ်လစီများကို ပြောင်းလဲ ပြင်ဆင်သတ်မှတ်လာပြီဖြစ်ပါတယ်။ ကျွန်တော် mail box ထဲသို့ ရောက်လာသော MOM မှ ပြင်ဆင်လိုက်သော  အချက်အလက်များကို ကျွန်တော်တို့၏ ညီတော်မောင်များသိစေချင်သည့်အတွက် Power Point Presentation file ကိုတင်ပေးလိုက်ပါတယ်။ ဒီနေရာတွင် ဒေါင်းပြီးဖတ်ရှုနိုင်ပါတယ်။)
ကျွန်တော်သည် အခွံချွပ်ထားသောမျောက်တစ်ကောင်
2
(photo source)
အဲဒီညက ခြိမ်းသောမိုးမျိုး ဒီတစ်သက်မှာကျွန်တော်တစ်ခါမျှပင် မတွေ့ ဖူးပါ။ ဒီဒေသကို အမှန်တစ်ကယ်စွန့် ခွာတော့မည်ဆိုမှ ရင်မှာဆို့ နင့်ကြေကွဲ လာသည်။ ငြင်းဆန်မရသော ဖိအားတစ်စုံတစ်ရာကြောင့် ကျောခိုင်းခဲ့ရခြင်း ဖြစ်သည်။
တကယ်တော့ ကျွန်တော်သည် အခွံချွပ်ထားသော မျောက်တစ်ကောင်သာ ဖြစ်သည်။
(၁) ကျွန်တော်နှင့် မျိုးရိုးဗီဇ
ကျွန်တော်ငယ်ငယ်တုန်းက အမေမကြာခဏပြောဖူးသည်။
“ အမေတို့ မျိုးရိုးဟာသာမန်မဟုတ်ဘူး။ အခု လူလို့ ခေါ်တဲ့ သတ္တာဝါတွေဟာ အမေတို့ ဆီကဆင်းသက်တာ။ အမေတို့ ဟာ မျောက်မျိုးစိတ်ထဲမှာ အမြင့်ဆုံး အမြတ်ဆုံး။ ဒါကို ဂုဏ်ယူတတ်ရမယ်သား"
အမှန်တော့ ကျွန်တော်သိပ်နားမလည်ပါ။ တန်ဖိုးတစ်ခုကို ဘာပေတံနဲ့  တိုင်းတာသလဲ။ ထာဝရအမှန် အမှားဆိုတာရော တကယ်ရှိသလား။ ကိုယ့်မျိုးရိုးကို ဂုဏ်ယူတတ်ဖို့  တခြားသူကိုထိခိုက်စရာလိုသလား။
တကယ်တမ်းတော့ အဖေကျွန်တော့်ကို စိတ်ပျက်နေတာ ကြာပြီ။ ပြောရရင် အဖေက ဒီဒေသမှာ အကုန်လုံး လေးစားခင်မင် အားကိုးမှုကို ရထားသူ။ မျက်နှာကြီးပေါ့။ ကျွန်တော်ကတော့ (အဖေ့စကားအရ) စောက်တလွဲကောင် မျိုးရိုး သိက္ခာချတဲ့ကောင် မျိုးမစစ်ကောင် စသည်ဖြစ် နာမည်မျိုးစုံ ခေါ်ဝေါ်သမုတ် ခံရလေ့ရှိသည်။ (သူ့ လိုဖြစ်စေချင်တဲ့ အဖေရဲ့ စေတနာကိုတော့ ကျွန်တော်နားလည် ခံစားရ ပါတယ်)
(၂) ကျွန်တော်နှင့် ပြင်ပလောက
ကျွန်တော်အရွယ်ရောက်တော့ စူးစမ်းချင်သောစိတ်က အတောမသတ်နိုင်သေး။ ရွယ်တူတွေက မျောက်တို့ တတ်အံ့သောကိုယ်ခံပညာ အသက်မွေးဝမ်းကျောင်းဆိုင်ရာအတတ်ပညာများ သင်ယူလေ့လာ တတ်မြောက်ဖို့  အသီးသီးကြိုးစားနေကြချိန်မှာ ကျွန်တော်က ပတ်ဝန်းကျင်ဆိုင်ရာစူးစမ်းမှုတွေလုပ်၊တခြားမျိုးမတူတဲ့သတ္တဝါတွေဆီသွားပြီးသူတို့ ရဲ့ ဓလေ့ထုံးစံတွေလေ့လာ၊ ဒီလိုနဲ့ ပဲ ကျွန်တော်ဟာ ဘာသာစကားမျိုးစုံတတ်ကျွမ်းလာသည်။
မျိုးရိုးမတူတဲ့ မိတ်ဆွေသူငယ်ချင်းများရဲ့ မှတ်ချက်တွေ အယူအဆတွေ နားထောင်ရင်းနဲ့  ကျွန်တော် တို့ မျောက်မျိုးရိုးတွေ ကိုယ့်ကိုကိုယ် ကပ်သီးကပ်သပ် ဂုဏ်ယူနေကြတာကို နားလည်လာသည်။ အင်းအား ပါဝါ တွေ ကြီးလာအောင် ကြိုးစားပြီး ကိုယ့်ထက်အားနည်းတဲ့ သူတွေအပေါ် လွှမ်းမိုးအနိုင်ယူချင်နေတာတွေ နားလည်လာသည်။
သူတို့ ကတော့ ကိုယ့်မျိုးရိုးကို ကာကွယ်ခြင်းလို့ နာမည်တပ်ထားကြသည်။ မျိုးရိုးဝါဒတွေ နေ့ တိုင်း သင်ကြားပြီးတော့ ပုံစံသွင်းထားကြသည်။
သို့ နှင့် ပြောဆိုဆုံးမ၍ မရသော ကျွန်တော့ကို တစ်နေ့ အဖေက ခေါ်ပြီး
"မင်းးဒီဒေသမှာ နေချင်ရင် ငါတို့ ပြောတာလိုက်နာ ဒါမှမဟုတ် ဒီကထွက်သွား” လို့ တစ်ခွန်းတည်း ပြောလေသည်။
(၃) ကျွန်တော်နှင့် ကတ္တီပါလမ်းခွဲ
ဒီမြေမှာကြီး ဒီလေကို ရှူရှိက်ပြီး အသက်ရှင်သန်လာခဲ့သော ကျွန်တော့ရဲ့ သွေးကတော့ ဒီမျိုးရိုးစစ်စစ်ပါ။ ဒါပေမယ့် မတူညီတာတွေ ဝတ်ဆင်ချင်ခဲ့သူ မတူညီမှုတွေကို အလှတရားတစ်ခုအဖြစ် ပေါင်းစပ်ချင်ခဲ့သူ တစ်ဦးသာဖြစ်သည်။
ကျွန်တော်က စွန့် ခွာသွားခဲ့တာလား ကျွန်တော့ကို စွန့် ခွာသွားခဲ့တာလား မသေချာပေမယ့် ဒီဒေသကတော့ ကျွန်တော့ရင်ဘတ်ထဲမှာ စွဲမြဲစွာ ကျန်ရစ်နေဆဲပါ။ တစ်နေ့ ဒီမြေနဲ့ ဒီလေကို ပြန်လည် ရှုရှိုက်ခွင့် ရလိမ့်မည်ဟု ယုံကြည်ထားပါသည်။
တကယ်တော့ ကျွန်တော်သည် အခွံချွပ်ထာားသော မျောက်တစ်ကောင်သာ ဖြစ်သည်။
Thursday, 12 November 2009
နောက်ဆုံးဆုတောင်း
အရင်တုန်းကတော့
မျှော်လင့်ခြင်းတွေကို ရင်ဘတ်ထဲထည့်လို့ 
အသက်ရှုနေကြပေါ့။
ကြာတော့လည်း
အဲဒီ ရင်ဘတ်ထဲ ကောင်ဟာ
ကမ္ဘာကြီးကို မျှော်ကြည့် ရင်း
ကြီးရင့်လာတယ်။
Sunday, 8 November 2009
The Life of Buddha
(အရင်တုန်းက Little Buddha ဆိုတဲ့ movie ကို ကြည့်ခဲ့ဖူးပါတယ်။ ဗုဒ္ဓရာဇဝင်ကို ဟောလိဝုဖ်က ရိုက်ကူးခဲ့တာပါ။ ဗုဒ္ဓဝင်နဲ့လူဝင်စားဇာတ်လမ်းကို အခြေခံရိုက်ကူးခဲ့ပြီး မြန်မာဗုဒ္ဓဘာသာတွေအမြင်မှာတော့ တစ်မျိုးဖြစ်ခဲ့ပါတယ်။
ယခု movie preview မှာတော့ သိဒ္ဓမင်းသားရဲ့ ဘဝဖြစ်စဉ်ကို သဘာဝကျအောင် ရိုက်ကူးထားတာတွေ့ ရပါတယ်။ အရှေ့ တိုင်းစာပေအမြင်နဲ့  အနောက်တိုင်းက ပုဂ္ဂိုလ်တွေရဲ့ နားလည်မှု ဘာတွေကွာခြားသလဲဆိုတာကို လေ့လာကြည့်နိုင်ပါတယ်။ ကျွန်တော်တို့ မမေ့ဖို့ လိုအပ်တာက ဗုဒ္ဓဟာ နီပေါမှာပွင့်ခဲ့တယ်ဆိုတာပါပဲ။ )
အားလုံးပဲ အလုပ်အားရက်မှာ စိတ်ချမ်းသာ၊ကိုယ်ချမ်းသာစွာနဲ့ သီလ၊ဒါန၊ဘာဝနာ ကုသိုလ်များ ပွားများနိုင်ကြပါစေ။
Saturday, 7 November 2009
မကြာခင် ဈေးကွက်ထဲသို့ ရောက်ရှိလာတော့မည့် စွမ်းအင် ၃ဆမြင့် Rechargeable Zinc-AirBatteries
revolt_x220Swiss Company တစ်ခုမှလာမည့်နှစ်တွင် Lithium ion batteries ထက် စွမ်းအင် ၃ဆ သိုလှောင်နိုင်ပြီး ဈေးနှုန်းထက်ဝက်ချိုသော rechargeable Zinc-air batteries များကို ဈေးကွက်ထဲသို့ စတင်မိတ်ဆက်မည်ဖြစ်ကြောင်းပြောကြားလိုက်ပါသည်။ ၄င်းကို hearing aids အတွက်သုံးမည့် Small button cells အဆင့်မှ Cell Phone, Electric bicycle နှင့် Electric Vehicles များတွင်သုံးရန် အကြီးစား larger batteries နှင့် large-format batteries များထိ ထုတ်လုပ်ရန် ရည်ရွယ်ထားကြားသိရှိရပါတယ်။
သာမန်အားဖြင့်ဈေးကွက်ထဲတွင် non-rechargeable zinc-air batteries များကို ဝယ်ယူသုံးစွဲနိုင်ပြီးဖြစ်သော်လည်း ယခုထုတ်လုပ်မည့် rechargeable zinc-air batteries အတွက်တော့ နည်းပညာ စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်းသိရပါတယ်။
၎င်း zinc-air batteries နည်းပညာသည် သာမန် batteries များလိုမဟုတ်ဘဲ လေထဲတွင် ပါဝင်သော Oxygen ကိုအသုံးချပြီး လျှပ်စစ်ထုတ်လုပ်မည်ဖြစ်ကြောင်း ဖတ်ရှုရပါတယ်။ အသေးစိတ်ကိုဖတ်ရှုလိုလျှင် မူရင်းလင့် ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။
ကိုမြိတ်
အိမ်အပြန်လွမ်းချင်း
စွန့်လာထွက်ခွာခဲ့သော
နေ့ ရက်တစ်ခု
ခိုင်မာစွာအခြေချမယ်ဆိုတဲ့
ဆုံးဖြတ်ချက်နဲ့ 
အိမ်မက်တစ်ခုရဲ့သက်တမ်းဟာ
အခိုက်တန့် မဟုတ်
ရူးသွပ်စွာနစ်မျောခွင့်
လွင့်ဆဲစိတ်ကူးထဲ
ရုန်းထွက်လို့ တမ်းတမိတယ်။
Friday, 6 November 2009
အောက်တိုဘာလအတွက်ကန်တော့ငွေပေးပို့ ခြင်း
ခင်မင်လေးစားရပါသော ဆရာ ဆရာမများနှင့် သူငယ်ချင်းများခင်ဗျား
ကျွန်တော်တို့ပြည်ပရောက် Mon GTI/GTC/GTU ကျောင်းသူကျောင်းသားများရဲ့ဆရာကန်တော့ငွေကိုအောက်တိုဘာလ ၂၉ ရက်နေ့တွင် ရန်ကုန်ရှိမကေသီထွန်းထံမှတဆင့်ပေးပို့လှုဒါန်းဖြစ်ပါတယ်။
October
အထက်ပါပုံကတော့ ပြီးခဲ့တဲ့ Oct 09 အတွက် ကျောင်းအုပ်ဆရာကြီးများထံသို့ ကန်တော့ရန် ပေးပို့ထားသော ငွေလွှဲ ဖြတ်ပိုင်းဖြစ်ပါတယ်။
ကျောင်းအုပ်ဆရာကြီးများကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
(၁) ဦးကျော်ဝင်းသန်း
(၂) ဦးအောင်မိုး
(၃) ဦးဝင်းမော်ထွန်း
(၄) ဦးမျိုးလွင်
(၅) ဦးမြင့်ဌေး
(၆) ဦးသန်းဆွေ
လေးစားစွာဖြင့်
သောင်းဆွေဝင်း ( 95 MP )
Thursday, 5 November 2009
ဆရာအောင်သင်းနှင့် ရေကြည်ရာမြက်နုရာ အပိုင်း(၂)
နောက်တစ်ခုကစွန့်တယ်ဆိုတာ စားရဖို့ဆိုပြီး ဟောပြောတဲ့နေရာမှာ ဆရာကြီးသုံးနှုန်းခဲ့တာရှိပါတယ်။ အဲဒါကိုဘယ်လိုသဘောပေါက်ရမလဲ။
ဟုတ်တယ်။ အဲဒါလည်းငါ . . . ခွဲသုံးခဲ့တာပါပဲ။ မစွန့်ဘဲနဲ့မစားရဘူး။ စွန့်မှပဲစားရတယ်ဆိုတဲ့ကိစ္စ။ အဲဒါ မှာ လူကြီးတွေမှာဖြစ်စေ၊ လူငယ်တွေမှာဖြစ်စေ၊ ကလေးပေါက်စမှာဖြစ်စေ စွန့်စားတတ်တဲ့ စိတ်ကတော့ ရှိတာချည်းပဲ။ တိရစ္ဆာန်တွေတောင်မှ စွန့်စားတာပဲ။ animal courage ခေါ်တာပေါ့။ ကလေးမှာလည်း စွန့်စားချင်တဲ့စိတ် ရှိတာပဲ။ ဒါကြောင့်မို့ ကလေးကိုလက်တွဲလမ်းလျှောက်ရင်းနဲ့ နည်းနည်း သူ လမ်းလျှောက် လာနိုင်ရင် သူ့ကိုလက်တွဲတာမကြိုက် ဘူး။ အတင်းရုန်းတယ်။ ပြီးတော့မှလဲချင်လဲမယ်။ အဲဒါဘာလဲဆိုတော့ သူ့ခြေထောက်ပေါ် သူရပ်ဖို့ ကြိုးစားတဲ့ သဘောပဲ။ အခုပြောနေတဲ့ရေခြားမြေခြားသွားတဲ့ကိစ္စမှာ တိုင်းတစ်ပါးကို ထွက်ခွာသွားပြီ ဆိုကတည်းက စွန့်သွားတာပဲ။ အဲဒီတော့စွန့်ပြီးတော့ မစားရဘူးဆိုရင် ဆက်ပြီးလုပ်တဲ့ လုပ်ငန်းညံ့ဖျင်းလို့ပဲ။ ဟိုမှာနေရာမှားတာလား။ ကျင့်သုံးပုံမှား တာလား။ သို့မဟုတ် လုပ်ပုံကိုင်ပုံမှား တာလားမသိဘူး။ ပုံသေတာကတော့ စွန့်ရင်စားကိုစားရမှာပေါ့။ မစားရလို့ရှိရင် တစ်ခုခု မှားနေပြီ။ အဲဒီတော့ကိုယ့်ဘာသာကိုယ်ပြန်တွက်ကြပေါ့။
အခုပညာခေတ်မှာ တချို့ပညာရေးအားမပါတဲ့လူငယ်တွေက ''ပိုက်ဆံရှာဖို့ပဲအရေးကြီးတယ်။ ပညာမတတ် လည်းဖြစ်တယ်။ ဆယ်တန်းမအောင်လည်းဘာဖြစ်လဲ . . . နိုင်ငံခြားထွက်မယ်'' ဆိုပြီး ကြွေးကြော်နေ ကြတာရှိပါတယ်။ ဒီအပေါ်မှာ ဆရာကြီးအမြင်ဘယ်လိုပါလဲ။
အရင်တုန်းကမလေးရှားမှာ ''ဟဲ့ . .စာကြိုးစား။ နင်အောင်လို့ရှိရင် ရန်ကုန်တက္ကသိုလ်ကိုပို့ပေးမယ်'' လို့ ပြောခဲ့ကြတာ။ ဒါတကယ်ဖြစ်ခဲ့တာပါ။ စင်ကာပူ ဟာ(၁၉၅၉)ခုနှစ် လွတ်လပ် ရေးရတယ်။ တို့က (၁၉၄၈)ခုနှစ်ရတယ်။ လီကွမ်ယူက သူတို့လွတ်လပ်ရေးယူခါနီးမှာတို့ ရန်ကုန် တက္ကသိုလ်ကိုလာတယ်။ သူက ဘာပြောသလဲဆိုရင် ''လာမယ့်နှစ်အစိတ်၊သုံးဆယ်ကျရင် မြန်မာပြည်ရဲ့အဆင့်ကို ကျွန်တော်မီအောင်ကြိုးစားမယ်''လို့ပြောခဲ့တာ။ သူက brain drain အဖြစ်မခံတဲ့အပြင် သူ့ဆီက ကလေးတွေအကုန်လုံးကို west education အမေရိကန်၊ အင်္ဂလန် အကုန်ပို့ ပေးတယ်။ လီကွမ်ယူယူတဲ့ပုံစံက အနောက်နိုင်ငံက education တွေချည်းပဲ။ ပို့ပြီးတော့ သူ့တိုင်းပြည်ကို သူပြန်လုပ် တယ်။ သူ့တိုင်းပြည်က သယံဇာတထွက်တဲ့ တိုင်းပြည်မဟုတ်ဘူး။ ရေတောင်ဝယ်သောက်နေရတာ။ ဘာမှမထွက်တဲ့ အခါကျတော့ လူကို အကောင်းစားဖြစ်အောင်လုပ်တာ။ အခုဒီက ကလေးတွေဖြစ်နေတဲ့သဘောကိုငါပြောမယ်။ သူတို့က ''ဆယ်တန်းအောင်လည်းဘာဖြစ်မှာလဲ'' ဆိုတာကိုပြောတယ်။ ကောင်းပြီ။ ''ဆယ်တန်းကိုတန်ဖိုးမထားလို့ မင်းအခုဘာတွေ လုပ်နေလဲ''လို့ပြန်မေးလိုက် ရင်ဘာမှပြောစရာထွက် မလာတော့ဘူး။ ဘွဲ့ရပြီးတော့ကော ဘာလုပ်မှာလဲ။ ကုမ္ပဏီတစ်ခုမှာ စာရေးလုပ်၊ ဘာလုပ် . . လုပ်နေရတာပဲဆိုတဲ့သူတွေ ''ကောင်းပြီ မင်းကဘွဲ့မယူတော့ဘူးဆိုရင် မင်းကအဲဒီဘွဲ့နဲ့တန်းတူဖြစ်အောင် အခု ဘာတွေလုပ်နေတုန်း''လို့မေးရင် သူတို့မှာအဖြေမရှိဘူး။ လမ်းသွားပြီး တော့ ဂိမ်းဆိုင်ထိုင်နေမယ်။ ဘိလိယက်ထိုးနေမယ်။ ဒါမှမဟုတ် အရက်ဆိုင်ထဲရောက်နေမယ်။ အဲဒါမျိုးတွေဖြစ်နေတာ။ အရေးကြီးတဲ့ အချက်ကတော့ ဦးနှောက်ဖွံ့ဖြိုးဖို့အတွက် အချိန်ကိုဘယ်လိုအသုံးချလဲ။ လူတစ်ယောက်ရဲ့ အစွမ်းအစသိချင်ရင် သူ့ရဲ့အချိန်ကိုဘယ်လို အသုံး ချကြည့်လဲ။ ဒါပါပဲ။ တရုတ်ကျတော့သူ့ရဲ့ brain drain ကို brain gain ပြန်ဖြစ် ပြန်ဖြစ် အောင်လုပ်နိုင်ခဲ့တယ်။ ဒီအတွက် သူတို့အလား အလာက ဘယ်လို ရှိခဲ့လို့လဲ။ သူတို့က လူဦးရေများလွန်းတော့ သွားမယ်ဆိုလည်း သွားပါစေပေါ့။ ကမ္ဘာ့အနှံ့အပြားမှာ ဘယ်နေရာမဆိုတရုတ်ဆိုတာရှိရမယ်။ ဒါသူ တို့ရဲ့စသူငခပပဲ။ ဟိုးအရင်ကလည်း ဒီအတိုင်းပဲ။ any corner of the world . . . အဲဒီမှာတရုတ်ရှိမယ်။ သူကအဲဒီအတွက် နိုင်ငံခြားကို လွှတ်တာပဲ။ ပြီးတော့ပညာတတ်တဲ့သူတွေကို ပြန်စုနေတာပဲ။ အခုပြန် စဉ်းစားကြည့်ပါလား။ တရုတ်ပြည်ဟာ မော်စီတုံးခေတ်ကိုလည်း ရောက်ရော အဝေးရောက်တရုတ်တွေ ပြန်ခေါ်လိုက်တာပဲ။ တရုတ်က အဲဒီလိုသွားတာ။ တကယ့်တကယ် မင်းတို့ပြန်တွက်ကြည့်ရင် ကွန် မြူနစ်တော်လှန်ရေးကြီးအောင်မြင်သွားလို့ မော်စီတုံးတက်လာ တော့ သူတို့ဆီမှာ အတတ်ပညာရှင်ရှိမှမရှိတာ။ နိုင်ငံခြားရောက်နေတဲ့သူတို့ လူမျိုး အတတ်ပညာရှင်တွေ ပြန်ပြီးခေါ်ခဲ့ရတာ။ အမှန်က brain ကို drain လုပ်တာမဟုတ်ဘဲနဲ့ brain ကို reflection လုပ်လိုက်တာပဲ။ အဲဒီနည်းနဲ့ တရုတ်ဟာ atomic energy တို့၊ ဂြိုဟ်တုလွှတ် တာတို့လုပ်နိုင်တာပေါ့။အခုဒီကနေနိုင်ငံခြားသွားပြီးဟိုမှာကူလီလုပ်ပြီးပြန်လာရုံသက်သက်နဲ့တော့ ဘာပါလာမှာလဲ။
ဆရာကြီးဆိုလိုချင်တာက ဟိုမှာအလုပ်လည်းလုပ်၊ သူ့ဆီကလည်းယူလာခဲ့ပေါ့။ ဟုတ်လား။
ဒါမျိုးပေါ့။ အဲဒါမျိုးလုပ်နိုင်ရမယ်။
နိုင်ငံခြားရောက်နေတဲ့လူငယ်တွေကိုဆရာကြီးအကြံပြုလိုတာလေး အနှစ်ချုပ်သိပါရစေ။
နိုင်ငံခြားရောက်နေတဲ့မြန်မာလူငယ်တွေကိုမှာချင်တာကတော့အဲဒီနိုင်ငံခြားမှာကိုယ့်ပတ်ဝန်းကျင်နဲ့ကင်းကွာနေတဲ့အတွက်ကြောင့်မို့လို့မပျက်စီးကြပါစေနဲ့။ အဲဒီမှာအလုပ်လုပ်နေတဲ့အချိန်ပင်ပန်းတယ်။ ပင်ပန်းလို့အပန်းဖြေရင်မိမိကိုယ်ကိုပျက်စီးစေမယ့်အပန်းမျိုးမဖြေနဲ့။ အဲဒီလိုဖြေခြင်းအားဖြင့်နိုင်ငံခြားရောက်နေလို့ ဘာမှအကျိုးအမြတ်မထွက်ဘဲနဲ့ပျက်စီးတဲ့သူအဖြစ်နဲ့အဖတ်တင်ကြလိမ့်မယ်။ အဲဒီအခါကျရင်မင်းရဲ့အနာဂတ်ကအရင်းအနှီးလည်းဆုံး၊အမြတ်လည်းမရ။ အဲဒီလိုဖြစ်မှာပဲ။
မေးမြန်းသူ-မောင်အေးအောင်(လျှပ်တစ်ပြက်ဂျာနယ်)
ဆရာအောင်သင်းနှင့် ရေကြည်ရာမြက်နုရာ အပိုင်း(၁)
(ဒီတစ်ပါတ် လျှပ်တစ်ပြက်ဂျာနယ်မှာ ဆရာအောင်သင်းနှင့် ရေကြည်ရာမြက်နုရာ အပိုင်း(၁)နဲ့  (၂)ကို ဖတ်လိုက် မိတယ်။ ငယ်ငယ်ကတည်းက နှစ်သက်ခဲ့တဲ့ စာရေးဆရာဖြစ်တဲ့အလျှောက် ဆရာစကားများကို ပြန်ဖတ်ရလို့  ဂျာနယ်ကို ကျေးဇူးတင်ပါတယ်။)
ရေကြည်ရာမြက်နုရာဟူသောဆိုရိုးစကားအတိုင်း ယနေ့ခေတ် မြန်မာလူငယ်များသည် မိမိတို့၏ လူနေမှုဘဝ တစ်ဆင့်ထက်တစ်ဆင့်၊ မြင့်သထက်မြင့်ဖို့ ရေခြား၊ မြေခြားသို့ စွန့်စွန့်စားစားသွားရောက် လျက်ရှိကြရာ အပေါက်အလမ်း တည့်သည်များလည်းရှိသလို မှန်းချက် နှင့် နှမ်းထွက်မကိုက်သူများလည်း ဒုနဲ့ဒေးပင် ဖြစ်လို့နေကြောင်း လေ့ လာတွေ့ရှိရသည်။မည်သည့်နေရာတွင်မဆို အဆိုးနဲ့အကောင်း ဒွန်တွဲ နေတတ်သည်မှာ လောကနိယာမ တစ်ခုပင်ဖြစ်ရကား အခြေအနေနှင့် အချိန်အခါအရ လုပ်သင့်လုပ်ထိုက်သည်များလုပ်မှသာ ဖြစ်သင့်ဖြစ်ထိုက်သည်များ ဖြစ်လာပေမည်။ လူငယ်တို့၏ ဘဝအာမခံချက်သည် တိုင်းတစ်ပါးသွားခြင်း၊ မသွားခြင်းနှင့် တိုက်ရိုက်ပတ်သက်ပါသလား မေးခွန်းသည် ယခုလူငယ်များ ရပ်ဝန်းတွင် ရေပန်းစားလို့ နေပါသည်။ စင်စစ်အားဖြင့်လည်း အခွင့်အလမ်းပေါ်လာလျှင် ပေါ်လာသလို ယူတတ်မှသာရမည် ဖြစ်သည်။ ထို့ကြောင့် ဤကိစ္စအပေါ်အားပေးစရာ၊ ကဲ့ရဲ့စရာတစ်စုံတစ်ရာမမြင်ပါ။ လူတိုင်းလူတိုင်း ကိုယ့်သမိုင်းကိုယ်ရေး နေကြခြင်းသာ ဖြစ်ပါသည်။
Wednesday, 4 November 2009
လူငယ်တစ်ယောက်ရဲ့ လမ်း (၂)
လူငယ်နှင့် စွန့် စားခြင်း
လူငယ်မှန်ရင် စွန့် စားရဲရမယ်လို့ တော့ ငယ်ငယ်လေးကတည်းက နားလည်ထားတာပါပဲ။ ဒါပေမယ့် ဆရာဖွင့်ဆို ပြသွားတဲ့ စွန့်  တယ်ဆိုတာ စားရဖို့ လို့ တော့ စိတ်ထဲသိပ်မရှိပါဘူး။ အများအားဖြင့် နားလည်ထားတဲ့ ပုံစံကတော့ လောင်းကစားလုပ်သလို ကိုယ့်ရှိတာ ထိုးပြီး အမြတ်လိုချင်တယ် ဆိုတာပါပဲ။ အနည်းဆုံးတော့ အရင်းပြန်ရဖို့  မျှော်လင့်ကြတယ်။ ဒီလိုနဲ့ ပဲ ကျွန်တော်လည်း မိဘရဲ့ ရှိစုမဲ့စု အိမ်ခြံပေါင်ပြီး ဘဝကို လောင်းကစားလုပ်ခဲ့တယ် ဆိုပါစို့ ။ အရင်းအနှီး ကတော့ ဆရာပြောတဲ့ အမျိုးအစားတွေ အပြင် ကိုယ့်အတ္တ မာန အားလုံးကို ပေးဆပ်လိုက် ရတယ်။ အလုပ်တစ်ခုရဖို့  ပင်ပန်းရခြင်း၊ ဒီအလုပ်မှာ အဆင်ပြေဖို့  ရုန်းကန်ရခြင်း၊ အလုပ်ရှင် ပြောသမျှ ဆိုသမျှ ခေါင်းငုံ့ ခံ နေရခြင်း စသည်ဖြင့် ကျွန်တော်တို့ နဲ့  အံဝင်အောင် ကိုယ်ကိုကိုယ် အားလုံးပြောင်းလဲ ပစ်ပေါ့။ လူတစ်ချို့ တော့ အဆင်ပြေကြပါတယ်။ တစ်ချို့ ကတော့ လိမ်ဖယ် လိမ်ဖယ် နဲ့ ပေါ့။ ကျွန်တော့ အတွက်တော့ ဘဝဆိုတာ ရုန်းကန်ခြင်း လို့ နားလည်ထားတော့ သိပ်မထူးဆန်းတော့ပါဘူး။
လူငယ်တစ်ယောက်ရဲ့ လမ်း (၁)
ကျွန်တော်နှင့်လမ်းရိုးလမ်းဟောင်း
တစ်နေ့ က ဆရာဦးအောင်သင်းနဲ့ ခေတ်ပြိုင် အင်တာဗျူး ပြီးတော့ လျှပ်တစ်ပြက်နဲ့ အင်တာဗျူးလေးတွေ ဖတ်ရလို့  စဉ်းစားမိရာကနေ ဒီစာလေးရေးဖို့  ဖြစ်လာပါတယ်။ တကယ်တော့ ဆရာဦးအောင်သင်းဆိုတာ ကျွန်တော်တို့  လူငယ် တွေရဲ့ ဘဝမှာ အတွေးအခေါ်ပိုင်းကို အနည်းနဲ့ အများတော့ လွှမ်းမိုးထားလေ့ ရှိပါတယ်။ ဥပမာ ဆုတောင်းခြင်းနဲ့ ဆုပန်ခြင်း ကွာခြားတာ၊ လူငယ်တစ်ယောက်ရဲ့  ရည်မှန်းချက်ကို ဘယ်လိုထားရမယ် ဆိုတာ သင့်တော်တဲ့ ပုံပြင်တွေ ဥပမာတွေ နဲ့  ရဲရဲတောက် ဟောပြောခဲ့တာတွေ အများကြီး ဖတ်ခဲ့ မှတ်ခဲ့ ရပါတယ်။ ပြောတဲ့စကားတိုင်းမှာ စေတနာ တွေအတိုင်းသား မြင်နေရပါတယ်။
Tuesday, 3 November 2009
နိုင်ငံရပ်ခြား မြန်မာလူငယ်များအတွက် ဆရာအောင်သင်း၏ အကြံပေးချက်
(ဆရာဦးအောင်သင်းရဲ့ လူငယ်တွေအတွက် တန်ဖိုးရှိတဲ့ စကားတွေကို ခေတ်ပြိုင်မှ ကူးယူဖော်ပြလိုက်ပါတယ်။ မူရင်းကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။)
1
(ရန်ကုန်မြို့မှ စာရေးဆရာကြီး ဦးအောင်သင်းသည် ယခု အသက် (၈၂) နှစ် ရှိပြီဖြစ်သည်။ ဆရာအောင်သင်းသည် လူငယ်များ တိုးတက်ရေးအတွက် အစဉ်တစိုက် ရေးသား ဟောပြော ခဲ့သူဖြစ်သည်။ ဘ၀မှာ လူငယ်တွေအတွက် လုပ်ပေးနိုင်သမျှ လုပ်ပေးသွားသည့် ကိစ္စမှလွဲ၍ အခြားမရှိတော့ပြီဟု ဆရာက ခေတ်ပြိုင်သို့ပြောသည်။ မြန်မာနိုင်ငံ၏ အခြေအနေမှာ လူငယ်တွေအတွက် လူကြီးတွေက ကိုယ့်ဘ၀ကို စတေးရမှာ နှမြောနေကြသည့်အတွက် အတော် စိတ်မကောင်းစရာ ဖြစ်သည်ဟု ဆရာအောင်သင်းက ယူဆသည်။
နိုင်ငံရပ်ခြားမှ လူငယ်များ၊ ပြည်တွင်းမှ လူငယ်များ တိုးတက်အောင်မြင်ရေးနှင့် ပတ်သက်ပြီး စာရေးဆရာကြီး ဦးအောင်သင်းနှင့် ခေတ်ပြိုင် အယ်ဒီတာချုပ် ဦးစိန်ကျော်လှိုင်တို့ တယ်လီဖုန်းမှတဆင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ လူငယ်တွေ ဘာလုပ်ရမလဲ၊ ထွက်ပေါက်ရှာ ရမလား ဖောက်ထွက်ရမလား၊ အခက်အခဲကြားက ရုန်းထွက်နည်း၊ အင်္ဂလိပ်စာ ဘယ်လိုသင် မလဲ၊ မျိုးချစ်စိတ်ဓါတ် စသည်တို့ကို ဆွေးနွေးခဲ့သည်။
အောက်ဖော်ပြပါ နိုင်ငံရပ်ခြား မြန်မာလူငယ်များအတွက် ဆရာအောင်သင်း အကြံပေးချက်မှာ တွေ့ဆုံမေးမြန်းခန်းမှ ကောက်နှုတ်ချက်ဖြစ်သည်။ အပြည့်အစုံကို အသံဖိုင်ဖြင့် နားဆင်နိုင်သည်။)
နိုင်ငံရပ်ခြား မြန်မာလူငယ်များအတွက် ဆရာအောင်သင်း၏ အကြံပေးချက်
၁။ ငါမုချကြီးပွားအောင်မြင်ရမယ်ဆိုတဲ့ အဓိဋ္ဌာန်ထားပါ
လူငယ်တယောက်ဟာ အရေးကြီးဆုံးအချက်က ငါဟာမုချကြီးပွားအောင်မြင်နေရမယ် ဆိုတဲ့ အဓိဋ္ဌာန် ခိုင်ခိုင်မာမာချဖို့ အရေးကြီးတယ်။ များသောအားဖြင့် လူငယ်တွေဟာ အမှတ်မထင် အမှတ်မထင်လေးတွေ နေကြတယ်။ အဲဒီလို ခိုင်ခိုင်မာမာ ကိုယ့်ကိုယ်ကို ပြန်ပြီးတော့ ဆုံးဖြတ်ချက် အဓိဋ္ဌာန်ပြုခဲ့သလား။ ဝေေ၀၀ါးဝါးလေးပေါ့ အမှတ်မထင် ပဲရှိတတ်တယ်။ ခိုင်မာရမယ်ဆိုတာ။ ဘုရားရှေ့မှာ အာရုဏ်ပြုသလို အဓိဋ္ဌာန်ပြုလိုက်သလို၊ သစ္စာဆိုလိုက် သလို အဲလိုကို အဓိဋ္ဌာန်ပြုရတယ်။ အဲဒါဟာ အလွန်ကို အရေးကြီးပါတယ်။ အဲဒီအဓိဋ္ဌာန်ချက် ခိုင်မာသွားလို့ရှိရင် ကျန်တဲ့ဥစ္စာတွေဟာ သူ့ကိုယ်သူထိန်းသွားလို့ရှိတယ်။ ဘယ်သူမဆို အဲဒီလို ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ ဒါကြောင့် အဲဒီဟာက အရေးကြီးတယ်လို့ ကျနော် ပြောဆို ခြင်းဖြစ်ပါတယ်။ အဲဒါ နံပါတ် (၁) အချက်ပေါ့ နော်။
၂။ ကျန်းမာရေးကို ကိုးကွယ်ပါ
နံပါတ် (၂) အချက်ကတော့ အဲအောင်မြင်ချင်လို့ရှိရင် ကျန်းမာရေးကို ကိုးကွယ်ရတယ်။ ကိုးကွယ်ရတယ်ဆိုတဲ့စကားလုံးကို ကျနော်တကယ်ပြောတာပါ။ ကိုယ့်ကျန်းမာရေးကို ဘယ်လောက် အရေးကြီးတယ်ဆိုတာက လူငယ်တွေဟာ အမှတ်မထင် နေတတ်ကြတယ်။ မကျန်းမာရင် ဘာမှမဖြစ်နိုင်တော့ဘူး၊ သူများကို မှီခိုနေရတဲ့ဘ၀ကို ရောက်သွားတတ် တယ်ဆိုတာကို မေ့နေကြတယ်။ ကိုယ်ကကျန်းမာနေတဲ့အခါမှာ ကျန်းမာရေးရဲ့တန်ဖိုးကို မေ့နေတတ်တယ်။ အဲဒီတော့ ဘုရားရှင်က မေတ္တာပို့တာတောင်မှ မိမိကိုယ်ကို မိမိပထမဆုံးမေတ္တာပို့ပါ လို့ပြောခဲ့တာ။ ဘာကြောင့်လဲလို့ဆိုတော့ ကိုယ့်ကိုယ်ကို ကျန်းမာမှ တခြားသူကို ဒုက္ခမပေးမိမှာပေါ့။ အဲဒီတော့ ကျန်းမာရေးကို ဂရုစိုက်တယ် ဆိုတဲ့ကိစ္စမှာ အဲဒါဟာ မေ့မေ့လျော့လျော့ ဖြစ်တဲ့အခါကျတော့ ကျန်းမာရေးနဲ့ ဆန့်ကျင်ဘက် ဥပမာ မူးယစ်ဆေးဝါး သုံးတာတွေ၊ အရက်သေစာအများကြီး သောက်တာတွေ၊ သို့မဟုတ်လို့ရှိရင် အ၀လွန်လွန်းတဲ့ အဆီအအိမ့် တမက်တမောစားတာတွေ အဲဒီဥစ္စာတွေ အကုန်လုံးကို ထိန်းချုပ်သွားရတာ။
အဲဒီဘာကိုပဲ စားသည်ဖြစ်စေ၊ လုပ်သည်ဖြစ်စေ၊ အိပ်သည်ဖြစ်စေ၊ နေသည်ဖြစ်စေ ကျန်းမာရေးကို မထိခိုက်ရအောင် လူတွေသိပ်ကိုအရေးကြီးတယ်။ မကျန်းမာတာနဲ့ တပြိုင်နက်တည်း ကိုယ်သည် မှီခိုသော လူဘ၀ကို ရောက်သွားတတ်တယ် ဆိုတာကို မေ့နေတတ်တယ်။ အင်မတန်အရေးကြီးပါတယ် ကိုစိန်ကျော်လှိုင် အဲဒါလေးကို သေသေချာချာ အလေးနက် ကလေး ထည့်ပေးစေချင်ပါတယ် နော်။
၃။ စိတ်ဝင်စားတဲ့လုပ်ငန်း ရွေးချယ်ပါ
နောက်တခါ နံပါတ် (၃) အချက်က ကိုယ်စိတ်ဝင်စားတဲ့လုပ်ငန်းကို ရွေးချယ်ရတယ်။ ဥပမာ လျှပ်စစ်ဘက်မှာ စိတ်ထက်သန်လား၊ ဆောက်လုပ်ရေးဘက်မှာ စိတ်ထက်သန်လား သို့မဟုတ် ကွန်ပျူတာမှာလား၊ စာရေးတာမှာ စိတ်ထက်သန်တာလား အစရှိတာတို့ပေါ့နော်။ တကယ့်ကို အသက်မွေးဝမ်းကျောင်းကို ပေးနိုင်မယ့် လုပ်ငန်းတခုကို ကိုယ်ချင့်ချင့်ချိန်ချိန် ရွေးချယ်ရပါမယ်။ ကိုယ့်ဝါသနာပါတဲ့ဥစ္စာ ဟော်ဘီသဘောမျိုးပေါ့။ အပိုဝါသနာပါတဲ့ ကိစ္စမျိုးကတော့ ပန်းချီရေးသည် ဘာရေးသည်ဖြစ်စေ အသက်မွေးဝမ်းကျောင်းမျိုး မဟုတ်ဘဲ နဲ့ လုပ်ချင်တာလုပ်ပေါ့။
ဒါပေမယ့် လက်ငင်းအရေးကြီးတဲ့ ဥစ္စာကတော့ အသက်မွေးဝမ်းကျောင်းနဲ့ ပတ်သက်ပြီးတော့ ဘယ်လုပ်ငန်းကို စိတ်ဝင်စားလဲ ဆိုတာ ပထမဆုံး ရွေးချယ်ဖို့ လိုပါတယ်။ အဲဒီရွေးချယ်တဲ့ ဥစ္စာဟာ ကိုယ့်စိတ်နဲ့ ပတ်ဝန်းကျင်နဲ့ ရှိတဲ့အထဲမှာမှ ကိုယ်ရွေးလို့ ရနိုင်တဲ့ လုပ်ငန်းတွေထဲမှာ ဘယ်ဟာကို ရွေးနိုင်မလဲဆိုတာ၊ အဲဒါကို ချင့်ချိန်ရွေးချယ်ပြီးတော့ အဲဒီဥစ္စာကို နေ့နေ့ညည လေ့လာရတယ်။
၎။ ရွေးချယ်တဲ့ပညာကို နေ့နေ့ညည ကြံဆပါ
ဆက်ပြီးတော့ ပြောချင်တာက နံပါတ် (၄) အချက်က အဲဒီရွေးချယ်လိုက်တဲ့ ပညာရပ်ကို သို့မဟုတ် အဲလုပ်ငန်းကို လေ့လာတာ အဲဒါကို နေ့နေ့ညည စိတ်ထဲမှာတွေးပြီးတော့ ကြံဆနေရပါတယ်။ အဲကြံဆမနေလို့ရှိရင် အဲဒီဥစ္စာ ဘယ်တော့မှ မအောင်မြင်နိုင်ဘူး။ အဲဒီလို ကြံဆရင်းကနေ ဘာဖြစ်လာသလဲဆိုတော့ တခါတရံမှာ ဖြစ်သွားတတ်တာက ပထမ ရွေးချယ်ထားတဲ့ လုပ်ငန်းထက် ပိုပြီးကောင်းတဲ့လုပ်ငန်း၊ ကိုယ်နဲ့ပိုသင့်တော်တဲ့ လုပ်ငန်း တွေ့သွားတတ်တယ်။ ဒါမှမဟုတ်လို့်ရင် ကိုယ်ရွေးချယ်ထားတဲ့ လုပ်ငန်းမှာ တိုးတက်ရာ တိုးတက်ကြောင်း ဖြစ်လာတတ်ပါတယ်။ အဲဒါကျနော်ပြောတာ နေ့နေ့ညည ကြံဆပါလို့ ကျနော် ပြောချင်ပါတယ်။
၅။ မိတ်ဆွေအပေါင်းအသင်းထံ တပည့်ခံဖို့ ၀န်မလေးနဲ့
နောက်နံပါတ် (၅) အချက်က အဲဒီဟာနဲ့ ပတ်သက်ပြီး လုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ သိကျွမ်းတဲ့သူ၊ မိတ်ဆွေအပေါင်းအသင်း အဲဒီကနေ ဆရာတင်ဖို့ ကိုယ်က တပည့်ခံဖို့ ၀န်မလေးပါနဲ့။ နောက်ပြီးတော့ ဆိုလိုတာက မေးဖို့ဝန်မလေးနဲ့၊ ငါ့အဲဒါလေးသင်ပေးစမ်းပါကွာ ဆိုတာမျိုး ပြောတာလိုမျိုး။ ကျနော့်ကို အဲဒါလေးသင်ပေးပါခင်ဗျာလို့ အဲဒီလိုပြောတာမျိုး။ အဲဒီလို လုပ်ဖော်ကိုင်ဖက် အချင်းချင်းကဖြစ်စေ တပည့်ခံဖို့ ၀န်မလေးရဘူး။ တချို့က ဆရာတင်ဖို့ တပည့်ခံဖို့ အင်မတန် ၀န်လေးတတ်ကြတယ်။
ကျနော်ကိုယ်တိုင် ပြောရမယ်ဆိုလို့ရှိရင် ကျနော်တချို့ အပိုင်းတွေမှာကို ကျနော်တပည့်တွေ ဆီကနေ ပြန်ပြီးသင်ယူနေတာပဲ။ တပည့်တွေက ကိုယ့်ဆရာဖြစ်တဲ့အခါကျတော့ လိုလိုချင်ချင် သင်ပေးကြတယ်။ ကျနော် အဲဒီနည်းအားဖြင့် ကျနော် ပညာတွေ အများကြီးရခဲ့တယ်။ ကိုယ့်တပည့်ဆီမှာပြန်ပြီး ကျနော်တပည့်ခံခဲ့တာပါ။
အဲဒီတော့ ကိုယ့်တပည့်ဆီတောင်မှ တပည့်ခံရတယ်ဆိုလို့ရှိရင် ကိုယ့်မိတ်ဆွေ၊ အပေါင်း အသင်းဆီ ဘာဖြစ်လို့ တပည့်မခံနိုင်ရမှာလည်း။ ဒါပေမယ့် အဲတခုရှိတယ် တပည့်ခံပြီး သင်လို့ရတဲ့အခါမှာ ကိုယ်ကနှုတ်ဆိတ်ပြီးတော့ မနေပါနဲ့။ သူ့ကို ကျေးဇူးတင်ကြောင်းကို လှိုက်လှိုက်လှဲလှဲ ပြောဖို့လိုတယ်။ နောက်ပြီး ကျေးဇူးတင်ကြောင်းကိုလည်း ပြဖို့လိုပါတယ်။ ဥပမာဆိုပါတော့ သူ့ကိုကျေးဇူးတင်ကြောင်းလေး တကယ်လို့ ရပ်ဝေးမှာနေတယ်ဆိုလို့ရှိရင် ကျေးဇူးတင်ကြောင်းလေး စာနဲ့တကြောင်းလေးဖြစ်စေ၊ မင်းပေးလိုက်တဲ့ ကျေးဇူးလေးရတယ် ကွာ ငါအခုထက်ထိ ကျေးဇူးမမေ့နိုင်သေးဘူး ဆိုတာမျိုးလေး စာလေးတကြောင်းလောက်နဲ့ ဖြစ်စေ၊ ဒါမှမဟုတ် ကဒ်လေးတခုလောက် ပို့ပြီးဖြစ်စေ ၀န်မလေးပါနဲ့။ တကယ်လို့ကြုံလို့ ဖြစ်စေ သူ့ကို လက်ဖက်ရည်တခွက်တိုက်တာဖြစ်စေ၊ ထမင်းတနပ်ကျွေးတာဖြစ်စေ ၀န်မလေး ပါနဲ့။ အဲဒီဥစ္စာ တသက်တာလုံး ကိုယ့်အတွက်ကို သင်ပြမယ့်သူတွေပေါ်လိမ့်မယ်၊ လမ်းညွှန် မယ့်သူတွေ ပေါ်လိမ့်မယ်၊ အဲဒီလိုဟာမျိုး အဲဒါမျိုးဝန်မလေးပါနဲ့။
နောက်တခုက အဲလိုနည်းအားဖြင့် အပေါင်းအသင်း သိပ်ဖွံ့ဖြိုးလာလိမ့်မယ်၊ အဲဒီ အပေါင်း အသင်းက ကိုယ့်ဘ၀ တိုးတက်မှုအတွက် အမြဲစောင့်ရှောက်မယ့်သူတွေ ဖြစ်လာလိမ့်မယ်လို့ ကျနော် အကြံဥာဏ်ပေးချင်ပါတယ်။ အဲဒါရပ်ဝေးမှာနေတဲ့ ကလေးတွေအတွက် ကျနော် တတ်နိုင်တဲ့ အကြံပေးချက်ပါ။ အဲဒါလေးပါပဲ ကိုစိန်ကျော်လှိုင်။
Sunday, 1 November 2009
အသစ်တစ်ဖန်မွေးဖွားခြင်းနှင့် ပွဲတော်တန်ဆောင်တိုင်
သစ်ပင်သည် တစ်နှစ်တစ်ခါ ရွက်ဟောင်းကြွေ၍ ရွက်သစ်လောင်းလေ့ရှိသည်မှာ လောကဓမ္မာတာပင်ဖြစ်သည်။ သို့ သော် ကျွန်တော်တို့ ၏ ဤ website မှာကား အခုတစ်မျိုး တော်ကြာတစ်မျိုးနှင့် ပြောင်းလိုက် လဲလိုက် ဖြစ်နေသည်မှာ မျက်စိရှုပ်စရာပေတည်း။ အတတ်လွန်ကျူး၍ အပြောင်းလဲများနေခြင်း မဟုတ်သလို လက်တည့်စမ်း၍ စမ်းသပ်နေခြင်းလည်း မဟုတ်ပါ။ အတတ်နိုင်ဆုံး အဆင်ပြေအောင် ကြိုးစားနေကြခြင်းသာ ဖြစ်ပါသည်။
Sunday, 25 October 2009
စက်မှုလက်မှုသိပ္ပံ (မော်လမြိုင်) သမိုင်း အကျဉ်း
(ဤသမိုင်းအကျဉ်းကို ၁၂ ကြိမ်မြောက် ဂျီတီအိုင်ကျောင်းသားကျောင်းသူဟောင်းများ အာစရိယပူဇော်ပွဲ အမှတ်တရအဖြစ်ထုတ်ဝေသော ဂျီတီအိုင် ပုံရိပ်သမိုင်းမှတ်တမ်းများ စာအုပ်မှ ထုတ်နှုတ်ထားခြင်း ဖြစ်ပါသည်။ စာအုပ်ကို သမိုင်းပြုစုရေးကော်မတီမှ ကန့် သတ်ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး မော်လမြိုင် GTI/GTC/GTU ကျောင်းသားကျောင်းသူများ ဗဟုသုတရစေရန် ရည်ရွယ်၍ ဖော်ပြအပ်ပါသည်။)
DSC01307
(၁) ကျောင်းစတင်ဖွင့်လှစ်ခြင်း
မော်လမြိုင်စက်မှုလက်မှုသိပ္ပံကျောင်းကို ၁၉၈၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့ တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ကျောင်းဝင်းသည် အကျယ်အဝန်း ၂၃၂.၆၂ ဧကရှိပြီး စက်မှုစိုက်ပျိုးနှင့် အသက်မွေးပညာဦးစီးဌာနမှ တာဝန်ယူဖွင့်လှစ်ခဲ့ခြင်းဖြစ်၏။ ကျောင်းဝင်းအတွင်းတွင် စာသင်ဆောင်နှစ်ဆောင်၊ ဝပ်ရှော့အဆောက်အဦး၊ ဝပ်ရှော့ငယ်နှင့် စတိုခန်း၊ ကျောင်းခန်းမ၊ ဓါတုဗေဒနှင့် ရူပဗေဒစမ်းသပ်ခန်း၊ ကျောင်းအုပ်ကြီးရုံးခန်း၊ စာကြည့်တိုက်နှင့် ကျောင်းသားအိပ်ဆောင် လေးဆောင် တည်ရှိပါသည်။  ထို့ ပြင် ကျောင်းအုပ်ကြီးနေအိမ်၊ ဆရာများဆောင်၊ အမှုထမ်းများတန်းလျား စသည်တို့ လည်း တည်ရှိ၏။
(၂) ပထမဆုံး ကျောင်းအုပ်ကြီး
ကျောင်းစဖွင့်လှစ်စဉ် အလုပ်ရုံမှုး (Workshop Superintendent) ဆရာ ဦးဌေးဝင်းအား တာဝန်ခံကျောင်းအုပ်အဖြစ် ခန့်  အပ်ခဲ့ ပါသည်။ ဆရာဦးဌေးဝင်းသည် ကျောင်းအုပ်ဆရာကြီးအဖြစ် ၁၉၈၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့ မှ ၁၉၈၄ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့ အထိ တာဝန်ထမ်းဆောင်ခဲ့၏။
ဆရာကြီး ဦးဌေးဝင်း လက်ထက်တွင် ရေနှင့်လျှပ်စစ်မီး သွယ်တန်းရေး၊ ခြံစည်းရိုး၊ ချဉ်းကပ်လမ်း စသည့်လုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီး ဖွဲ့  စည်းပုံ အရ ဝန်ထမ်းအင်အား ၉၁ ဦးအထိ ပြည့်မှီအောင်ခန့် အပ် စီစဉ်ခဲ့သည်။
(၃) ကျောင်းအုပ်ကြီး အပြောင်းအလဲ
၁၉၈၄ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့ တွင် မော်လမြိုင်ဂျီတီအိုင် ကျောင်းအုပ်ကြီးအဖြစ် ဆရာကြီး ဦးအောင်သန်းအား ခန့် အပ်ခဲ့ ပါသည်။ ဆရာကြီး ဦးအောင်သန်းသည် B.Sc Engg.(Mechnical) ဘွဲ့ ရဖြစ်ပြီး ၁၉၈၆ ခုနှစ်၊ ဩဂုတ်လ ၄ ရက်အထိ ကျောင်းအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။
ဆရာကြီး ဦးအောင်သန်းလက်ထက်တွင် မော်လမြိုင်စက်မှုလက်မှုသိပ္ပံ ကျောင်းကြီး အဖက်ဖက်မှ တိုးတက်လာခဲ့သည်။ ဆရာကြီး ဦးအောင်သန်းမှာ ယခုအခါ ကွယ်လွန်သွားပြီ ဖြစ်ပါသည်။
(၄) ကျောင်းအုပ်ဆရာကြီး ဦးသန်းဆွေ
ဆရာကြီး ဦးသန်းဆွေသည် ဆရာကြီး ဦးအောင်သန်း၏ ရာထူးကို ဆက်ခံလျှက် ၁၉၈၆ ခုနှစ်၊ ဩဂုတ်လ ၄ ရက်နေ့ တွင် ကျောင်းအုပ် ဆရာကြီးအဖြစ် ခန့် အပ်ခံခဲ့ရသည်။ ဆရာကြီးသည် A.G.T.I (Civil) ဒီပလိုမာရ ကျောင်းအုပ်ဆရာကြီး ဖြစ်ပါသည်။
ဆရာကြီး ဦးသန်းဆွေကို ၁၉၃၉ ခုနှစ်၊ မေလ ၁၀ ရက်နေ့ တွင် ဦးဟိန်ရင်နှင့် ဒေါ်ကြင်နုတို့ ဖွားမြင်ပါသည်။ ဇာတိမှာ သထုံခရိုင်၊ ပေါင်မြို့ ဖြစ်သည်။ ဆရာကြီးသည် မော်လမြိုင်မြို့  မော်တလိန်းကျောင်းမှ အလယ်တန်းအောင်မြင်ပြီးနောက် ၁၉၅၆ ခုနှစ်တွင် မော်လမြိုင်မြို့ စက်မှု အထက်တန်း ကျောင်းသို့  တက်ရောက်ခဲ့သည်။ ထို့ နောက် ၁၉၅၈ ခုနှစ်တွင် အင်းစိန်စက်မှုလက်မှုသိပ္ပံတွင် မြို့  ပြ ဘာသာရပ်ဖြင့် ကျောင်းသို့  တက်ရောက် သင်ကြားခဲ့၏။
၁၉၆၂ ခုနှစ်တွင် A.G.T.I (Civil) ဒီပလိုမာရရှိပြီးနောက် ကရင်ပြည်နယ် ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်း (P.W.D) တွင် ဒုတိယလက်ထောက်အင်ဂျင်နီယာအဖြစ် ဝင်ရောက်အမှုထမ်းခဲ့၏။ ထို့ နောက် ရုရှားနိုင်ငံသို့  ခြောက်နှစ်ကြာပညာတော်သင် သွားရောက်ခဲ့ပြီး M.Sc Engg.cons;technology ဘွဲ့ ရရှိခဲ့သည်။ နိုင်ငံရပ်ခြားမှ ပြန်လည်ရောက်ရှိလာပြီးနောက် ဆောက်လုပ်ရေးကော်ပိုရေးရှင်းတွင် ဦးစီးအရာရှိ(တ)အဖြစ် အမှုထမ်းခဲ့ပါသည်။
ထို့ နောက် ၁၉၇၁ ခုနှစ်တွင် မန္တလေးဂျီတီအိုင်၊ ထို့ နောက် ၁၉၇၇ ခုနှစ်တွင် ချောက်ဂျီတီအိုင်တို့ တွင် ထာဝန်ထမ်းဆောင်ခဲ့၏။ ၁၉၇၈ ခုနှစ်တွင် မော်လမြိုင် စက်မှုလက်မှုသိပ္ပံသို့  ကျောင်းအုပ်ကြီးအဖြစ် ပြောင်းရွှေ့ ခန့် အပ်ခံခဲ့ရခြင်း ဖြစ်သည်။
ဆရာကြီး ဦးသန်းဆွေသည် မော်လမြိုင် ဂျီတီအိုင်ကျောင်းအုပ်အဖြစ် ၁၉၉၂ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့ အထိ တာဝန်ထမ်းဆောင်ကာ စက်မှုစိုက်ပျိုးနှင့် သက်မွေးပညာဦးစီးဌာနသို့  လက်ထောက်ညွှန်ကြားရေးမှူးအဖြစ် ပြောင်းရွှေ့ ခဲ့ရ၏။ ၁၉၉၉ ခုနှစ်တွင် ဆရာကြီး အငြိမ်းစား ယူသွားပါသည်။
(၅) ကျောင်းအုပ် ဆရာကြီး အဆက်ဆက်
ကျောင်းအုပ်ဆရာကြီး ဦးသန်းဆွေပြောင်းရွှေ့ သွားပြီးနောက် ဆရာဦးမျိုးလွင် တာဝန်ခံကျောင်းအုပ်ဖြစ်လာပါသည်။ ဆရာဦးမျိုးလွင်သည် ၁၉၉၂ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့ အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့ နောက် ဆရာဦးမြင့်ဌေး ကျောင်းအုပ်ဆရာကြီး ဖြစ်လာသည်။ ဆရာဦးမြင့်ဌေးသည် ၁၉၉၄ ခုနှစ်၊ မေလ ၂၀ ရက်နေ့ အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့  နောက် ဦးကျော်ဝင်းသန်း ကျောင်းအုပ်ဆရာကြီး ဖြစ်လာခဲ့သည်။
ဆရာကြီး ဦးကျော်ဝင်းသန်းသည် ၁၉၉၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့ အထိ ကျောင်းအုပ်ကြီးအဖြစ် တာဝန်ယူခဲ့ရပြီး ဆရာကြီး ဦးဌေးအောင် ကျောင်းအုပ်ဖြစ်လာခဲ့သည်။ ၁၉၉၅ ခုနှစ်၊ အင်းစိန်စက်မှုလက်မှုသိပ္ပံ ရာပြည့်အခမ်းအနားကျင်းပချိန်တွင် မော်လမြိုင်စက်မှုလက်မှုသိပ္ပံ ကျောင်းအုပ်ဆရာကြီးမှာ ဦးဌေးအောင်ဖြစ်ပါသည်။ ဆရာကြီး ဦးဌေးအောင်သည် ၁၉၉၉ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့ အထိ ကျောင်းအုပ်ဆရာကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
(၆) နည်းပညာကောလိပ်အဖြစ် ပြောင်းလဲသွားခြင်း
မော်လမြိုင် စက်မှုလက်မှုသိပ္ပံတွင် ကျောင်းအုပ်ဆရာကြီး ဦးဌေးအောင် တာဝန်ယူဆဲကာလ ၁၉၉၉ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့ တွင် အစိုးရနည်းပညာကောလိပ်အဖြစ် ပြောင်းလဲဖွင့်လှစ်လိုက်ပါသည်။ နည်းပညာကောလိပ်အဖြစ် ပြောင်းလဲသွားသောအခါ အင်ဂျင်နီယာပညာရပ်များအပြင် သတင်းနည်းပညာသင်တန်းကဲ့သို့ သော အခြားဘာသာရပ်သင်တန်းများ ပါဝင်လာပါသည်။ ထို့  နောက် ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့ တွင် နည်းပညာတက္ကသိုလ်အဖြစ် ပြောင်းလဲသွားပါသည်။
Wednesday, 21 October 2009
How To Come To Singapore? Part 2
(အပိုင်း ၂)
ကျွန်တော် ဒီအပိုင်း (၂) တွင်ရေးမှာကတော့ စင်ကာပူလာရန်အတွက် ဗီဇာဘယ်လိုလျှောက်ရမလဲ…ဆိုတာကို ရေးသွားပါ့မယ်…ဒီကိုလာတဲ့သူများက ကျောင်းဝင်ခွင့်ရလို့လာတဲ့သူ၊ မြန်မာနိုင်ငံကနေ တစ်ခါတည်း အလုပ်အပ်ပြီး အလုပ်ရလို့လာတဲ့သူ၊ နောက် မိမိရဲ့ ပညာအရည်အချင်း အတွေ့အကြုံ နဲ့အလည်လာပြီးကြိုးစား ကြည့်ချင်သူ ဆိုပြီးတော့ကွဲပြားတာကိုတွေ့ရပါတယ်..အားလုံးအတွက်ကတော့ မြန်မာနိုင်ငံမှာ ရှိတဲ့ စင်ကာပူသံရုံးတွင် Visa ဗီဇာ လျှောက်ရတာချည်းပါပဲ…ကျွန်တော်ပထမပိုင်းမှာ ရေးခဲ့သလို ဒီ ပို့စ်က ဒီကို အလည်လာပြီး အလုပ်ရှာဖို့အတွက် ရည်ရွယ်ပြီးရေးခဲ့ခြင်း ဖြစ်ပါတယ်။
Monday, 19 October 2009
M0N GTI/GTC/GTU website နှင့်ပတ်သတ်၍
Untitled
ပြီးခဲ့တဲ့ စက်တင်ဘာလတွင် ကျွန်တော်တို့ ရဲ့  ဆိုဒ် အတိုက်ခံလိုက်ရတဲ့ အကြောင်းရင်းနဲ့  ဖြေရှင်းဖို့ နည်းလမ်းများကို အသိပေးလို၍ သည်စာကို ရေးသားလိုက်ပါတယ်။ ပထမဦးစွာ အားလုံးမျက်စိရှုပ်နေတဲ့ ဆိုဒ်နှစ်ခုဖြစ်နေရတဲ့ အကြောင်းရင်းကို ပြောလိုပါတယ်။ ကျွန်တော်တို့ အဖွဲ့ ရဲ့  ပထမဆုံး သတင်းအချက်အလက်နဲ့ ပတ်သက်လို့  တင်ပြဖို့ စသုံးခဲ့တဲ့ ဆိုဒ်ကနေ အခုကျွန်တော်တို့  လက်ရှိသုံးနေတဲ့ ဆိုဒ်အထိ အားလုံး လေးခုရှိပါတယ်။
(၁) Alma-Mater
ဒီဆိုဒ်ကိုတော့ မအေးနန္ဒာဝင်းမောင်က စလုပ်ခဲ့ပါတယ်။ Blogspot ဖလက်ဖောင်းပေါ်မှာ လုပ်ထားတာဖြစ်ပါတယ်။ အားသာချက်က free ဖြစ်ပြီး အားနည်းချက်ကတော့ နေရာ(အထူးသဖြင့် မြန်မာနိုင်ငံဖက်)က ကြည့်ရှု၍ ခက်ခဲခြင်း သာဖြစ်ပါတယ်။
(၂) www.mongti.co.cc
ထို့ နောက် Free တစ်ခုပင်ဖြစ်သော  www.mongti.co.cc ဆိုတဲ့ domain name နဲ့  Free Hosting တစ်ခုဖြစ်သော http://www.000webhost.com/ မှာ တင်ပြီး စသုံးခဲ့ပါတယ်။ အားသာချက်ကတော့ အားလုံးကြည့်ရှုရ အဆင်ပြေခဲ့ပြီး မြန်မာနိုင်ငံမှ ဆရာ၊ဆရာမများ အပါအဝင် လူသိများလာခဲ့ပါတယ်။ အားနည်းချက်ကတော့ hosting space 1 GB သာရရှိပြီး free domain name co.cc မှ တစ်နှစ်ခန့် အကြာတွင် သူတို့  domain name အတွက် ပိုက်ဆံတောင်းလာခဲ့ပါတယ်။ ပိုက်ဆံက သိပ်မများပေမယ့် ပိုက်ဆံပေးရတာခြင်းတူတူ ပိုကောင်းတာ သုံးမယ်ဆိုပြီး ကျွန်တော်၊ ကိုကျော်ကျော်အောင်၊ ကိုမြိတ် စတဲ့သူငယ်ချင်းများက ဝိုင်းဝန်းစဉ်းစားပြီး www.mongti.com ကို စလုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ က professional တွေမဟုတ်တော့ လေ့လာ စမ်းသပ်ရင်း သင်ယူကြိုးပမ်းလာခဲ့ခြင်းသာ ဖြစ်ပါတယ်။
(၃) www.mongti.com
ဒီလိုနဲ့  www.mongti.com ဆိုပြီးဖြစ်လာရတာကတော့ ကိုကျော်ကျော်အောင်နဲ့ သူငယ်ချင်းများရဲ့ စပွန်ဆာလို့  ပြောရမယ် ဖြစ်ပါတယ်။ domain name + hosting package ကို ဝယ်ပေးခဲ့ပါတယ်။ unlimited ရတဲ့ အတွက် professional ဆန်လာခဲ့ပြီး ကိုယ်ပိုင် ဒိုမိန်းနဲ့  email တွေ ကိုဖန်တီးပေးဖို့  ကျွန်တော်တို့ ကြိုးစားခဲ့ပါတယ်။ အားနည်းချက်ကတော့ အားလုံးသိတဲ့အတိုင်းပဲ လွန်ခဲ့တဲ့ စက်တင်ဘာလမှာ hack ခံလိုက်ရပါတယ်။ တကယ်တော့ hosting ကို တိုက်ခိုက်တာပါ။
သူတို့ ပေးတဲ့ ဝန်ဆောင်မှုနဲ့ ဈေးနှုန်းက အများကြီး သက်သာနေတာမို့ လို့  တိုက်တာပါ။ ကျွန်တော်တို့ ဆိုဒ်အပြင် မြောက်များစွာသော ဆိုဒ်များအားလုံးလိုလို  ဒေါင်းသွားခဲ့ပါတယ်။ hosting ကတာဝန်ရှိသူတွေဖြေရှင်းပြီး တစ်ပတ်လောက်ကြာတော့ ပြန်သုံးလို့ ရခဲ့ပါတယ်။ ဒါပေမယ့် သူတို့ ကရှေ့ ဆက်ပြီး ရပ်တည်ရအခက်အခဲရှိတယ်လို့  အကြောင်းကြားပြီး ပေးထားတဲ့ငွေအစား ကူပွန်ကုတ် ထုတ်ပေးပါတယ်။
(4) www.mongti.ning.com
သည်ဆိုဒ်ကိုတော့ Mon GTI/GTC/GTU ဆုံဆည်းရာဆိုပြီး အွန်လိုင်းကွန်မြူနီတီ အနေနဲ့ သုံးဖို့ ဖန်တီးခဲ့ပါတယ်။ Social Network တစ်ခုဖြစ်ပြီး free တစ်ခုပါပဲ။ အားလုံး member ဝင်ပြီး ကိုယ်နှစ်သက်သလို လုပ်နိုင်ဖို့ နဲ့ သူငယ်ချင်းများနဲ့ ဆက်သွယ်ရ အဆင်ပြေဖို့  လုပ်ထားတာပါ။
ကျွန်တော်တို့ ရဲ့ စိတ်ကူးကတော့ သတင်းအချက်အလက်များကို ထုတ်ပြန်ကြေငြာဖို့  website တစ်ခုနဲ့  အားလုံးလွယ်လွယ်ကူကူ အသုံးပြုဆက်သွယ်နိုင်သော Social Network တစ်ခုဆိုပြီး နှစ်ခုသုံးချင်တာပါ။ ရည်ရွယ်ချက်ချင်း  မတူပါဘူး။ ဒါပေမယ့် ပြသာနာတစ်ခုက လက်ရှိဆိုဒ်လေးခုစလုံး ရှိနေသေးပါတယ်။ နောင်ဆိုရင် www.mongti.com နဲ့  www.mongti.ning.com ကိုပဲ အသုံးပြုသွားမှာပါ။ လောလောဆည် ရှုပ်ထွေးနေတယ်လို့ နားလည်ပေမယ့် ဆိုဒ်မတည်ငြိမ်သေးလို့  www.mongti.co.cc ကို ဆက်လက်ထားရှိပါတယ်။ ရည်ရွယ်ချက်က တစ်ခုခု အဆင်မပြေရင် back up အသုံးပြုနိုင်ဖို့ ပဲဖြစ်ပါတယ်။ အဲဒါကြောင့် လောလောဆည် ဆိုဒ် Hosting အပြောင်းအရွှ့ မှာ www.mongti.co.cc မှာ ကျွန်တော်တို့  ပို့ စ်တွေ up date ဆက်လုပ်ပေးနေပါမယ်။ အခုလောက်ဆိုရင် ရှုပ်ထွေးနေတဲ့ အကြောင်းရင်းကို နားလည်လောက်ပြီထင်ပါတယ်။
နည်းလမ်းများ
ဆက်လက်ပြီးတော့ ရှေ့ ဆက်သွားဖို့ စဉ်းစားထားတဲ့ နည်းလမ်းများကို ပြောပြပါမယ်။ www.mongti.com ဟာ ရှေ့ လကနေ လာမယ့်နှစ်အထိ အဆင်ပြေနေမှာဖြစ်ပြီး တစ်နှစ်ပြည့်တဲ့အချိန်မှာ သက်တမ်းတိုးရမယ့် ပြသာနာ ပေါ်လာမှာဖြစ်ပါတယ်။ အဲဒီအချိန်ကျရင် ကျွန်တော်တို့  တစ်ခုခုဆုံးဖြတ်ဖို့  လိုအပ်လာမှာဖြစ်ပါတယ်။
(၁) သက်တမ်းတိုးခြင်း
သက်တမ်းထပ်တိုးမယ်ဆိုရင် လစဉ်ကြေးအနိမ့်ဆုံး အမေရိကန် ၅ ဒေါ်လာကနေ ၈ ဒေါ်လာခန့် ကုန်ကျနိုင်ပါတယ်။ ဒီနည်းလမ်းကတော့ အကောင်းဆုံးဖြစ်ပြီး ငွေကြေးရန်ပုံငွေလိုအပ်ပါတယ်။ ရန်ပုံငွေကိုတော့ ပြင်ပ အလှုရှင်တွေဆီကပဲ မျှော်လင့်ထားပြီး ဆရာကန်တော့ငွေ ဘတ်ဂျက်ထဲက လုံးဝမသုံးချင်ပါဘူး။
(၂) ဒိုမိန်းဝယ်သုံးခြင်း
အကယ်၍ ရန်ပုံငွေမရရှိခဲ့ဘူးဆိုရင် ဒိုမိန်းဝယ်သုံးပြီး အဆင်ပြေသော Free hosting မှာ အသုံးပြုနိုင်ပါသည်။ ဒိုမိန်းအတွက် နှစ်စဉ် US $ 10 ခန့်  ကုန်ကျနိုင်ပြီး Blogspot, Wordpress သို့ မဟုတ် 000webhost ကဲ့သို့ သော hosting မှာ အသုံးပြုနိုင်ပါတယ်။ Fully customize မဖြစ်နိုင်သော်လည်း ဖြေရှင်းဖို့ နည်းလမ်းကောင်းတစ်ခုပါပဲ။
(၃) အကောင်းဆုံး Free ကို ပြောင်းလဲသုံးစွဲခြင်း
သည်နည်းလမ်းကတော့ ကျွန်တော်တို့ သိပ်စဉ်းစားစရာမလိုပါဘူး။ လက်ရှိ www.mongti.ning.com ကဲ့သို့ သော ဆိုဒ်မျိုးဖြစ်ပြီး သူတို့  ပေးထားသော format အတိုင်း အဆင်ပြေတဲ့အချိန်အထိ ယူသုံးနေယုံပါပဲ။
ကျွန်တော့်အနေနဲ့ ကတော့ အစတစ်ခုလုပ်ပြီးမှ နောက်ဆုတ်ဖို့ ခက်ခဲနေပါတယ်။ လက်ရှိ www.mongti.com နဲ့  www.mongti.co.cc ဒိုမိန်းကို သံယောဇဉ်ဖြစ်ပြီး မူပိုင်ဝယ်ထားလိုက်ချင်ပါတယ်။ Hosting ကိုတော့ ငွေကြေးအခြေအနေပေါ်မူတည်ပြီး ဆုံးဖြတ်သွားလိုပါတယ်။ Hosting ပါဝယ်သုံးနိုင်ရင်တော့ အကောင်းဆုံးပေါ့လေ။
နောက်တစ်ခုက website ကို မီဒီယာတစ်ခုအဆင့်ထိဖြစ်အောင် လုပ်ဖို့ ဆန္ဒရှိပါတယ်။ ကျွန်တော်တို့ ရဲ့  trade mark တစ်ခုအဖြစ်ကနေ မီဒီယာအဆင့်သို့ ရောက်အောင်သွားဖို့  အကူအညီနဲ့  အင်အားများစွာ လိုအပ်ပါတယ်။ ထို့ ကြောင့် သူငယ်ချင်း၊ မိတ်ဆွေ၊ ညီအစ်ကို မောင်နှမများ အားလုံးထံမှ အကူအညီများ၊ အကြံဥာဏ်များကို မျှော်လင့်နေပါတယ်လို့ ပြောကြားလိုပါတယ်။
လေးစားစွာဖြင့်……
Min Thu (EP 99)
မော်လမြိုင် GTI/GTC မိသားစု(Singapore)၏ ဒုတိယအကြိမ်မြောက် စုပေါင်းဘုံကထိန် ဓါတ်ပုံများ
ဒုတိယအကြိမ်မြောက် စုပေါင်းဘုံကထိန်ကို စင်ကာပူရောက် မော်လမြိုင် GTI/GTC ကျောင်းသား/သူ ဟောင်းများ မိသားစုက ၁၇-၁၀-၂၀၀၉ နေ့၊ တိုပိုင်းယိုးမြန်မာဘုန်းကြီးကျောင်းတွင် စည်ကားသိုက်မြိုက်စွာကျင်းပပြီးစီးခဲ့ပါသည်။
ကထိန်အလှူသို့ တရားနာလာရောက်ခဲ့ကြသော ဆရာ၊ဆရာမများ၊ သူငယ်ချင်းများ၊ မိတ်ဆွေများ၊ အလှူဖြစ်မြောက်ပြီးစီးအောင် အစမှအဆုံးမမောမပန်း ဝိုင်းဝန်းကူညီလုပ်ကိုင်ပေးကြသော သူငယ်ချင်းများ အားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။
လေးစားစွာဖြင့်
မော်လမြိုင် GTI/GTC ကျောင်းသား/သူဟောင်းများ (Singapore)
Tuesday, 13 October 2009
စက်တင်ဘာလ ငွေစာရင်းရှင်းတမ်း
ခင်မင်လေးစားရပါသော ဆရာ၊ဆရာမများနှင့် သူငယ်ချင်းများ
ပြီးခဲ့တဲ့ September လအတွက်ပေးပို့လှူဒါန်းထားသော အလှူငွေနှင့် ဆရာ၊ဆရာမ စာရင်းဖြစ်ပါတယ်။ Attached file ကတော့ ကျွန်တော်တို့အဖွဲ့ လက်ရှိလက်ကျန်ငွေစာရင်းရှင်းတမ်းဖြစ်ပါတယ်။
How To Come To Singapore? Part 1
ဒီ post ကတော့ စင်ကာပူကို လာပြီး အလုပ်ရှာတဲ့ သူများအတွက် ရည်ရွယ်ပါတယ်။ ဒီကို မလာခင် စင်ကာပူရဲ့ Situation နဲ့ Condition ကို အများကြီးနားလည်ထားဖို့ လိုအပ်ပါတယ်။ ကျွှန်တော်က ဒီအကြောင်းအရာ တွေကို ကျွှန်တော်နဲ့ အင်ဂျင်နီယာအသင်း မှာဆုံခဲ့တဲ့ သူငယ်ချင်း မျိုးဆက်သစ် အင်ဂျင်နီယာများက (ဒီကိုလာပြီး အလုပ်လုပ်ချင်တဲ့) သူတွေအတွက် ရည်ရွယ် ပြီးရေးထာတဲ့ ပို့စ်တစ်ခု ကို ကျွှန်တော်ဒီ မလာခင်မှာ လက်ခံရရှိပါတယ်။ ကျွှန်တော့်အတွက် အရမ်း အသုံဝင်ပြီး အကျိုးရှိပါတယ်။ ဒီမလာခင် စင်ကာပူ ဆိုတဲ့ ခပ်သေးသေးမြို့ငယ်ကိုလာပြီးအလုပ်ရှာရင် ဘယ်လိုကြိုတင်ပြင်ဆင်ပြီး လာရမလဲဆိုတာကို သိထားဖို့လိုအပ်ပါတယ်။
Saturday, 3 October 2009
Gathering Photos
လွန်ခဲ့သော စက်တင်ဘာလ ၁၃ ရက်၊ တနင်္ဂနွေနေ့ ၊ NTU Alumni Club တွင် ပြုလုပ်ခဲ့သော ပထမအကြိမ် Mon GTI/GTC ကျောင်းသူ ကျောင်းသားဟောင်းများ တွေ့ ဆုံပွဲနှင့် မိတ်ဆုံစားပွဲမှ ဓါတ်ပုံများကို ပြန်တင်ပေးလိုက်ပါတယ်။
Friday, 2 October 2009
အလှုမင်္ဂလာ ဖိတ်ကြားလွှာ
အားလုံးကို အနူးအညွတ်တောင်းပန်ပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် နောက်ကျသွားခဲ့ရသော ကထိန်ဖိတ်စာနှင့် အစည်းအဝေးမှတ်တမ်းကို အခုမှ တင်ပေးလိုက်နိုင်ပါတယ်။ ဆိုဒ်ကတော့ အပြောင်းအလဲထပ်ဖြစ်ပါပြီ။ အဆင်မပြေမှုတွေကိုလည်း တောင်းပန်ပါတယ်။ နောက်တစ်ခါ ဒီလိုထပ်မဖြစ်ပါစေနဲ့ လို့  ပဲ ဆုတောင်းနိုင်ပါတယ်။ လိုလိုပိုပို  www.mongti.co.cc ကို ကျွန်တော် mirror ဆိုဒ်အနေနဲ့ ဖန်တီးထားပါတယ်။ ဒီဇိုင်းအပြင်အဆင်ကစလို့  ပို့ စ်တွေအား လုံး တူညီအောင် လုပ်ထားပါတယ်။ မကြိုက်တဲ့သူတွေတော့ ရှိမှာပါ။ အကြံကုန် ဂဋ္ဌုန်ဆားချက်ဆိုသလိုပေါ့။ နားလည်ပေးနိုင်မယ်လို့  မျှော်လင့်ပါတယ်။
လပတ်အစည်းအဝေးမှတ်တမ်း
လပတ်အစည်းအဝေးမှတ်တမ်း(စက်တင်ဘာလ)
DSC_0503
(ငွေပို့ ချလံဖြတ်ပိုင်းပုံ)
မော်လမြိုင် GTI/GTC ကျောင်းသူကျောင်းသားဟောင်းများအဖွဲ့ (စင်္ကာပူ)ရဲ့ လပတ်ညှိုနှိုင်းအစည်းအဝေး ကို ၂၀၀၉ ခုနှစ်၊ စက်တင်ဘာလ၊ ၂၁ ရက်နေ့ တွင် စင်္ကာပူ၊ Clemeti ရှိ မအေးနန္ဒာဝင်းမောင်၏ နေအိမ်တွင် ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့  ကျောင်းသူ၊ကျောင်းသားဟောင်းများ ဖြစ်ကြသော ကိုဝင်းကျော်မိုး(93 EP)၊ ကိုအေးမင်းစိုး(92 MP)၊ ကိုသောင်းဆွေဝင်း(95 MP)၊ ကိုစောအောင်ထွန်းဦး(97 MT)၊ ကိုကျော်လွင်ဝင်း(96 MP)၊ ကိုသန်းကျော်ဦး(97 Civil)၊ ကိုအောင်ခိုင်လင်း(98 MP)၊ ကိုမင်းသူ(99 EP)၊ ကိုနိုင်ဝင်း(EC 99)၊ မဝေဝေနွယ်(97 MT)၊ မစုမာဝင်း(97 Civil)၊ မအေးနန္ဒာဝင်းမောင်(98 Civil)၊ မရည်မွန်သောင်း(98 Civil)၊ မအိအိခိုင်((98 EP)၊ မကြေးမုံဝင်း(99 EP) စသူတို့  ၁၅ ဦးတက်ရောက်ခဲ့ကြပါသည်။
စက်တင်ဘာလအတွက် အလှုငွေကောက်ခံခြင်း
သက်ဆိုင်ရာမေဂျာကိုယ်စားလှယ်များမှ ကောက်ခံရရှိသော အလှုငွေများကို ဘဏ္ဍာထိန်း မဝေဝေနွယ်ထံသို့ ပေးအပ်ခဲ့ကြပါတယ်။ မဝေဝေနွယ်မှ Update ငွေစာရင်းကို သူငယ်ချင်းများအားလုံးထံသို့  Email မှတဆင့် ပေးပို့ သွားမည်ဖြစ်ပါသည်။ Email လက်ခံရရှိချိန်တွင် ငွေစာရင်းကို အချိန်ပေးကြည့်ရှုပေးဖို့ တိုက်တွန်းလိုပါတယ်။
ကန်တော့ခံဆရာ၊ဆရာမများရွေးချယ်ခြင်း
ယခုလအတွက် ရွေးချယ်ခဲ့သော ဆရာ၊ဆရာမ စာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
၁။ ဒေါ်မီမီမျိုးသူ (Academic)
၂။ ဒေါ်အေးအေးမြင့် (Civil)
၃။ ဦးကျော်ဝေ (EP)
၎။ ဦးမောင်မောင်လူသန့် (EC)
၅။ ဦးသန်းနိုင် (MP)
၆။ ဦးထင်အောင် (MT)
ကျောင်းအုပ်ကြီးနှင့် ဆရာ၊ဆရာမလူဦးရေ ထပ်မံတိုးခြင်း
ကျောင်းအုပ်ကြီး(၃)ဦးနှင့် ဆရာ၊ဆရာမ(၅)ဦးကို ကန်တော့ခံ စာရင်းတွင် ထပ်မံထည့်သွင်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ကျွန်မတို့ ရဲ့  ယခင်အတည်ပြုထားသော မူအရ ၁၉၉၅ မှ ၂၀၀၄ ခုနှစ် အတွင်း ကျောင်းတွင်သုံးနှစ်ဆက်တိုက် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ရမည်ဆိုသော နေရာတွင် ၁၉၉၅ မတိုင်ခင်နှစ်များမှ ဆရာ၊ဆရာမများအား တိုးချဲ့ ထည့်သွင်းရန်ဖြစ်ပါသည်။
Mon GTI/GTC ကျောင်းသူကျောင်းသားဟောင်းများ ဒုတိယအကြိမ်ကထိန်သင်္ကန်း ကပ်လှုရန်ဆွေးနွေးခြင်း
ဒုတိယအကြိမ် ကထိန်သင်္ကန်းအလှုကို ၁၇-၁၀-၂၀၀၉ စနေနေ့ တွင် တိုးပါးရိုးမြန်မာဘုန်းကြီးကျောင်းတွင် ပြုလုပ်ဖို့  စဉ်းစားဆုံးဖြတ် ဖြစခဲ့ပါတယ်။ အလှုငွေများထည့်ဝင်လှုဒါန်းလိုသူများ နီးစပ်ရာ ကိုယ်စားလှယ်များထံသို့  ကုသိုလ်ယူ လှုဒါန်းပါဝင်နိုင်ကြပါတယ်။
စာရေးသူအမှာ
အစည်းအဝေးတက်ရောက်လာပြီး ဝိုင်းဝန်းတိုင်ပင်ဆွေးနွေးပေးခဲ့ကြသော သူငယ်ချင်း၊ ညီအစ်ကိုမောင်နှမများအားလုံးကို အထူး ကျေးဇူးတင် ပါတယ်။ မိမိတို့ နှင့် နီးစပ်သော ၁၉၉၅ ခုနှစ်မတိုင်ခင် တာဝန်ထမ်းဆောင်သွားခဲ့ကြသော ဆရာ၊ဆရာမများကို နာမည်၊ နေရပ်လိပ်စာများ သိရှိပါက စာရင်းပေးသွင်းကြပါလို့ တိုက်တွန်းလိုပါတယ်။ ကထိန်အလှုနေ့ ကိုလည်းလာရောက်ပြီးကုသိုလ်ယူဖို့  ခင်မင်ရင်းနှီးစွာ ဖိတ်ခေါ် လိုက်ပါရစေ ရှင်။
လေးစားစွာဖြင့်…….
မကြေးမုံဝင်း(EP,99)
Thursday, 1 October 2009
ည၊ အိပ်မက်ဆိုးနှင့် စကားလုံးမရှိတဲ့ကျွန်တော်
တကယ်ပါပဲဗျာ။
အဲဒီညမှာမှ ကျွန်တော် အိမ်မက်ဆိုးတစ်ခု မက်ခဲ့တယ်။ အစိမ်းရောင် ငှက်ဆိုးက ကျွန်တော့် ရင်ဝ တည့်တည့်ကို ပန်နတီဘောလုံး ကန်သလို စောင့်ကန်ထည့်လိုက်တယ်။ ကောင်းလိုက်တဲ့ကန်ချက် ဂိုးတိုင်နှစ်တိုင်ကြားထဲ တန်းကနဲပဲ။ ဘယ်ကနေဘယ်လို ဖမ်းရမယ်တောင် မသိလိုက်ဘူး။ အဲဒီဂိုးဝင်ပြီးတဲ့နေ့ ကစပြီး အမှောင်ကျသွားလိုက်တာ ကိုယ့်ကိုကိုယ်တောင် မနည်းကုန်းရုန်း ပြန်ရှာလိုက်ရတယ်။ မျက်လုံးဖွင့်ကြည့်လိုက်တိုင်း အစိမ်းရောင်ငှက်ဆိုးက ဓါးကြီးမိုးပြီး မာန်ဖီနေလိုက်တာ။ မနေနိုင်လို့  ကျွန်တော်တောင် လှမ်းဆဲလိုက်သေးတယ်။ သေချင်းဆိုး ငှက်ဆိုးလို့ ။
မဆီမဆိုင်ဗျာ။ သူတို့ ဟာသူတို့  ဘာသာရေးစစ်ပွဲ ဆင်နွှဲတာ ကျွန်တော့်တို့ ကိုလာ ထိတယ်။ ကိုယ့်ဟာကို သီးသန့်  နေနေတဲ့ဟာ။ အင်းပေါ့လေ။ ကမ္ဘာ့ ရွာကြီးထဲမှာမှ ကိုယ်က လှိုင်းသွားစီးမိ လိုက်တာကိုး။ လှိုင်းတွေကြားထဲမှာ အကိုင်အတွက်မတတ်တော့ စုန်းလုံးကို မြုပ်ရော။ မှီရာတော့ ကုန်းကောက်လိုက်သေးပါတယ်။ ဒါပေမယ့် အားလုံး သုံးလို့ ကို မရတော့ဘူး။
ဒီလိုနဲ့  " ငါ့ ဒိန်ခဲတွေ ဘယ်သူနေရာရွှေ့ လိုက်သလဲ" လို့  အားရပါးရ လှမ်းအော်လိုက်မိတယ်။
ပြောပြချင်ပါတယ်။ ဒါပေမယ့် ပြောစရာစကားလုံးတောင်ရှာမရဘူး။ ဒီလို ခံစားမှုမျိုး ရည်းစားနဲ့ ကွဲပြီး အသည်းကွဲခဲ့ဖူးတွေ နားလည်ပါလိမ့်မယ်။ ခင်ဗျားတို့  ချစ်တဲ့ ရည်းစားပတ်သက်တာတွေ တစ်ခုမှ ပြန်မနိုင်တော့ဘူးဆိုရင် ဘယ်လိုခံစားရမလည်း။ ကျွန်တော်လည်း ကိုယ်ဖန်တီး ထားတာတွေ တစ်ခုမှပြန်မရတော့ဘူးလို့ ဆိုတဲ့အချိန်မှာ ကမ္ဘာပျက်လုမတတ် ခံစားရတယ်။ တကယ်ပါ ဖွင့်ဆိုရှင်းပြဖို့  စကားလုံးမရှိဘူး။
(အထက်ပါစာကို ကျွန်တော်စိတ်ပေါက်ပေါက်နဲ့ ရေးပါတယ်။ ပြီးခဲ့တဲ့ စနေနေ့ ကစပြီး ဆိုဒ်ကို ၇၈၆ ဟက်ကာတွေ တိုက်လို့  hosting server က ဒေတာတွေ သုံးစားမရတော့လို့ ပါ။ ကျွန်တော်နဲ့ ကိုကျော် တို့ အတတ်နိုင်ဆုံး ဖြေရှင်းဖို့ ကြိုးစားပါသေးတယ်။ ဒါပေမယ့် အကောင်းဆုံး အဖြေက အသစ်လုပ်ပါဆိုတော့ ယခုလို မြင်နေရတာပါ။ အားလုံး နားလည် စာနာပေးနိုင်မယ်လို့  မျှော်လင့်ပါတယ်။ ကျန်နေသေးတဲ့အပိုင်းတွေကို အမြန်ဆုံး ပြီးအောင် ကြိုးစားသွားမှာပါ။ အခုတော့...)
Wednesday, 29 April 2009
သင်္ကြန် အတွက်ကောက်ခံရရှိခဲ့တဲ့ အလှူငွေစာရင်း
ခင်မင်လေးစားရပါသောသူငယ်ချင်းများ
၂၀၀၉ သင်္ကြန် နဲ့ ပက်သက်ပြီး အသိပေးတင်ပြ ရမယ့် စာရင်းဇယားတွေ အကြောင်းအရာတွေ ရှိနေပါသေးတယ်။ ကျွန်တော့် ဖက်က မအားလပ်မှု့တွေကြောင့်  နောက်ကျ အသိပေးဖြစ်တာကိုတော့ အနူးအညွတ်တောင်းပန်ပါတယ်။
Monday, 20 April 2009
Books Hive E-books Sharing Site
ဟိုတလောက ကိုမြိတ်ပေးတဲ့ လင့်ကနေဆိုဒ်တစ်ခုကို စမ်းဝင်ကြည့်မိတယ်။ Ebooks Sharing Site ပါ။ သာမန်အားဖြင့် ကျွန်တော် စာအုပ်ရှာချင်ရင် PDF search engine ဒါမှမဟုတ် Scribd ဒါမှမဟုတ် Forum ထဲ ဝင်ရှာဖြစ်ပါတယ်။ English Version တွေတော့ အတော်အတန်အဆင်ပြေပါတယ်။ ဒါပေမယ့် မြန်မာစာအုပ်စာပေတွေတော့ Blog တွေရဲ့ အညွှန်းတွေကိုပဲ အားကိုးနေရတယ်။
အခုဆိုဒ်ကတော့ ကျွန်တော်ပြောနိုင်တဲ့ ကောင်းတယ်ဆိုတာထက် ပိုကောင်းတာတွေ့ ရတယ်။
Sunday, 19 April 2009
Mon GTI/GTC/GTU ဆုံဆည်းရာနှင့်ပတ်သတ်၍
Mon GTI/GTC/GTU ဆုံဆည်းရာ နှင့်ပတ်သတ်၍ ကျွန်တော်ပြောစရာလေးတစ်ခုရှိပါတယ်။
ယခုအချိန်ထိ ကျွန်တော်တို့ ဆီကို member registration လုပ်တာ 142 ဦးရှိပါပြီ။ စိတ်ပါဝင်စားကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ထပ်မံလည်း ခေါ်ဖိတ်အပ်ပါတယ်။ ဒါပေမယ့် အခုတလော ကျွန်တော့စိတ်ထဲမှာ သံသယဖြစ်နေတာ တစ်ခုက တစ်ချို့ မင်ဘာတွေဟာ ကျွန်တော်တို့  ကျောင်းကမဟုတ်ဘူးလို့  ခံစားမိတယ်။
အစကတော့ အားလုံးအဆင်ပြေအောင် စည်းကမ်းချက်တွေ မလုပ်တော့ဘူးလို့  စဉ်းစားထားပေမယ့် နောက်ပိုင်းမလိုအပ်သော ပြဿာနာတွေ မဖြစ်လာအောင် တစ်နည်းနည်းနဲ့ လုပ်ကြည့်ဖို့ စဉ်းစားမိပါတယ်။ ကျွန်တော်တို့ ကျောင်းက ကျောင်းသားဟောင်း၊ ကျောင်းသားအသစ်များမှလွဲရင် တခြားသူတွေကို ပယ်ဖျက်လိုက်ပါမယ်။ ထို့ ကြောင့် အချက်အလက်တစ်ချို့ ကို ကျွန်တော့ဆီ (သို့ ) မိမိ ကိုယ်ပိုင်စာမျက်နှာများတွင် ရေးသားတင်ပြပေးကြပါလို့  မေတ္တာရပ်ခံပါတယ်။
၁။ နာမည်ကို မူရင်း(သို့ ) တစ်ခြားပေးနိုင်ပါတယ်။ မူရင်းဖြစ်ရင်ပိုကောင်းပေမယ့် သင့်တော်သော Nick name များကိုလည် အဆင်ပြေသလို ပေးနိုင်ပါတယ်။ (သူငယ်ချင်းများမှတ်မိရန် ရည်ရွယ်၍)
၂။ မိမိရဲ့ မေဂျာ၊ ကျောင်းပြီးတဲ့ခုနှစ်(သို့ ) လက်ရှိကျောင်းတက်နေဆဲ စသည်ဖြင့် ဖော်ပြပေးလိုပါတယ်။
၃။ မွေးနေ့ သက္ကရာဇ်များကိုတော့ Register လုပ်ရင် အမှန်ဖြည့်ပေးပါ။ အသက်မဖော်ပြချင်ရင်လည်းရပါတယ်။ Show my birthday ကိုတော့ Click လုပ်ထားစေချင်ပါတယ်။ ဒါမှ သူငယ်ချင်းတွေ မွေးနေ့ ဆုတောင်းပေးပို့ နိုင်ပါလိမ့်မယ်။
၎။ ဓါတ်ပုံများကိုတော့ profile တွင် မိမိပုံတင်စေလိုပါတယ်။ Photo Album ထဲမှာတော့ မိမိနှင့်သက်ဆိုင်သော၊ ကျောင်းသားဘဝ၊ လက်ရှိဘဝ၊ (သို့ ) မိမိဒေသ၊ ကျောင်းနှင့်သက်ဆိုင်သော ပုံများကိုသာ တင်စေလိုပါတယ်။ မလိုအပ်၊မသင့်တော်သော ပုံများကို ပယ်ဖျက်ရပါလိမ့်မယ်။
၅။ ယနေ့ မှစ၍ ကျွန်တော်သံသယဖြစ်သော Member များကို Pravite Message ပေးပို့ ၍ အသိပေးအကြောင်းကြားသွားပါမည်။ တစ်လအတွင်း ကျွန်တော်ထံသို့  နာမည်ရင်း၊ မေဂျာ၊ ကျောင်းတက်ခုနှစ်များကို ပြန်လည် မဖြေကြားပေးနိုင်သော Member များအား စာရင်းမှ ပယ်ဖျက်ရပါလိမ့်မည်။
နှစ်သစ်မှာ သူငယ်ချင်းများအားလုံး ပျော်ရွှင်နိုင်ပါစေ။
မိမိတို့ ၏ စိတ်ကူး၊ အကြံဥာဏ်များလည်း ဆွေးနွေးပြောဆိုနိုင်ကြပါစေ ခင်ဗျာ။
Friday, 17 April 2009
မေ့မောင်ပေးတဲ့ပိတောက်
padaukwar-2-785736
ပိတောက်ပင်တွေအစိမ်းရောင်အုပ်အုပ်လေးတွေကြားကို
ကျွန်မရောက်စတုန်းက မှတ်မှတ်ရရ အခြေခံအထက်တန်း
ကာလကျော်လွန်ကာစမှာပေါ့.........
သိပ်ကြည်နူးခဲ့ရတဲ့ ဂျီတီအိုင်ကျောင်းတက်ခွင့်ရစအချိန်လေး
မှာ ကျွန်မကိုပိတောက်ပင်တောထဲမောင်ခေါ်သွားခဲ့ဖူးတယ်....
“သိပ်ချစ်ပါတယ်”ဆိုတဲ့စကားလုံးကိုရိုးရိုးရှင်းရှင်းလေးပဲပြောခဲ့တုန်းကပိတောက်ပင်တွေအားလုံး
ရွှေရောင်အပွင့်လေးတွေဝေဆာနေတုန်းကာလကပါ.......
ကျွန်မအရမ်းပျော်ရွှင်ခဲ့ရပါတယ်......အချစ်ဆိုတာကိုဘာမှန်းမသိသေးပေမယ့် ကြည်နူးခွင့်ကို
မောင်ကပေးစွမ်းခဲ့တာကြောင့်ပေါ့.....သိပ်ကျေးဇူးတင်ခဲ့ပါတယ်.......အပျိုစင်ရဲ့ရင်ခုန်သံတွေ
အားလုံးကိုဒရောသောပါးပုံစံမကျခံစားစေခဲ့အောင်သိမ်းသွင်းခဲ့တဲ့မောင့်ချစ်စကား၊အမူအရာ
တွေအားလုံးကို မျက်လုံးစုံမှိတ်ပြီးခံစားလိုက်တာနဲ့ လတ်ဆတ်နေခဲ့တာပါ......
အခုလည်းကျွန်မ ပိတောက်ပင်က ရွှေဝါရောင်ပန်းရနံ့တွေကို ရှူရှိုက်မော်ကြည့်ရင်း၊ အဝေးက
သင်္ကြန်သီချင်းသံသဲ့သဲ့နဲ့ ရေပက်ခံကားတွေရဲ့ အပျော်သံစဉ်တွေကိုနားစိုက်ထောင်ရင်း မောင့်
ကိုသတိရနေမိပါတယ်.....
Monday, 13 April 2009
စင်္ကာပူ သင်္ကြန်ဓါတ်ပုံ
ကင်မရာမင်း(ကိုကျော်လွင်ဝင်း)ဆီက ဓါတ်ပုံတွေ ရရခြင်း ရွေးပြီး တင်လိုက်ပါတယ်။ အားလုံးလိုလို ပါမယ်လို့ ထင်ပါတယ်။
ကျေးဇူးတင်စကားကိုတော့ နောက်မှ ကိုသောင်းဆွေဝင်း(သို့ ) မနန္ဒာကနေ ပြောပါလိမ့်မယ်။ ငွေစရင်းချုပ်ပြီးသွားရင်ပေါ့။
ကျွန်တော့အနေနဲ့ တော့ မြင်တာတွေ့ တာ ခံစားရတာ နည်းနည်းလောက်တော့ ပြောချင်ပါတယ်။ ဓါတ်ပုံတွေ ကြည့်ပြီး ကျွန်တော်တို့  တကယ်ပျော်နေကြတာ တွေ့  ရတယ်။ တစ်ချို့ တွေ အရမ်းပင်ပန်းနေကြပါတယ်။ ဒါပေမယ့် တကယ်ပျော်နေကြတယ်။
စင်္ကာပူ life stlye က တကယ့်ကို stress ဖြစ်ပါတယ်။ ကိုယ်ပိုင်အချိန်တွေ၊ လူမှုရေးတွေ အရမ်းကို ရှားပါးနေကြပါတယ်။ ဒီလိုကြားထဲမှာမှ ဒီလိုအစီအစဉ်လေး ဖြစ်အောင် ကြိုးစားကြတာတွေဟာ တော်တန်ရုံစိတ်တူညီမှုတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ ပိုပြီး harmony ဖြစ်လာတယ်လို့  ထင်မိပါတယ်။ ဒါလေးပါပဲ။
ဓါတ်ပုံလေးတွေ ခံစားကြည့်ကြပါ။ မူရင်း Album ကို ဒီနေရာမှာ ကြည့်ရှုနိုင်ပါတယ်။
အားလုံးပျော်ရွင်ကြပါစေ။
1st Thingyan
Saturday, 11 April 2009
ဆက်လက်ကြိုးစားသွားကြရအောင်
ခင်မင်လေးစားရပါသောသူငယ်ချင်းများ
ယခု March လအတွက်ကောက်ခံ ရရှိ ပြီးသော ငွေနှင့်စာရင်းဖြစ်ပါတယ်။
အချို့သော သူငယ်ချင်းများ အဆင်မပြေ ၊ အချို့သော သူငယ်ချင်းများ အဆက်သွယ်ပြတ်၊
အချို့သော သူငယ်ချင်းများရန်ကုန်ပြန်၊ အချို့သော သူငယ်ချင်းများ မအားလပ်
အချို့သော သူငယ်ချင်းများ -------------------
ဒီလိုနဲ့ အင်အား အနည်းငယ်ကျဆင်းလျှက်ရှိပါတယ်။
ကျွန်တော်ကိုယ်တိုင်လည်း မိသားစုကိစ္စနဲ့ ပျာယာခတ်နေရင်း တာဝန်တွေလစ်ဟင်းခဲ့ပါတယ်။
( ကိုစောအောင်ထွန်းဦ၊ မအေးနန္ဒာဝင်းမောင်၊ကိုမင်းသူ၊မဇာဇာထွန်း၊ မကြေးမုံဝင်း၊ မနွယ်ဇင်နှင်း၊ ကိုကျော်လွင်ဝင်း၊ မအိအိခိုင်၊ မဝေေ၀နွယ်၊ကိုအောင်ခိုင်လင်း၊ ကိုဝင်းသန့်၊ ကိုသန်းကျော်ဦး၊
မခင်ထိပ်တင်၊ ကိုစောမောင်မောင်ချို .........တို့ကတော့ Singapore မှာ အချိန်တွေ အရမ်းရှားပါးတဲ့ ကြားထဲက ကိုယ်ရေးကိုယ်တာတွေ နည်းပါးစွာဖြင့် တော်တော့်ကိုပဲ လုပ်နိုင်-ကိုင်နိုင်- ကြိုးစားနိုင်ကြပါတယ် )
ရှိထားပြီးသော email address များအပြင်နောက်ထပ် ထပ်မံဖြည့်သွင်းထားသောသူငယ်ချင်းများ
ဆရာ/ဆရာမများ ကျောင်းအုပ်ဆရာကြီးများ ထံသို့ လည်း နီးစပ်ရာ forward ဆက်လုပ်ပေးစေချင်ပါတယ်။
အခုဆိုရင် ကျွန်တော်တို့ တစ်နှစ်ပြည့်ခဲ့ပါပြီ ။ လုပ်နိုင်သမျှလေးလုပ်ရင်းနဲ့ ဆရာ ဆရာမ ဆရာကြီးများအားလုံး ( ၆၇ ဦး = ငွေကျပ် ၆၇ သိန်း ၀န်းကျင် ) ကို ပေးပို့ကျေးဇူးဆပ်ပြီးပါပြီ။
(အချို့သော ဆရာ ဆရာမ များ ဆက်သွယ်မရ သေး`၍ ကျန်နေသေးပါတယ်)
အလှူငွေ Balance Sheet( before March 15 ,2009 ) လည်းအောက်မှာ Attached လုပ်ထားပါတယ်။
ဆရာ ဆရာမ များကို အမှူးထားပြီး-ပြီးခဲ့တဲ့နှစ်က လည်းကထိန်ပွဲကျင်းပ လှူဒါန်းဖြစ်ခဲ့ပါတယ်။
ယခု လာမည့် Sunday တွင် Singapore Toa Payoh ဘုန်းတော်ကြီးကျောင်း မှာပြုလုပ်မည့် သင်္ကြန်ပွဲ တွင်လည်း ကော်ပြန့်စိမ်း ကျွေးမွေးလှူဒါန်း ရန်ရှိပါတယ်။အားလုံးကို ဒီနေရာကပဲ ဖိတ်ခေါ်လိုက်ပါတယ်။
အခြားသူတွေကိုလည်း တိုက်တွန်းရင်း ၊ ကိုယ့်ကိုယ်ကို လည်း မာန်တင်းရင်း
ဆက်လက်ကြိုးစားသွားကြရအောင်ပါ။
လေးစားစွာဖြင့်
သောင်းဆွေဝင်း
Tuesday, 7 April 2009
A guide for foreign workers (4)
နိုင်ငံခြားသားအလုပ်သမားများအတွက် လမ်းညွှန်
အပိုင်း(၄)
အလုပ်လုပ်ကိုင်ရာတွင် လိုက်နာဆောင်ရွက်ရမည့် စည်းမျဉ်းစည်းကမ်းများ
အိမ်မှုကိစ္စများဆောင်ရွက်သည့် အလုပ်သမားများ
အိမ်မှုကိစ္စများဆောင်ရွက်ရန် လာရောက်အလုပ်လုပ်ကြသည့် နိုင်ငံခြားသားအလုပ်သမားများ(Foreign Domestic Workers-FDW)သည် နိုင်ငံခြားအလုပ်သမားများဆိုင်ရာ အက်ဥပဒေအပါအဝင် ပြဌာန်းထားသည့် အခြားသောဥပဒေများအရ လိုအပ်သော အကာအကွယ်ပေးမှုများ ခံစားခွင့်ရရှိရပါမည်။
တိုပါးရိုးဘုန်းကြီးကျောင်း စတုဒီသာအလှုပွဲ
thingyan
စင်္ကာပူရောက် ရွှေမြန်မာများနှစ်စဉ်နှစ်တိုင်းဆင်နွှဲနေကြဖြစ်သော တိုပါးရိုးဘုန်းကြီးကျောင်း သင်္ကြန်ပွဲနှင့် စတုဒီသာအလှုတွင် ကျွန်တော်တို့  Mon GTI/GTC /GTU ကျောင်းသူကျောင်းသားဟောင်းများ အဖွဲ့ မှ ကော်ပြန့် စိမ်းကျွေးမွေးလှုဒါန်းရန် စီစဉ်ထားပါသည်။ ယခုအချိန်ထိ အလှုငွေများကို နီးစပ်ရာသူငယ်ချင်းများစုစည်းကောက်ခံပြီးသော်လည်း ဆက်လက်၍ ထပ်မံပါဝင်လှုဒါန်းနိုင်ပါသည်။
လာမည့်စနေနေ့ တွင် ဈေးဝယ်ရန်စီစဉ်ထားပြီး ချက်ပြုတ်ရန် Clementi အဖွဲ့ နှင့် Toa Payoh အဖွဲ့ နှစ်ဖွဲ့ တာဝန်ယူထားပါသည်။ အကူအညီများစွာ လိုအပ်နေဆဲဖြစ်ပြီး နီးစပ်ရာနေရာများတွင် ဝိုင်းဝန်းကူညီနိုင်ပါသည်။ အလှုနေ့ ဖြစ်သော (၁၂-၃-၂၀၀၉) တနင်္ဂနွေနေ့ နံနက် (၆း၀၀)တွင် ဘုန်းကြီးကျောင်းသို့  အရောက်လာပြီး ကော်ပြန့် စိမ်းများ ဝိုင်းဝန်းကူညီပြုလုပ်ပေးရန်လည်း လိုအပ်နေပါသည်။
ကျွန်တော်တို့ ကျောင်းတော်ရင်ခွင်တစ်ခုတည်းမှ ထွက်ပေါ်လာသော သူငယ်ချင်း၊ညီအစ်ကို၊မောင်နှမများ အားလုံး တစ်တက်တစ်အား ဝိုင်းဝန်းပါဝင်ကြပါရန် တိုက်တွန်းအပ်ပါသည်။
လုပ်အား၊ လူအား၊ ငွေအားဖြင့် ပါဝင်လှုဒါန်းလိုသူများ အောက်ပါဖုန်းနံပါတ်များသို့  ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြပါသည်။
၁။ ကိုသောင်းဆွေဝင်း (၉၃၃၈၂၈၈၇)
၂။ မအေးနန္ဒာဝင်းမောင် (၉၁၀၈၇၈၁၅)
၃။ ကိုမင်းသူ (၉၁၀၉၄၆၅၇)
၎။ ကိုသန်းကျော်ဦး (၉၀၂၅၂၅၉၆)
၅။ မဇာဇာထွန်း (၉၄၂၄၈၆၁၅)
၆။ မအိအိခိုင် (၉၁၁၂၀၉၈၂)
၇။ ကိုကျော်လွင်ဝင်း (၉၃၈၃၇၃၂၄)
Sunday, 5 April 2009
A guide for foreing worker(3)
နိုင်ငံခြားသားအလုပ်သမားများအတွက် လမ်းညွှန်
အပိုင်း(၃)
အလုပ်လုပ်ကိုင်ရာတွင် လိုက်နာဆောင်ရွက်ရမည့် စည်းမျဉ်းစည်းကမ်းများ
နိုင်ငံခြားအလုပ်သမားများ
အလုပ်သမားတစ်ဦးအနေဖြင့် သင်ရရှိမည့် အခွင့်အရေးများနှင့် သင်၏တာဝန်ဝတ္တရားများအား သိရှိထားရန်လိုအပ်ပါသည်။ အောက်ပါ ကဏ္ဍများပါဝင်သော အလုပ်ကန်ထရိုက်တစ်စောင်ကို သင်နှင့် သင်၏ အလုပ်ရှင်တို့  အကြား ချုပ်ဆိုထားသင့်ပါသည်။
Monday, 30 March 2009
တန်ခူးအခါလွမ်းစရာ
ဟိုးခပ်ဝေးဝေးက မမြင်ရတဲ့တနေရာမှာ
ရနံ့လေးသင်းနေတယ်...
ချစ်ရတဲ့မြေ အမိပြည်ကိုလွမ်း
တမ်းတိုင်းတမိတာ အတာကူးတဲ့တန်ခူး
လိုက်ဖက်ညီတဲ့ပိတောက်
သူရောကိုယ်ရောနမ်းခဲ့ဖူးတယ်...
Saturday, 28 March 2009
အမှတ်တရ မတ် ၂၂
(အမှန်တော့ ဒီပို့ စ်လေးကို မနန္ဒာက မတ်လ(၂၂)ရက်နေ့ ကိုသောင်းဆွေဝင်းမွေးနေ့ အထိမ်းအမှတ်ရေးခဲ့တာပါ။ ဒီဖက်ဆိုဒ်မှာလည်း ရှိသင့်တယ်ထင်လို့  တင်လိုက်ပါတယ်။)
၂၀၀၆ ခုနှစ် တိုပါးယိုးဘုန်းကြီးကျောင်းမှာ ကျင်းပတဲ့ မြန်မာနှစ်သစ်ကူး သင်္ကြန်။
စင်ကာပူရောက်ခါစ မို့ အရမ်းအံ့သြပြီးအရမ်းကို ပျော်ခဲ့ရတဲ့ သင်္ကြန်ပါ။ ရေခြားမြေခြားပေမယ့် အမူအကျင့်နဲ့ သဒ္ဒါတရားမခြားနိုင်ခဲ့တဲ့ မြန်မာတွေရဲ့ချစ်စရာ စိတ်ဓာတ်အတွက် အရမ်းကိုဂုဏ်ယူခဲ့မိတယ်။ ရေစိုစိုနဲ့ စတုဒီသာကျွေးတဲ့ ရိုးရာမုန့်တွေကို စိတ်တိုင်းကျ အားရပါးရ စားနေတုန်း 'ဟဲ့ကောင်မလေး ငါ့ကို မှတ်မိလား ' ဆိုတဲ့အသံကြောင့် လှမ်းကြည့်မိလိုက်တော့....။ အင်း မှတ်မိတာပေါ့ ဘယ်လိုမေ့မှာလဲ ကျောင်းတုန်းက နာမည်ကျော် ဂျင်းဘောင်းဘီပဲအမြဲဝတ်ပြီး လမ်းသလားနေကျ လူကြီးလေ။ ကျောင်းတုန်းကဆို စကားတောင်တစ်ခွန်းမှ ပြောဖူးတာမဟုတ်ဘူး။ ဒါပေမယ့် ကိုယ့်အမိကျောင်းတော်ကြီးကမွေးပြီး ဒီလိုနေရာမှာ ပြန်လာတွေ့ခွင့်ရတော့ ဘာပဲပြောပြော ၀မ်းသာမိခဲ့တယ်။ ဖုန်းနံပါတ်တွေဘာတွေ ပေးပြီး အဲဒီလူကြီးက ငါတို့ကျောင်းက နောက်ထပ်ကောင်မလေးတစ်ယောက်လည်း ငါတွေ့လိုက်တယ်တဲ့။ ဟုတ်ပါတယ် နန္ဒာလည်း တွေ့ပြီးပါပြီ။ B Tech မှာ အတန်းတူခဲ့တဲ့ သင်းယုဆွေ ပါ။ အဲဒါနဲ့ပဲ ဘာမှဆက်မပြောဖြစ်ကြပဲ အဆက်အသွယ် ပြတ်သွားလိုက်တာ မရွှေဇာ ကျောင်းတက်ခွင့်ရတယ်ဆိုတဲ့ အကြောင်းလှမ်းအကြောင်းကြားမှပဲ ပြန်ပြီး အဆက်အသွယ်လုပ်ဖြစ်ကြပါတယ်။ နောက်ပိုင်းကျတော့ ဒီလိုပဲ တခါတလေ ဖုန်းပြောဖြစ်ကြပေမယ့် မထူးဆန်းတဲ့အကြောင်းအရာတွေပါ။ နောက်ထပ်အရှုပ်ထုပ်လေး ဇော်ရှင်း ကျောင်းတက်ခွင့်ရတော့ ပိုပြီး ဆုံဖြစ်ခဲ့ကြတယ်။ နောက်ထပ်ပိုပြီး သိခွင့်ရခဲ့တဲ့ အဲဒီလူကြီးရဲ့ အကြောင်းကတော့ မော်လမြိုင် GTI ကနေ ဘွဲ့ရခဲ့ပြီး စင်ကာပူမှာ ကျောင်းဆက်တက်နေခဲ့တဲ့ ကျောင်းဆက်တက်ခွင့်ရအောင်ကြိုးစားခဲ့ကြတဲ့ ကျွန်မတို့ အတွက် သူက အရမ်းကိုဂုဏ်ယူနေခဲ့တာတဲ့လေ။
(ဆက်လက်ဖတ်ရှုရန် more ကိုနှိပ်ပါ။)
Monday, 23 March 2009
ဓါတ်ပုံသတင်း
မွန်ပြည်နယ်၊မော်လမြိုင်မြို့ နယ်၊ ရိုးဂိုးရွာရှိ ကျိုက်ရိုးဂိုးစေတီတော်မြတ် ရောင်ခြည်တော်ကွန့် မြူးခြင်း(၂၀၀၈ခုနှစ်)
e18280b
b2